Judson Baptist Church Singapore
ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။
Tuesday
Sep 07th
Home ကလေးများအတွက် ယေရှု နဲ့ လက်ခြေသေလူမမာ
ယေရှု နဲ့ လက်ခြေသေလူမမာ
E-mail Print PDF
jesus_paralysed_manသားသားမီးမီးတို့ ရေ…
            ဒီအပတ်မှာ သားသားမီးမီးတို့  အတွက် အန်တီတာတာ ရွေးထားတဲ့ ကျမ်းစာထဲက အကြောင်း ကတော့
 ခေါင်မိုး ပေါ်က လျှောချတဲ့ လက်ခြေသေ လူမမာ အကြောင်း ပေါ့ကွယ်… သားသားမီးမီးတို့ လမ်း မလျှောက်ပဲ အိပ်ရာထဲမှာ နေဖူးလား?...
            အဲ့ဒီလို လမ်းမလျှောက်ပဲ အိပ်ရာ ထဲမှာ နေချင်သလား?... ဘယ်နေချင် မလဲနော်၊ သားသားမီးမီးတို့  နေမကောင်း ဖြစ်ဖူးလား? နေမကောင်း ဖြစ်တဲ့ အခါဘယ်သူ့ ဆီကို သွားလဲ? အေး…အဲ့ဒီလိုပဲ အန်တီတာတာ ပြောမဲ့ အကြောင်းအရာ ထဲက လက်ခြေသေ လူမမာက သမားတော်ကြီး ယေရှုဆီကို သွားခဲ့တဲ့ အ ကြောင်း ပေါ့ကွယ်…
           တစ်နေ့ မှာ ယေရှုဟာ လူတွေ အများကြီး စုဝေးနေတဲ့ အိမ်ကြီးထဲမှာ ဆုံးမသြဝါဒ ပေးနေ သတဲ့…
           လူစုလူဝေးကြီးက ကြပ်ပိတ်နေတော့ ဝင်စရာလမ်း ရှာမတွေ့ ပဲ နေတာပေါ့၊ နောက်ဆုံးတော့ အိမ်မိုးပေါ် တက်ပြီး အုတ်မိုးအချို့ ကိုဖယ်ပြီးတော့ လူနာကို အိပ်ရာနဲ့ အတူ လူအများ အလယ်မှာ ရှိတဲ့ ယေရှု အရှေ့ ကို လျှောချ ပေးလိုက်တယ်၊ အဲ့ ဒီ အခြင်းအရာ ကိုကြည့် ပြီး ယေရှုကသူတို့ ရဲ့ ယုံကြည်ခြင်း အားကြီး တာကို မြင်တဲ့အခါ လူနာကို…`အချင်းလူ၊ သင်၏အပြစ် ကိုလွှတ်ပြီ’… ဟု မိန့်တော်မူ လိုက်တယ်။
            ကျမ်းပြုဆရာနဲ့ ဖာရိရှဲ တွေကလည်း ကြားရော အဲ့ဒီပုဂ္ဂိုလ်ဟာ သူ့ ကိုယ်သူ ဘုရားလို့ အမှတ်ရှိတယ်။ ဘုရားသခင်မှ တစ်ပါး အဘယ်သူမှ အပြစ်မလွှတ်နိုင်ဘူး လို့ ထင်မှတ်ကြတယ်။
            ယေရှုက ကျမ်းပြုဆရာနဲ့ ဖာရိရှဲတို့ ထင်မှတ်ချက် သိနေတာပေါ့ ၊အဲ့ဒါကြောင့် ယေရှု က သင်တို့ ၏စိတ်ထဲမှာ အဘယ်ကြောင့် ထင်မှတ်ကြသနည်း၊ အဘယ် စကားကို သာ၍ပြော   လွယ် သနည်း၊ သင်၏ အပြစ်ကို လွှတ်စေပြီ ဟု ပြောလွယ် သလော၊ သင်ထ၍ လှမ်းသွားလော့ ဟု ပြောလွယ်သလော ဟု ဖာရိရှဲများ နှင့် ကျမ်းပြု ဆရာတို့ ကို မေးလိုက်တယ်။
              ဆက်လက်ပြီး ယေရှုက  လူသားသည် မြေကြီးပေါ်မှာ အပြစ် လွှတ်ပိုင်သည် ကိုသင်တို့ ကိုပြမည်  ဟုဆိုပြီး  ထလော့၊ ကိုယ့် အိပ်ရာကို ဆောင်ပြီး မိမိအိမ်ကို သွားလော့၊ သင့်အား ငါဆိုသည် ဟု  လက်ခြေ သေသောသူ အားမိန့်တော်မူ လိုက်တယ်။ အဲ့ဒီအခါမှာ လူမမာက လူအများရှေ့ မှာ ချက်ချင်း ထ၍ မိမိအိပ်ရာ ကို ဆောင်ပြီး ဘုရားသခင် ရဲ့ ဂုဏ်တော်ကို ချီးမွမ်းပြီးမှ မိမိအိမ်ကို ပြန်သွားတော့ တာပေါ့။ လူစုလူဝေးကြီး ကလည်း မိန်းမောတွေဝေ အံ့သြကြပြီး ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်း ကြတာ ပေါ့ကွယ်။
              အဲ့ဒီ အကြောင်းအရာကို ကြားသိခြင်း အားဖြင့် ကိုယ်တော်ဟာ အနာရောဂါကို ငြိမ်းစေနိုင်တယ်၊ လက်ခြေ သေသော လူနာကို လမ်းလျှောက်  နိုင်အောင် လုပ်နိုင်ရုံ သာမက မြေကြီးပေါ်မှာ အပြစ် လွှတ်ပိုင်သော အရှင်ဖြစ်တာကို သိရှိ နားလည်ရတယ်။
              သားသားမီးမီးတို့ ရေ…ယေရှုက ဘာလို့  လူနာကို ပျောက်အောင် ကုသနိုင်သလဲ? သိလား၊ သူဟာ ဘုရားသခင်ရဲ့ သားဖြစ်လို့ ပေါ့ကွယ်။ သားသားမီးမီးတို့ လဲ ဤ အကြောင်းအရာ ကို ဖတ်ရှုခြင်း အားဖြင့် ဘုရားသခင် ၏ ကောင်မြတ်ခြင်း အကြောင်းကို ဆင်ခြင်ကြပါစို့ လို့  အန်တီတာတာ ပြောကြားရင်း ဒီမှာတင် ရပ်နားပြီး နောက်အပတ်မှာ ယေရှုရဲ့ အကြောင်း တွေကို ဆက်လက် ဖတ်ရှုကြတာ ပေါ့ ကွယ်။ သားသားမီးမီးတို့ ကို ဘုရားသခင် ကောင်းချီးပေးပါစေ…   အာမင်း။
Comments (0)Add Comment
Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger
busy
Last Updated ( Saturday, 03 April 2010 03:12 )  
ဝိညာဉ်သစ်မဂ္ဂဇင်းသို့
မုရန် မဂ္ဂဇင်းသို့
murann_ezine
JBCS Weekly Sermons MP3 player
Myanmar Gospel Songs MP3 Player
Live Support
LiveZilla Live Help
ဖတ်စရာများ
ခရစ်တော်နှင့်ဆက်လက်လျှောက်လှမ်းခြင်း - ကျမ်းစာပို့ချချက်
 Download 8MB PDF file - Click Here
ခရစ်တော်နှင့်အစပြုခြင်း - ကျမ်းစာပို့ချချက်
ကျမ်းစာသင်တန်းကျမ်းစာသင်တန်းကို အပတ်စဉ် တနင်္ဂနွေ ၁၂း၃၀ မှ ၁၃း၃၀ အထိ ပို့...
အပတ်စဉ် ကြေညာချက်များ August-2010 (ကျမ်းစာသင်တန်း၊ Cell Groups, မလေးရှားခရီးစဉ်၊ DVD, VCD၊ အမျိုးသမီးမဂ္ဂဇင်း၊ သခင်စကား..)
သြဂုတ်လ ၂၀၁၀၁။ ကျမ်းစာသင်တန်း ပုံမှန်ပို့ချမှုများ The Navigator Bible Study courses     အပတ်စ...
Online ရှိနေသူများ
We have 20 guests online
စာရင်းဇယား
Content View Hits : 174774