Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Monday
Oct 23rd
Home သတင်း JBCS Mission Report 2012

JBCS Mission Report 2012

E-mail Print PDF

နေဟမိသာသနာ


nehemiah

တစ်စေ့တစ်စောင်းမြင်တေ့၊ွ ကြားသိ၊ ထိတွေ့မှုလေးတွေကြောင့် နေဟမိကဲ့သို့ ထပ်တူခံစား၍ မြန်မာပြည်မှလာသော မြန်မာပြည်သားတစ်ယောက်အနေဖြင့် မိမိအပြစ်၊ အသင်းတော်အပြစ်၊ မြန်မာပြည်ယုံကြည်သူတို့၏အပြစ်ကို ကျိုးပဲ့ သောနှလုံးသားနှင့် ဝန်ချတောင်းပန်လျက် ဤသာသနာကို အစပြုခဲ့ရပါသည်။

လိုအပ်သောအခွင့်အရေးများ

သက်ဆိုင်သောသာသနာကွင်း၊ အသင်းတော်၊ ကျမ်းစာကျောင်းများကိုလည်းကောင်း၊ JBCS အသင်းတော်ကိုလည်းကောင်း၊ ရူပါရုံနှင့် ဝန်တာကိုချပြခဲ့ရာ ကျေးဇူးတော်သက်သက်ကြောင့် စတင်အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ဆရာ၊ ဆရာမလေးများကိုလည်း ထိုရူပါရုံကို မြင်တွေ့ခံစားစေသော ဘုရားသခင်၏ ကျေးဇူးကို ချီးမွမ်းပါသည်။ အသင်းသူအသင်းသားအားလုံး၏ ရာနှုန်းပြည့်အဖက်ဖက်မှ ပံ့ပိုးဆက်ကပ်ပါဝင်မှု အားလုံးအတွက် အထူးဝမ်းမြောက်ကျေးဇူးတင်လျက် ဂုဏ်တော်ကိုချီးမွမ်းပါသည်။

အဖိုးအခများ

ဆရာထိုက်ထိုက်ဆိုလျှင် ဤသာသနာခရီး၌ ဆက်ကပ်မည်ဆိုကာမှ လုပ်ငန်းခွင်မှ အထူးကြပ်မတ်မှုစတင်ခံရသည်။ လုံးဝမဖြစ်နိုင်တော့သည့်အခြေအနေတွင် ကြီးလေးသောတာဝန်တစ်ခုကို သတ်မှတ်ရက်အတွင်းမပြည့်မီနိုင်လျှင် လုံးဝသွားခွင့်မရဖြစ်လာတော့သည်။ သက်သေခံချက်အရ သတ်မှတ်ရက်နောက်ဆုံးညတွင်မှ ပြဌာန်းသောတာဝန်ပြည့်မှီ၍ ကျေးဇူးတော်ကြောင့် ခရီးစဉ်တွင် ပါဝင်ဆက်ကပ်ခွင့်ရခဲ့ပါသည်။

ဆရာရဲဝင့်လတ်ကဆိုလျှင် ကျမ်းစာကျောင်းကတစ်မျိုး၊ အိမ်ကိစ္စကတစ်ဖုံ၊ မိသားစုကိစ္စများကတစ်သွယ်နှင့်ပိပြားနေ၍ မည်သို့မျှမဖြစ်နိုင်သောအခြေအနေတွင်းမှ နှုတ်ကပါတ်သမ္မာတရား၏သက်သေဖြင့် ဆက်ကပ်ပါဝင်ခွင့်ရခ့ပဲါသည်။

ကိုမင်းအောင်ဆိုလျှင် ခရီးထွက်မည့်နေ့ထိခွင့်မရ၍ လေယာဉ်လက်မှတ် အဆုံးခံကာ ခရီးစဉ်၌ မပါဝင်ခဲ့ရပါ။ဆိတ်ဆိတ်ဆိုလျှင် လစာမဲ့ခွင့်ပင်လျှင် အလွန်ခက်ခဲစွာရင်ဆိုင်ရုန်းကန်၍ ခရီးစဉ်တွင် ပါဝင်ဆက်ကပ်ခွင့်ရခဲ့ပါသည်။မရဝေဆိုလျှင် ခရီးပြုခါနီးမှ ချော်လဲ၍ လက်နာကျင်မှုကြီးနှင့် ခရီးစဉ်တွင် ဆက်ကပ်ပါဝင်ခွင့် ရခဲ့သည်။

အိမ်ထောင်ရှင်မဖြစ်သော အန်တီမေစီဆိုလျှင် စိန်ခေါ်မှုဝတ္တရားအဖိုးအခများစွာ ထဲမှ ထိုးဖောက်၍ဆက်ကပ်ပါဝင်ခွင့်ရခဲ့ ပါသည်။ ဆရာမပါပူးလည်း အဖိုးအခ အဆီးအတား စိန်ခေါ်မှုများစွာထဲမှ ဆက်ကပ်ပါဝင်ခွင့် ရခဲ့ပါသည်။

အံ့သြဖွယ်ကတော့ ဘယ်အဖိုးအခကမှ ကျွန်တော်တို့ကို မချုပ်နှောင်ထားနိုင်ခြင်းပင်ဖြစ်သည်။ အကြောင်းမူကား နှုတ်ကပါတ်တော်အားဖြင့် ကျွန်တော်တို့အားလုံး လွတ်မြောက်သူများ ဖြစ်သောကြောင့်တည်း။ ဟာလေလုယာ…

(Read (or) Download JBCS Mission Report 2012 PDF File...)

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Friday, 23 August 2013 17:47 )  

Share This Page On

FacebookGoogle BookmarksGoogle BuzzMySpaceTwitter

Myanmar Gospel Songs MP3 Player



Online ရှိနေသူများ

We have 21 guests online

စာရင်းဇယား

Content View Hits : 904941