Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Monday
Oct 23rd
Home သတင်း JBCS Mission Report 2014

JBCS Mission Report 2014

E-mail Print PDF

Are you Jonah or JBCS ?

Mission2014

ယောနကဘုရားထံတော်မှကျောခိုင်းထွက်သွားသည်...

How about you JBCS ?

"ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကိုအမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရ ဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏" (ယေ ၁၇း၅)

ယောနမှာ ရန်သူရှိတယ်.. တစ်အားမုန်းတယ်...

How about you JBCS ?

"ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော  သင်တို့အဘ၏သားဖြစ်လိုသောငှါ၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကိုမုန်းသော သူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသော သူတို့အဘို့ ဘုရားသခင်ကို ဆုတောင်းကြ လော့။" ( မ ၅း၄၄ )

ယောနက ထာဝဘုရားကိုကောင်းကောင်းသိသည်...

How about you JBCS ?

"တောင်ခြေရင်းအမြစ်သို့  အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲ ပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်ဆီးရာမှ ကယ်ဆယ်တော်မူ လိမ့်မည်။" (ယောန ၂း၆)

"ကိုယ်တော်သည် သနားစုံမက်တတ်သော  ဘုရားဖြစ်၍  စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသ ဘော၊ အပြစ်ဒဏ်ပေးမည်အမှုကို နောင်တရတတ်သောသဘော ရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။"

(ယောန ၄း၂)

ယောနက ထာဝရဘုရား၏ခွင့်လွှတ်ခြင်းကိုအပြည့်အဝခံရသော်လည်း သူတပါးအပြစ်ကို မလွှတ်နိုင်...

How about you JBCS ?

"ထိုကြောင့် ငါဆိုသည်ကား၊ သူသည်များစွာသော အပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ်လွတ်သောသူသည် အနည်းငယ်မျှသာ ချစ်တတ်သည်ဟု မိန့်တော်မူ၏။" (လု ၇း၄၇)

ယောနက ဘုရားရှင်၏ကျေးဇူးတော်ကိုနားမလည်...

How about you JBCS ?

"ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာမလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညဥ့်ချင်းတွင် ပေါက်၍  တညဥ့်ချင်းတွင်သေသော  ကြက်ဆူပင်ကို နှမြောသည်တကား။" ( ယောန ၄း၁၀ )

"သို့သော်လည်း ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေး ဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ကြိုးစား ခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။ " (၁ ကော ၁၅း၁၀)

ယောနက ဘုရားသခင်၏အလိုတော်ဝန်ခံလိုက်လျှောက်ရမည့်အစား ဆန့်ကျင်ရေးသမား ဖြစ်သည်...

 

How about you JBCS ?

"လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍  သမ္မာတရားကိုသိစေခြင်းငှါ၊ ဘုရားသခင် အလိုတော် ရှိ၏။" (၁ တိ ၂း၎)

Praise the Lord, I'm JBCS!

အမှုတော်မြတ်မှတ်တမ်း

To God be the Glory!

၂၀၁၄ သာသနာ့ခရီးစဉ်မှ အသီးအပွင့်၊ သတင်းကောင်း၊ သက်သေခံချက်အချို့ကို ဝေမျှလိုပါသည်။ ထာဝရဘုရား၏နာမတော် ကမ္ဘာအဆက်ဆက်ဘုန်းကြီးပါစေသော်ဝ်။

မူးယစ်ဆေးဗန်းထဲမှလူဖြစ်လာသူ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကောမယ်လိတ်ကျေးရွာတစ်ဝိုက်တွင် လူဖြစ်လာသော အာ ခါလူငယ်များသည် မွေးကတည်းက မူးယစ်ဆေးဝါးလင်ဗန်းကြီးထဲတွင် မွေးလာသည်။ လူမျိုးခေါင်းဆောင် များက မူးယစ်ဆေးကူးသန်းရောင်းဝယ်ရေးတွင် ပတ်သက်ဆက်နွယ်နေသည်။ အိမ်တိုင်းတွင် ဧည့်သည်လာ ပါက ရေနွေးကြမ်း၊ လက်ဖက်သုတ်ဖြင့်မဧည့်ခံ၊ မူးယစ်ဆေးဝါးမျိုးစုံထည့်ထားသည့် လင်ဗန်းကြီးဖြင့် ဧည့် ခံသည်။ မိဘ၊ သားသမီးအားလုံး ဆေးစွဲသည်၊ ရောင်းဝယ်ဖောက်ကားသည်။

လူငယ်ယောက်ျားလေးများ ဆုတောင်းခံသောအခါ မူးယစ်ဆေး၏ကျေးကျွန်ဘဝမှ လွတ်မြောက်လိုကြောင်းပြောသည်။ မိန်းကလေးများ က မိဘများအတွက် ဆုတောင်းပေးရန်ပြောသည်။ အကြောင်းမှာ သူတို့ကို မိဘက အချိန်မရွေး ရောင်းစား ဖို့ရှိသည်။ သူတို့အတွက် လွတ်မြောက်ရာမှာ ခရစ်တော်တစ်ပါးတည်းသာရှိသည်။

ထို့ကြောင့် သင်တန်းကို အလုအယက်အငမ်းမရ မရမကတက်ရောက်လျက် ကယ်တင်ခြင်းစိတ်ချမှုနှင့် အသက်တာလွတ်မြောက်မှုကို ရယူကြသည်။ ထို့ကြောင့် သင်တန်းသား ၁၅၀ သတ်မှတ်လျှင် ၃၀၀ ကျော် တက်ရောက်သည်။ ၃၅၀ သတ်မှတ်လျှင် ၆၀၀ ကျော်တက်ရောက်သည်။ ကျေးဇူးတော်ကြောင့် အလွန်အားရ ကျေနပ်ဖွယ်ကောင်း သည်။

သင်းအုပ်ဆရာ၊ အသင်းတော်ခေါင်းဆောင်များ မျက်စိပွင့်လင်းလာခြင်း

သင်တန်းတော်တော်များများတွင် လူငယ်များသာမက သင်းအုပ်ဆရာများ၊ သင်းထောက်လူကြီး များ၊ သက်ကြီးရွယ်အိုများ၊ အမှုတော်ဆောင်များ များစွာပါဝင်တက်ရောက်ကြသည်။

ကောမယ်လိတ် သင်းအုပ်ဆရာ၊ ဆရာရူဗင်က သက်သေခံသည်။ ကျွန်တော်တို့အဖွဲ့ ရောက်က တည်းက သူကဒေါက်ထောက်ကြည့်နေသည်။ အခြားအမှုတော်ဆောင်ဆရာများနှင့် မတူကြောင်း သတိထား မိသည်။ ဆရာဆိုသည့်ဂုဏ်ပုဒ်နှင့် တသီးပုဂ္ဂလမနေ၊ သင်တန်းသားများနှင့် လက်ပွန်းတတီးရောနှောသည်။ အတူစားသောက်သည်။ အဖွဲ့လိုက်ဆွေးနွေးခြင်းသာမက အပြင်မှာလည်း ရင်းရင်းနှီးနှီးပြောဆိုဆွေးနွေး သည်။ သူတို့မြင်ဖူး သောဆရာကြီးများက သင်တန်းပေးပြီး မည်သူနှင့်မျှမဆက်ဆံ၊ ဆရာကြီးဂိုက်ဖမ်းသည်။ တသီးပုဂ္ဂလနေသည်။ ထို့ကြောင့် သူတို့အလွန်အံ့သြရသည်။ ရလဒ်ကတော့ သူတို့အသင်းတော်သို့ အချိန် မရွေး အဆီးအတားမရှိ တံခါးဖွင့်လျက် အသင်းတော်ကိုလာရောက်တည်ဆောက်ခွန်အားပေးဖို့ ပွင့်လင်းစွာ ဖိတ်ခေါ်လာသည်။

မြောင်းမြနှစ်ခြင်းအဖွဲ့ချုပ်မှ သင်းအုပ်ဆရာတော်တော်များများက အသင်းသားများ၏ ဝိညာဉ်ကယ် တင်ခြင်းစိတ်ချမှု အလွန်အရေးကြီးကြောင်းသိမြင်လာ၍ သူတို့အသင်းတော်သို့ တိုက်ရိုက်လာရောက် သင် တန်းပို့ချရန် ရက်ချိန်းများ ယူနေပြီဖြစ်သည်။  ခေါင်းဆောင်များ အသက်တာတွင် လုပ်ဆောင်မှုထက် ကိုယ် တိုင်ဘုရားနှင့် အချိန်ယူမွေ့လျော်၊ အလိုအလေ့အလာရှာဖွေသိကျွမ်းခြင်း အလွန်အရေးကြီးကြောင်း နား လည်သဘောပေါက် ဝန်ခံလာသည်။ ထိုမှတစ်ဆင့် အသင်းသားများအား တပည့်တော်စစ်ဖြစ်အောင် တည် ဆောက်ခြင်း အလွန်အရေးကြီးကြောင်း ဝန်ခံလာကြသည်။ ထိုအတွက်လည်း သူတို့အသင်းတော်သို့ တိုက် ရိုက် လာရောက်ပို့ချရန် ဖိတ်ခေါ်နေသည်။

ဘုရားမျက်မှောက်တော်၊ ကိုးကွယ်ချီးမွမ်းခြင်း အလွန်အရေးကြီး ကြောင်း သိမှတ်ဝန်ခံလာသည်။ အသင်းတော်တိုင်းမှာ အခက်အခဲရှိသော်လည်း သူတို့အားဖြင့် ဘုရားသခင် ကို လွတ်လပ်စွာအခွင့်ပေး၍ အောင်မြင်ခြင်းကို ရယူနိုင်ကြောင်းသိမြင်လာသည်။ နောင်နှစ်သင်တန်းကို ဆက်လက်ဆောင်ရွက်ရန်၊ ကုန်ကျစားရိတ်အားလုံး အသင်းတော်များမှ တာဝန်ယူမည်ဖြစ်ကြောင်း ဂတိပေး ကြသည်။

ပြည်မြို့မှ အသင်းတော်ခေါင်းဆောင်များကလည်း အသင်းတော်တွင်သာမက နယ်သာသနာ၊ လူ ငယ်သင်တန်းများတွင် ဖိတ်ခေါ်နေပြီဖြစ်သည်။

ဝိညာဉ်တိုက်ပွဲ

သာသနာခရီးစဉ်ဟူသည်မှာ ရှေ့တန်းတိုက်ပွဲဝင်နေရခြင်းဖြစ်သည်။ နယ်ခံအသင်းတော်များ၊ အ သင်းသားများ၊ လူငယ်များတွင်လည်း ဝိညာဉ်တိုက်ပွဲ အမျိုးမျိုးရင်ဆိုင်ရသည်။ တားဆီးမှု၊ ပိတ်ဆို့မှု၊ ချည် နှောင်မှု အမျိုးမျိုးရှိသည်။ ကျွန်တော်တို့အဖွဲ့သားများတွင်လည်း တိုက်ပွဲအမျိုးမျိုးရှိသည်။ အစဉ်အမြဲ အစစ အရာရာ တစ်လုံးတစ်ဝတည်းဖြစ်ဖို့ ခက်ခဲခြင်း၊ အတ္တရှေ့တန်းတင်ခြင်း၊ အနေအထိုင် အစားအသောက် အသွားအလာ အဆင်မပြေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်တို၊ စိတ်အနှောင့်အယှက်၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးမှုအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုး၊ ရာသီဥတုပြင်းထန်ခြင်း၊ မကျန်းမမာဖြစ်ခြင်း စသည်ဖြင့် အခက်အခဲ အနှောင့်အယှက်အမျိုးမျိုး ရင်ဆိုင်ရသည်။  မိမိခွန်အားဖြင့် မအောင်မြင်နိုင်။  ကျွန်ုပ်တို့ကို ခွန်အားနှင့်ပြည့်စုံ စေသော ခရစ်တော်အားဖြင့်သာ ခပ်သိမ်းသောအမှုကို တတ်စွမ်းနိုင်ခဲ့သည်။ အောင်မြင်နိုင်ခဲ့သည် (ဖိ ၄း ၁၃)။

JBCS အသင်းတော်တစ်ခုလုံးကိုလည်း အထူးကျေးဇူးတင်ပါသည်။ Mission Team နှင့်အတူ ဆု တောင်းခြင်း၊ လူကိုယ်တိုင်ပါဝင်ဆက်ကပ်ခြင်း၊ အဖက်ဖက်မှ ပါဝင်ပံ့ပိုးခြင်းအတွက် အယောက်စီကို ဘုရား သခင် သာ၍ကောင်းကြီးပေးပါစေ။

 

To read JBCS Myanmar Mission Report 2014...( Click Here )

 

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Monday, 04 August 2014 23:47 )  

Share This Page On

FacebookGoogle BookmarksGoogle BuzzMySpaceTwitter

Myanmar Gospel Songs MP3 Player



Online ရှိနေသူများ

We have 25 guests online

စာရင်းဇယား

Content View Hits : 904944