ချစ်မိတ်ဆွေ

အသင်းတော်များစွာရှိသည်။ သခင်နှစ်သက်သော သတို့သမီး အလွန်ရှားသည်။

“ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည်ဖြစ်၍၊ အညစ်အကြေးတင် ခြင်း၊ အရေတွန့်ခြင်းမှစသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက်ရှိသော အသင်း တော်ကို ခရစ်တော်သည် မိမိအားဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်း အားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့အလိုငှါ ကိုယ်ကိုကိုယ်စွန့် တော်မူ၏။” (ဧ ၅း၂၇)

ခရစ်ယာန်များစွာရှိသည်။ စစ်မှန်သောတပည့်တော် အလွန်ရှားသည်။

“ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက် ရမည်။” (လု ၉း၂၃)

“အကြင်သူသည် ငါ့ထံသို့လာ၍  မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” (လု ၁၄း၂၆)

သာသနာ့ခေါင်းဆောင်များစွာရှိသည်။ ခရစ်တော်နှင့်သဏ္ဍာန်တူ အစေခံခေါင်းဆောင် အလွန်ရှားသည်။

“ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့ လိုက်ရမည်။ ငါ၏အမှုဆောင်သည် လည်း ငါရှိရာအရပ်၌ ရှိလိမ့်မည်။ ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော် သည် ချီးမြောက်တော်မူလတံ့။” (ယော ၁၂း၂၆)

သခင့်နှလုံးသား (His Passion)

“လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်း စိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူ တို့သည်ပင်ပန်းသည်ဖြစ်၍  ထိန်းသူမရှိဘဲပစ်ထားသော သိုးကဲ့သို့ဖြစ်ကြ၏။ ထိုအခါ ကိုယ်တော် က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။” (မ ၉း၃၅-၃၇)

“တဖန် ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍   ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင် သို့ဆောင်သွားလျက်၊ အရိုးတို့နှင့် ပြည့်သော ချိုင့်အလယ်၌ထားပြီးလျှင်၊ ထိုအရိုးတို့ ပတ်လည်၌ ရှောက်သွားစေတော်မူ၏၊၊ ထိုချိုင့်မျက်နှာပြင်၌ များစွာသောအရိုးတို့သည်ရှိ၍  အလွန်သွေ့ ခြောက်ကြ၏။” (ယေဇ ၃၇း၁-၂)

သခင့်ရူပါရုံ (His Vision)

“ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်းဖြစ်ကြ၏။” (သု ၂၉း၁၈)

“အို အဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော  ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။” (တ ၂၆း၁၉)

သခင့်အမှုတော် (His Mission)

“ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။” (ယော ၄း၃၄)

သခင့်ဘုန်းတော် (His Glory)

“အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ် ဆောင် ရွက်စရာဘို့အကျွန်ုပ်၌အပ်ပေးတော်မူသောအမှုကိုအကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ။” (ယော ၁၇း၎)

“ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။” (ရော ၁၁း၃၆)

တပည့်တော်ဖြစ်သင်တန်း (Discipleship Training)

သင်တန်းစရိတ်
100000 KS
လူတွေ့စစ်ဆေးခြင်းရှိသည်။
  • သင်တန်းကာလ (၂) လ၊ ဇွန်လနှင့် ဇူလိုင်လ
    Training Period 2 months (June-July)

ချီးမွမ်းကိုးကွယ်ခြင်းသင်တန်း (Praise & Worship Training)

သင်တန်းစရိတ်
150000 KS
လူတွေ့စစ်ဆေးခြင်းရှိသည်။
  • သင်တန်းကာလ (၃) လ၊ သြဂုတ်လ-အောက်တိုဘာလ
    Training Period 3 months (August-October)

အမှုတော်ဆောင်ဖြစ်သင်တန်း (Ministerial Training Centre)

သင်တန်းစရိတ်
100000 KS
လူတွေ့စစ်ဆေးခြင်းရှိသည်။
  • သင်တန်းကာလ (၂) လ၊ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလ
    Training Period 2 months (January-February)

Latest Oversea Mission Activity