Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Sunday
Feb 25th
Home သတင်း ဆူနာမီး ၂၀၁၀ မစ်ရှင်ခရီးမှတ်တမ်း

ဆူနာမီး ၂၀၁၀ မစ်ရှင်ခရီးမှတ်တမ်း

E-mail Print PDF



ယုဒဿန်အသင်းတော် သင်းအုပ် ဆရာသြဂတ်စတတ်နှင့် အဖွဲ့ ၂၂ဦး၊ ထိုင်းနိုင်ငံဆူနားမီး မြန်မာမစ်ရှင်အဖွဲ့ ဒီဇင်ဘာ ၆-၁၁ တစ်ပတ်ခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ရာဘာခြံများ၊ တငါရွာ၊ လယ်ယာလုပ်ကိုင်ကြသော မြန်မာများရှိရာသို့ ကားနှစ်စီးဖြင့် လှည့်လည်၊ ကြည့်ရှု၊ တောရွာများ၊ သူတို့နေအိမ်များတွင် အတူညအိပ်ခရီးစဉ်ဖြစ်ပါသည်။

ယခင်က ထိုင်းနိုင်ငံမဲဆောက် ဒုက္ခသယ်များထံ နှစ်စဉ်သွားရောက်ခဲ့သော်လည်း ထိုဒုက္ခသည်များမှာ အနောက်နိုင်ငံများသို့ ရောက်ရှိသွားပြီးဖြစ်၍၄င်း အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသမစ်ရှင်ကို ဆက်လက်မလုပ်နိုင်ပဲ ပြည်ပဧ၀ံဂေလိခရီးစဉ်အဖြစ် ဆူနာမီမစ်ရှင်ကို ၂၀၀၆ အိမ်ထောင်ရှင်အမျိုးသမီးတစ်စုနှင့် စတင်ခဲ့ပါသည်။ ယခုအခါ နှစ်စဉ် ဒီဇင်ဘာလတွင် သွားရောက်မိတ်သဟာရပြုလျှက်ရှိပါသည်။

၂၀၀၇ နာဂစ်မုန်တိုင်းမှ စတင်လုပ်ဆောင်ခဲ့သော မြန်မာပြည်တွင်း နာဂစ်မိဘမဲ့ကလေးများ၊ ပုဂံမြေလတ်၊ ရှမ်းပြည်၊ ၀သာသနာ စသည်တို့ကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။ ယခု ထိုင်နိုင်ငံခရီးစဉ်တွင် မြန်မာပြည်မြေလတ်သာသနာ ဆရာမအိအိထင် နှင့် ဆရာမလှလှဝင်း၊ မြန်မာပြည်မစ်ရှင်အသင်းတော် တာဝန်ခံ ဆရာဂျူဝယ် တို့လည်း အတူလိုက်ပါခဲ့ကြပါသည်။

ယခုနှစ် ထိုင်းနိုင်ငံခရီးစဉ်တွင် မိသားစုပေါင်း ၁၅၀ အတွက် တစ်စုလျှင် လက်ဆောင်ထုတ် စင်ကာပူ၁၀ဒေါ်လာနှုံးဖြင့် ဆန်၊ဆီ၊ဆား အထုတ်ကလေးများကို ဝေငှပေးပြီး၊ ရွာသားများကို ငွေကြေးပေးကာ သူတို့စိတ်တိုင်းကျ ချက်ပြုတ်ကြွေးမွေးစေပါသည်။ သူတို့ ကြိုက်နှစ်သက်သော ဘိတ်၊ထားဝယ်မြန်မာများ၏ အစားအစာများကို အားရပါးရစားသောက်ခဲ့ပါသည်။ ခြင်၊ ဖြုတ် ကိုက်သောနေရာတွင် အမျိုးသမီးများက အိမ်အတွင်း၊ အမျိုးသားများက အိမ်အပြင်တွင် အချို့ ကားပေါ်တွင် အိပ်ကြရသည်။ ရွာသူရွာသားများ ရာဘာခြံ၊ တောင်ကြီးများကို လမ်းလျှောက်ကျော်လွှား လာတွေ့ခဲ့ကြသည်။ ထိုဒေသတွင် ဘန်ကောက်မှ ဆရာစောမင်းညွန့်မှ တစ်လလျှင် ၂ပတ်ခန့်အချိန်ပေးလုပ်ဆောင်သော မိတ်သဟာရတွင် ယခုအခါ လူငယ်အချိန်ပြည့်ဆရာ အယ်နော်လွန်း ရောက်ရှိနေပြီဖြစ်သည်။ မကျန်းမာသည့်ကြားမှ စင်ကာပူမှ လိုက်ပါလာသော မချိုချိုငြိမ်း နှင့် အန်တီထူးဖေါ တို့ကလည်း အသင်းတော်တွင် ခရီးစဉ်တွင် ကျန်းမာစွာလိုက်နိုင်ကြောင်း သက်သေခံပြောကြားခဲ့သည်။ အံ့သြစရာ ၀င်ငွေနည်းပါးသော်လည်း ဆယ်ဖို့တစ်ဖို့ ပေးသော ဆူနာမီးမိသားစု၏ ၀ိညာဉ်ရေးရာ ကြီးထွားမှုကိုလည်း ကောင်းကင်ဘဏ္ဍာအဖြစ် ဆရာသြဂတ်စတတ်မှ အသင်းတော်ကို ဝေငှခဲ့ပါသည်။

မစ်ရှင်ခရီးစဉ် ပါဝင်သူများ၊ ထောက်ပံ့၊ ဆုတောင်းပေးသော အသင်းတော် နှင့် ချစ်မိတ်ဆွေအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါသည်။ Sermon Rev. Saw Augustus 19-Dec-2010

ခရီးစဉ်အစ - စင်ကာပူလေဆိပ်တွင် သင်းအုပ်အမှာစကား - ၁၅စက္ကန့် မစ်ရှင်အဖွဲ့ဗွီဒီယိုမှတ်တမ်း
http://blip.tv/file/4552455

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Sunday, 26 December 2010 20:14 )  

Share This Page On

FacebookGoogle BookmarksGoogle BuzzMySpaceTwitter

Myanmar Gospel Songs MP3 Player



Online ရှိနေသူများ

We have 22 guests online

စာရင်းဇယား

Content View Hits : 950676