Welcome To JBCS
သခင့်စကား အမှတ်(၁၀၈) ထွက်ပြီ PDF Print E-mail
Written by Zaw Aung   
Monday, 02 August 2010 00:23
 
ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း (၂) PDF Print E-mail
Written by အန်တီတာတာ   
Saturday, 24 July 2010 12:46
ခလေးတို့ရေ...အန်တီတာတာ လည်း အလုပ်တွေများလွန်းလို့ ပုံပြင်လေးတွေ ဆက်မရေးဖြစ်တာကြာပြီပေါ့...
ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း ကနေ ဆက်ပြီးပြောပြမယ်နော်...
အင်မတန်မှ လှပပြီး ပြည့်စုံတဲ့ ဧဒင်ဥယျာဉ်ကြီးကို ဘုရားရှင် ဖန်ဆင်းပြီးတော့ ဥယျာဉ်ကြီးနဲ့ တိရိစ္ဆာန်၊ ပန်းမာလ်တွေကို ပြုစုစောင့်ရှောက် ထိန်းသိမ်းဖို့ လူ အာဒံကို ဖန်ဆင်းပြန်တယ်။
                    တစ်ခါ သူ့အတွက် အဖော်မွန်အဖြစ် ဧ၀လို့ခေါ်တဲ့ လူမိန်းမ တစ်ယောက်ကိုလည်း အာဒံရဲ့နံရိုးတစ်ချောင်းကို ထုတ်ပြီး ဖန်ဆင်းပြန်ပါရော။ အံ့ဩစရာပဲနော်...
                    ဘုရားသခင်က အဲဒီလူယောက်ျားအာဒံနဲ့ လူမိန်းမ ဧ၀ကို သူ့ရဲ့ ဖန်ဆင်းခြင်းလက်ရာတွေနဲ့ ပြည့်နေတဲ့ ဧဒင်ဥယာဉ်ကြီးကို ပေးအပ်ပြီး ပျော်ရွှင်စွာ နေစေသတဲ့ကွယ်၊အဲ…ဒါပေမယ့် ဥယျာဉ်အလယ်က သစ်ပင်တစ်ပင်ကို ပြပြီး အဲဒီအပင်ရဲ့အသီးကို မစားရဘူးလို့ အမိန့်ပေးထားတယ်ကွဲ့...
                    တစ်ရက်မှာ- စာတန်ဟာ မြွေယောင်ဆောင်ပြီး လူမိန်းမ ဧ၀ဆီကို လာစကားပြောတယ်ကွဲ့။
                    ဘာဖြစ်လို့ အဲဒီအပင်က အသီးကို မစားကြည့်တာလဲ? ဆိုပြီး ဘုရားသခင်တားမြစ်ထားတဲ့ အပင်ကို ပြသတဲ့။ဧ၀ဟာ ဘုရားသခင် မစားခိုင်းလို့ မစားတာဆိုပြီးပြန်ဖြေတာပေါ့။
                    ဒါပေမယ့် နောက်ဆုံးမှာ ဧ၀က စာတန်စကားနားထောင်ပြီး အသီးကို ခူးစားလိုက်တယ်၊ ပြီးတော့ အာဒံကို ပါပေးစားပြန်ရော။ ခလေးတို့ရေ… အာဒံရော ဧ၀တို့ဟာ ဘုရားသခင်ရဲ့ စကားကို နားမထောင်လို့ အင်မတန်မှ လှပတဲ့ ဧဒင်ဥယျာဉ်ကြီးထဲကနေ မောင်းထုတ်ခံလိုက်ရတယ်ကွယ်။ အရမ်းဝမ်းနည်းစရာကောင်းတယ်နော်။
                   သားသားမီးမီးတို့လည်း ဘုရားသခင်ရဲ့စကားကို မဆန့်ကျင်မိဖို့ အန်တီတာ ဆန္ဒပြုလိုက်ပါတယ်။ခလေးတို့ရေ- အဲဒီ အာဒံနဲ့ ဧ၀မှာ ကာန နဲ့ အာဗေလဆိုတဲ့ သားနှစ်ယောက်ရှိတယ်ကွဲ့။ ဒါ့အပြင် သူတို့ နှစ်ယောက်မှာလဲ သားသမီးတွေ ထပ်မွေးလာကြပြန်ရော။ မကြာခင်မှာပဲ ကမ္ဘာပေါ်မှာ လူတွေအများကြီးဖြစ်လာတာပေါ့။ ဒါပေမယ့် အဲဒီလူတွေက သနားကြင်နာခြင်းမရှိ၊ အကျင့်ကလည်းမကောင်းကြဘူးကွယ်။ အရမ်းဆိုးကြတယ်တဲ့။
                  ဘုရားသခင်က သူဖန်ဆင်းထားတဲ့ ကမ္ဘာကြီးနဲ့ လူတွေကို ကြည့်ပြီး ၀မ်းနည်းလွန်းလို့ ကမ္ဘာမြေကို ရေနဲ့ဆေးပြစ်ဖို့ အကြံရှိတယ်တဲ့။ တချိန်ထဲမှာဘဲ အကျင့်ကောင်းပြီး ဖြောင့်မတ်တဲ့ သူတစ်ဦးကို ဘုရားသခင် သတိထားမိလိုက်တယ်။ noah
                  အဲဒီသူရဲ့နာမည်ကတော့ နိုးအာလို့ခေါ်တယ်ကွဲ့။ ဘုရားသခင်က နိုးအာကို လှေကြီးအကြီးကြီးတစ်စင်းကို ဆောက်ခိုင်းလိုက်တယ်။နိုးအာရဲ့ မိတ်ဆွေတွေက သူ့ကိုလှောင်ပြောင်ကြတယ်လေ။ အဲဒီလောက်ကြီးတဲ့ လှေကြီးကို ကုန်းပေါ်မှာ ဆောက်လို့ပေါ့။ နိုးအာကတော့ လူတွေဘာပဲပြောပြော လှေကြီးကို ပြီးအောင်ဆက်ဆောက်နေတယ်တဲ့။
                 ဆောက်ပြီးသွားတဲ့အခါမှာ နိုးအာကို တိရိစ္ဆာန်တစ်စုံစီ (အထီး၊အမ) လှေကြီးထဲကို ထည့်ခိုင်းတယ်။ ပြီးတော့ သူ့မိသားစုအားလုံးဝင်ပြီး ဘုရားသခင်က လှေကြီးရဲ့ တံခါးကို ပိတ်ခိုင်းလိုက်တယ်တဲ့။ အဲဒီအချိန်ကစပြီး မိုးစရွာပါလေရော။ မိုးတွေဆက်တိုက်ရွာတော့ ရေတွေကြီးလာပြီး နောက်ဆုံးတော့ သင်္ဘောကြီးက ရေပေါ်မှာ ပေါလောပေါ်နေပါလေရော။
                 ဒါပေမယ့် သင်္ဘောထဲက လူတွေနဲ့ တိရိစ္ဆာန်တွေကတော့ လုံခြုံစွောရှိတာပေါ့။ရက် ၄၀ကြာ မိုးရွာပြီးတော့ ရပ်သွားတာနဲ့ ရေတွေတဖြေးဖြေးခမ်းခြောက်လာတာပေါ့။ နိုးအာက ချိုးငှက်လေးတစ်ကောင်ကိုစပြီး လွှတ်လိုက်တယ်။ ဒါပေမယ့် ငှက်ကလေးက ဘယ်မှာမှ နားဖို့မရှိတာနဲ့ ပြန်လာတာပေါ့။
                  နောက်တစ်ရက် နိုးအာက ချိုးငှက်ကို ထပ်လွှတ်ပြန်တယ်။ ဒီတစ်ခါတော့ သစ်ခက်ကိုက်ချီပြီး ပြန်လာတယ်တဲ့။ ဒါကြောင့် နိုးအာက ငှက်ကလေး ကုန်းမြေရှာတွေ့ပြီဆိုတာ သိလိုက်တယ်တဲ့။ ခလေးတို့ရေ - ရေတွေကျသွားလိုက်တာ နောက်ဆုံးတော့ နိုးအာရဲ့လှေကြီးက တောင်ထိပ်မှာ တင်နေပါလေရော။ အဲဒီတော့မှ သူ့မိသားစုတွေရယ် တိရိစ္ဆာန်တွေအားလုံး လှေကြီးထဲကနေ ဆင်းလာကြတယ်တဲ့။
          noah ark        ဘုရားသခင်က အင်မတန်လှပတဲ့ ရောင်စုံသက်တံ့ကြီးကို ကောင်းကင်မှာ အရောင်ခြယ်လိုက်တယ်ကွဲ့။ ဘာကြောင့်လဲဆိုတော့ အဲဒီသက်တံ့ကို မြင်တဲ့အခါတိုင်း နောက်နောင် ကမ္ဘာကြီးကို ရေနဲ့ ဘယ်တော့မှ မဖုံးလွှမ်းတော့ဘူးဆိုတဲ့ ကတိတော်အတွက်ဖြစ်တယ်။
                  ကဲ-ကလေးတို့ရေ ကောင်းကင်မှာ ရောင်စုံသက်တံ့ကိုမြင်တိုင်း ကတိတည်တဲ့ ဘုရားသခင်ကို အမြဲကျေးဇူးတင်ကြရအောင်နော်။ 
Last Updated ( Saturday, 24 July 2010 13:54 )
 
နှလုံးသားအိမ်မှ စာစုများ(၁၄) PDF Print E-mail
Written by Administrator   
Saturday, 24 April 2010 19:46

ယေရှုနှင့်ဆိုင်သောကြောင့် 

ယော ၁၇း၉ ။ ။သူတို့ အဘို့အလို့ငှာ ဆုတောင်းပါ၏။ လောကီသားတို့ အဘို့အလို့ငှါဆုတောင်းသည် မဟုတ်ပါ။ အကျွန်ုပ်အား ပေးတော်မူသော် သူတို့သည် ကိုယ်တော်၏ လူဖြစ်သောကြောင့် ထိုသူတို့အဘို့ အလို့ငှါ ဆုတောင်းပါ၏။

 

ကျွန်ုပ်တို့ လူသားအားလုံးသည် ဘုရားရှင်၏ ဖန်ဆင်းခြင်း အရာများ ဖြစ်ပါသည်။ သို့သော် ဘုရားရှင်၏ သားသမီးများ အားလုံး မဟုတ်ပါ။ ဂလာတိ ၃း၂၆ အရ သိရသည်မှာ ယေရှုခရစ်တော်ကို ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံယုံကြည်မှသာလျှင် ဘုရားရှင်၏ သားသမီး အရိုက်အရာကို ရရှိခံစားရမည် ဖြစ်သည်။ ဘုရားရှင်၏သားသမီး မှန်သမျှသည် ခရစ်တော်၏ သားသမီးများအဖြစ် ပေးအပ်ခြင်း ခံရ၍ ခရစ်တော်နှင့် စပ်ဆိုင်သူမှန်သမျှ ဘုရားရှင်က အမှုထားပြီး ကြင်နာလေသည်။

ခရစ်တော်၏ဆန္ဒမှာ သူ့ဖခင်နှင့် စပ်ဆိုင်သူ မှန်သမျှ လုံခြုံမှု အပြည့်အ၀ ရရှိရန် ဖြစ်သည်။ (၁ရ ၁၁-၁၂)။ သူ၏ ဆုတောင်းချက်မှာလည်း သူနှင့် စပ်ဆိုင်သူမှန်သမျှ ၀မ်းမြောက်ခြင်း ရှိရန် ဖြစ်သည်။(၁ရး၁၃)။ အပိုဆုအနေဖြင့်လည်း သူ၏ ဆုတောင်းချက်တွင် သူနှင့် စပ်ဆိုင်သူမှန်သမျှ စာတန်တည်းဟူသော မကောင်းသော အမှုအရာမှလည်း လွတ်မြောက်ရန် (၁ရး၁၅) ထည့်သွင်းပေးလေသည်။

ခရစ်တော်ကို မိမိတို့ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခဲ့သည် အချိန်ကာလကို ပြန်လည်အောက်မေ့ကြစို့။ ထိုအချိန်မှစ၍ ကျွန်ုပ်တို့သည် သားသမီးအရာကို ရ၍ ဘုရားရှင်နှင့် ထူးခြားစွာ စပ်ဆိုင်မှုကို ရလာပြီး ခရစ်တော်သည်လည်း ကျွန်ုပ်တို့အတွက် အမြဲဆုတောင်းပေးနေလေသည်။ ထို့ကြောင့် ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံပြီးသူ၏ဆုတောင်းချက်မှ လုံခြုံမှု၊ ၀မ်းမြောက်မှုနှင့် မကောင်းသော အမှုအရာမှ လွတ်ကင်းနိုင်စေရန် အယောက်စီတိုင်းအတွက် ဆုတောင်းပေးနေပါသည်။

အမှုတော်မြတ်၌

စောသြဂတ်စတတ်

Last Updated ( Saturday, 24 April 2010 21:36 )
 
နှလုံးသားအိမ်ျမှ စာစုများ(၁၅) PDF Print E-mail
Written by သြဂတ်စတတ်   
Monday, 24 May 2010 11:05

ဘုရားရှင်ရှေ့က သွားနေသည်

လု ၂၂း၁၃   တပည့်တော်တို့သည် သွား၍ စကားတော်အတိုင်းတွေ့လျင် ပဿခါပွဲကို ပြင်ဆင်ကြ၏။

မလှဲစဘူး အလှဲထူးမည့် တဲမြက်စည်းကို လှဲမည် ဆိုပါမှ တံမြက်စည်း ကျိုးပဲ့သွား၍ အသစ်သွားဝယ်ရကာ အချိန်ကုန်လူပင်ပန်း ငွေကုန်ခဲ့ရသည်။ တစ်ခါမျှစီးစရာမလိုသော ၂၄ ဘတ်(စ်)ကား တစ်စီးပြီးတစ်စီး ဆက်တိုက်လာနေသည်။ သို့သော် အလွန်အရေးကြီးသော ကိစ္စဖြင့် လေဆိပ်ဆင်းရန် အလျင်လိုသောအခါ ထိုဘတ်(စ်) ၂၄ မလာတော့ပြီ။ နာရီဝက်ကြာသည့်တိုင်အောင် မှတ်မှတ်ရရ စောင့်ဘူးသည်။

ပဿခါအတွက် ပြင်ဆင်ရန် ရှိမုန်၊နှင့် ယောဟန်ကို ခရစ်တော် စေလွှတ်လိုက်သည်။ ခရစ်တော်မိန့်မှာ ချက်အတိုင်းလိုက်လျှောက်သောအခါ ခရစ်တော်ပြောသည့်အတိုင်း အထက်ခန်းမှာ ပြင်ဆင်ထားပြီး ဖြစ်သည်။ နေရာမှာ ရွေးထားပြီး ဆက်သွယ်ရမည့် သူသည်လည်း အကြောင်းစုံ သိပြီးသား၊ ပဿခါသိုးငယ်ကို တပည့်တော်များ ပြင်ဆင်ရသော်လည်း အခြားခြားသော စားစရာမှ အစ အလုံးစုံကို အိမ်ရှင်က ပြင်ဆင်ထားမည်မှာ ဧကန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ ရှေ့ မှ ဘုရားသည် အစဉ်သွားနေ၍ လမ်းခရီးကို ပြင်ဆင်ထားလေသည်။ ဘုရားရှင်နှင့် မိတ်ဿဟာရဖွဲ့ရန် ကျွန်ုပ်တို့ ကြိုးစားလျင် သူသည် အစဉ်လမ်းကို ပြင်ဆင်ထားသည်။

ဟေ ၃၀း၂၁ တွင် ဤမည်သောလမ်းသည် မှန်၏။  ဤလမ်း၌ သွားလော့ ဟု ဆိုထား၏။ သူ၏ ရွေးကောက်ခိုင်းစေချက်အရ ကျွန်ုပ်တို့က မိန့်မှာ အတိုင်းပါဝင် ဆက်ကပ်လာလျင် သူသည် ရှေ့ မှ လမ်းခရီးကို ပြင်ဆင်ပေးလျက် အစစအရာရာကို ပြင်ဆင်ပေးနေမည် ဖြစ်သည်။ စင်္ကာပူ ရောက်လာ၍ တွေးထင်ထားသလို တစ်ခုမှ အဆင်မပြေ သေးသော်လည်း ဘုရားရှင်၏ အလိုတော်ကို လိုက်လျှောက် ဆပ်ကပ် အသက်ရှင်ခြင်း၊ သူ့ကို ပိုမိုကိုးစားခြင်းဖြင့် မကြာမီသော အချိန်၌ အစစ အရာရာကို အကောင်းဆုံး ပြင်ဆင်ပေးနေကြောင်း လက်တွေ့ ခံစားရမည်မှာ ဧကန်ပင် ဖြစ်လေသည်။

အမှုတော်မြတ်၌

သြဂတ်စတတ် 

 

 

Last Updated ( Monday, 24 May 2010 11:34 )
 
နှ လုံး သား အိမ် မှ စာ စု များ (၁၄) PDF Print E-mail
Written by Administrator   
Saturday, 02 January 2010 23:07

အသစ်တဖန် အသက်တာပြောင်းလဲခြင်း

ဧ ၄း၂၀-၂၄ ... လူဟောင်းကို ချွတ်ပယ်၍ စိတ်နှလုံးသဘောသစ်ကို ရပြီးလျှင် ... လူသစ်ကို ယူတင်ဝတ်ဆောင်မည့်အကြောင်း ... ထိုသခင်ထံ နည်းခံကြပြီသတည်း၊

နှစ်သစ်ကိုရောက်လျှင် လူအပေါင်းတို့က အသစ်သောအ၀တ်အစား အသုံးအဆောင် ပရိဘောဂမှအစ ခံယူချက်အမြင်သဘောထားများကို အသစ်ပြင်ဆင်ပြောင်းလဲတတ်ကြပါသည်။ ပြောင်းလဲကြသည့် အရာများအားလုံးတွင် အရေးအကြီးဆုံးမှာ အသက်တာအသစ်သို့ ပြောင်လဲရန်ဖြစ်သည်။ အခြားသောအရာများ မည်သို့ပင် ကြိုးစားပြောင်းလဲသော်လည်း အသက်တာကို အသစ်မပြောင်းလဲလျှင် အချီးနှီးဖြစ်ပေမည်။

 

(က) အဘယ့်ကြောင့် အသက်တာအသစ် တဖန်ပြောင်းလဲ မွေးဖွားရပါသနည်း ?

- လူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မိမိအစွမ်းအစ ခွန်အားဖြင့် မည်သို့မျှ မမြင်နိုင်၊ မ၀င်စားနိုင်ပါ၊ ဒုတိယမွေးဖွားခြင်းခံစားမှသာလျှင် ဘုရားသခင်၏ နိုင်ငံတော်သည် ကျွန်ုပ်တို့အတွက် ဖြစ်ပေမည် (ယော ၁း၃)၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်သို့ မ၀င်ရဟု ယေရှုမိန့်တော်မူခဲ့သည်။

- လူ၏ ဇာတိပကတိကြောင့်ဖြစ်သည်။ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိဖြစ်သည်။ ၀ိညာဉ်တော် မွေးသောသူသည် ၀ိညာဉ်ပကတိဖြစ်သည်။ (ယော ၁း၆)

- လူသည် အသေကောင်သာဖြစ်သည်၊ အကြောင်းမှာ လူသည် ဒုစရိုက်အပြစ်၌ ကျင်လည်၍ ထိုဒုစရိုက်အပြစ်၌ သေနေသောသူဖြစ်လေသည်။ (ဧ ၂း၁)

 

(ခ) အသက်တာအသစ်ကို အဘယ်သို့ရနိုင်သနည်း ?

- အသစ်သော သတ္တ၀ါဖြစ်လာရသည် (၂ ကော ၅း၁၇)

- အသက်တာပြောင်းလဲခွင့် ရလာသည် (ရော ၆း၎-၁၁)

- သန့်ရှင်းစင်ကြယ်သောအသက်တာကို ရလာသည်၊ (၁ ယော ၃း၉)

- ဖြောင့်မတ်သောအသက်တာကို ရလာသည်။ (၁ ယော ၂း၂၉)

- ချစ်ခြင်းမေတ္တာဖြင့် ကြွယ်ဝလာသည်။ (၁ ယော ၃း၁၀)

- အောင်မြင်မှုနှင့် ပြည့်စုံလာသည်။ (၁ ယော ၅း၎)

 

အယောက်စီတိုင်း အသက်တာ အသစ် ပြောင်လဲ၍ အောင်မြင်သော ပြည့်စုံသော ကြွယ်ဝသော အသက်တာသစ်နှင့် အတူ လောကကို ပိုမို၍ အကျိုးပြုနိုင်ပါစေဟု

အမှုတော်မြက်၌

စောသြဂတ်စတတ်

Last Updated ( Monday, 15 March 2010 10:45 )
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  Next 
  •  End 
  • »


Page 1 of 8