Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Friday
Sep 10th
Home သတင်း JBCS ဒီဇင်ဘာလ ထိုင်းနိုင်ငံ-ဆူနာမီမစ်ရှင် နှင့် ၂၀၀၉ ခရစ်စမတ်

JBCS ဒီဇင်ဘာလ ထိုင်းနိုင်ငံ-ဆူနာမီမစ်ရှင် နှင့် ၂၀၀၉ ခရစ်စမတ်

E-mail Print PDF

ယုဒဿန် အသင်းတော် JBCS ဒီဇင်ဘာလ ထိုင်းနိုင်ငံ-ဆူနာမီမစ်ရှင် နှင့် ၂၀၀၉ ခရစ်စမတ်
    ယခုနှစ်ဟာ ဆရာသြဂတ်စတတ် နှစ်စဉ်သွားနေကျ ထိုင်းနိုင်ငံ ဖူးခတ်က မြန်မာများဆီ ဆူနာမီမစ်ရှင်အဖွဲ့ စင်ကာပူပြန်ရောက်ပြီး St. Andrew Village ၂၄ ဒီဇင်ဘာညမှာ သီချင်းစုပေါင်းသီဆိုနေတဲ့ ပုံပဲဖြစ်ပါတယ်။ အသင်းတော်ဥက္ကဌ မန်းသိန်းစီ၊ ဆရာသြဂတ်စတတ် နဲ့ ဆရာကတော် ဆရာမမိုရင်း၊ ကိုအောင်သူ၊ ကိုနေသူရိန်၊ ဒေါ်ခင်အေးလွင်၊ ဒေါ်မေစီ၊ ဦးဆိုင်မွန် မိသားစု၊ ကိုစောလေးဝါးထူး၊  မရဝေ၊ HCF မှ ဆရာမအင်ဒီဗယ် .. စသည်မိတ်ဆွေများ  ၆ညတိုင် တောတောင်၊ ရာဘာခြံများများမှာ ခက်ခဲပင်ပန်းစွာ ဘုရားသခင်ရဲ့ ကောင်းမြက်ခြင်းများကို ဧ၀ံဂေလိ ပြောကြားသက်သေခံခဲ့ကြပါတယ်။ ဘန်ကောက်မြို့ကတဆင့် ဖူးခက်အထိ ကား၂စီးကို မန်းသိန်းစီ၊ စောလေးဝါးထူး တို့မောင်းနှင်ခရီးဆင်ခဲ့ပါသည်။  ယခင်နှစ်များက လူ၁၀ဦးခန့်နဲ့ သွားခဲ့ပေမဲ့ ဒီနှစ်မှာ စုစုပေါင် အသင်းသား ၂၀ကျော်နဲ့ ခရီးထွက်နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ - ၁၉ရက်နေ့ထိ ၆ရက်တာခရီးဖြစ်ပါတယ်။ မိမိစားရိတ်နဲ့ ခရီးစဉ်ကို ဘုရားထံ အပ်နှံ၊ ဆုတောင်းခြင်းနဲ့ပဲ အဆင်ပြေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်က ဘုန်းကြီးလူထွက်တစ်ဦး .. ဆရာသြဂတ်စတတ်တို့မစ်ရှင်အဖွဲ့ကို ဘုကြည့်ကြည့်ခံခဲ့ရပေမဲ့ မနှစ်က အဲဒီလူကို ဆရာသြဂတ်စတတ်ကိုယ်တိုင် နှစ်ခြင်းပေးခဲ့ရတဲ့အတွက် ဘုရားကျေးဇူးတော်ကို ချီးမွမ်းရပါတယ်။ ဆူနာမီက လွန်ခဲ့တဲ့ ၂၀၀၆က အဖြစ်အပျက်ပဲ .. လောလောဆယ် နာဂစ် ၂၀၀၈ အရေးအခင်းကို ဦးစားပေးသင့်တယ် .. ပြောသူများရှိပေမဲ့ .. ဆူနာမီခံခဲ့ရသူများရဲ့ မစ်ရှင်ကိုမရပ်နိုင်ပါဘူး။ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း .. ဆရာသြဂတ်စတတ်က ပြောကြားခဲ့ပါတယ်။
     မစ်ရှင်အဖွဲ့ဝင်များ ၂၄ရက် ဒီဇင်ဘာ တနင်္ဂနွေ ကိုကွယ်ဝတ်ပြုခြင်းကို ဦးဆောင် သက်သေခံပြောကြားသွားကြပါတယ်။ ခရစ်စမတ်ပွဲ  St. Andrew Village မှာလည်း ဆူနာမီအဖွဲ့သားများ အငြိမ့် လူရွှင်တော် မန်းသိန်းစီ၊ ဦးဆိုင်မွန်၊ ကိုအောင်သူ တို့နဲ့ အငြိမ့်မင်းသမီး မဒေါ်လီတို့ ကပြ၊ ဖြေဖျော်သွားရင်း .. ရယ်ရွှင်၊ပျော်ရွှင်စွာနဲ့ ခရစ်စမတ်ပွဲ .. သခင်ယေရှုမွေးနေ့တော်ကို ကြိုဆိုခဲ့ကြပါတယ်။ ခရစ်စမတ်နေ့ ဒီဇင်ဘာ ၂၅ ရက် နေ့ခင်းမှာတော့ ယုဒဿန်အသင်းတော်မှာပဲ စည်ကားသိုက်မြိုက်စွာကျင်းပရင်း လာရောက်သူ မိတ်ဆွေများကို လက်ဆောင်ပေးရင်း၊ ကြွေးမွေးရင်း ဝေငှ၊ မေတ္တာပြရင်း မိတ်သဟာရပြုခဲ့ပါတယ်။
The End.....
Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Sunday, 03 January 2010 00:06 )  

ဝိညာဉ်သစ်မဂ္ဂဇင်းသို့

မုရန် မဂ္ဂဇင်းသို့

murann_ezine

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ခရစ်တော်နှင့်ဆက်လက်လျှောက်လှမ်းခြင်း - ကျမ်းစာပို့ချချက်

 Download 8MB PDF file - Click Here

 

ခရစ်တော်နှင့်အစပြုခြင်း - ကျမ်းစာပို့ချချက်

ကျမ်းစာသင်တန်းကျမ်းစာသင်တန်းကို အပတ်စဉ် တနင်္ဂနွေ ၁၂း၃၀ မှ ၁၃း၃၀ အထိ ပို့...

 

အပတ်စဉ် ကြေညာချက်များ August-2010 (ကျမ်းစာသင်တန်း၊ Cell Groups, မလေးရှားခရီးစဉ်၊ DVD, VCD၊ အမျိုးသမီးမဂ္ဂဇင်း၊ သခင်စကား..)

သြဂုတ်လ ၂၀၁၀၁။ ကျမ်းစာသင်တန်း ပုံမှန်ပို့ချမှုများ The Navigator Bible Study courses     အပတ်စ...

Online ရှိနေသူများ

We have 9 guests online

စာရင်းဇယား

Content View Hits : 175386