Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Tuesday
Sep 07th
Home သတင်း ယုဒဿန် တနင်္ဂနွေနေ့ (JBCS Singapore) 11-Jul-2010

ယုဒဿန် တနင်္ဂနွေနေ့ (JBCS Singapore) 11-Jul-2010

E-mail Print PDF

ဆရာယုဒဿန်အောက်မေ့ဘွယ်ရာ တနင်္ဂနွေ
၁၂-ဇူလိုင်-၂၀၁၀

   မြန်မာပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် လာရောက်နေထိုင်ကြသော မြန်မာလူမျိုးစုများ၊ ဆရာကြီးယုဒဿန်တနင်္ဂနွေနေ့တွင် စင်ကာပူ၊ ယုဒဿန်အသင်းတော်မှ ဖိတ်ခေါ်ခြင်းကို လက်ခံပြီး၊ လာရောက် စုပေါင်းကိုးကွယ်ဝတ်ပြုခဲ့ကြပါတယ်။ အသင်းတော်မှာ သင်းအုပ်ဆရာများဖြစ်ကြသော ဆ၇ာသြဂတ်စတပ်၊ ဆရာမျိုးသူ၊ အန်ကယ်စတီဗင် တို့နဲ့အတူ အသင်းသားများစွာ အတူကိုးကွယ်ဝတ်ပြုကြပါတယ်။ မြူးဇစ်အဖွဲ့ခေါင်းဆောင် ဦးမခါးဒို နှင့် မခင်သစ္စာ တို့မှ အခမ်းအနားစီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ သီချင်းမဆိုခင်မှာ ကိုယ်စားလှယ်တစ်ဦးမှ သီချင်းအဓိပ္ပါယ်ကို ရှင်းလင်းပြောပြပါတယ်။ သီဆိုချီမွမ်းပြီးသွားတဲ့ လူမျိုးစုရဲ့ ဓလေ့၊ အထိမ်းအမှတ်သင်္ကေတ၊ မြန်မာပြည်သို့ဘယ်လို ရွေ့ပြောင်းနေထိုင်ကြတယ်.. ဆိုတဲ့အကြောင်းကိုသဘာပတိက ရှင်ပြပါတယ်။ ဘုရားသခင်ကောင်းကြီးပေးပါရန်လည်း အားပေး ပြောကြားသွားပါတယ်။

    ပထမဆုံး ကချင် အဖွဲ့ကိုယ်စား ကချင်နှစ်ခြင်းမိတ်သဟာရ KBCF မှ ရိုးရာသံစဉ်သီချင်းနဲ့ သီဆိုချီးမွမ်းပါတယ်။ ကိုးကွယ်ထိုက်သောဘုရားဖြစ်တယ်.. အဓိပ္ပါယ်ရတဲ့ ကချင်ရိုးရာသံစဉ်သီချင်းကို ဆရာကာမိုင်း စပ်ဆိုပေးခဲ့ပါတယ်။ ကချင်မောင်မယ်များ ၀မ်းမြောက်စွာ တီးမှုတ်၊လှုပ်ရှား၊ သီဆိုခြင်းဖြင့် စတင်ခဲ့ပါတယ်။ ကယား အဖွဲ့ကလည်း "Nothing is Impossible with God" ဆိုတဲ့သီချင်းနဲ့ အားရပါးရ သီဆိုသွားကြပါတယ်။

    အဲဒီနောက်မှာ ဇိုမီးချင်းအဖွဲ့မှ ... "ငါနေရမဲ့ ထာဝရအိမ်တော်" အဓိပ္ပါယ်ရတဲ့ သီချင်းကို ရိုးရာသံစဉ်နဲ့ သီဆိုချီးမွမ်းကြပါတယ်။ ပြီးတော့ တဆက်တည်းမှာ အရှိုချင်း အဖွဲ့က "အလင်းကို လွှတ်ဖို့ရန်" အဓိပ္ပါယ်ရပါတယ်။ ပင်လယ်တစ်ဖက်ကမ်းက လူများခေါ်နေခြင်းကို ၀မ်းမြောက်ဘွယ်၊ ကယ်တင်ခြင်း သီတင်းကောင်းကို ပြောကြားရန် ... ရိုးရာသီချင်နဲ့ သီဆိုချီးမွမ်းသွားကြပါတယ်။


   ထိုနောက် ဆရာသြဂတ်စတ်က အားလုံးနဲ့ မြန်မာပြည်ကြီးအတွက် သင်းအုပ် ပဌနာဆုတောင်းပေးခဲ့ပါတယ်။


    စကောကရင် လူမျိုးများရဲ့ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းတဲ့ သီချင်း သီဆိုကြပါတယ်။ လိုအပ်တဲ့အရာအားလုံးကို ပြည့်စုံစွာချပေးတဲ့ ဘုရားသခင်ကို ချီမွမ်းပါတယ် အဓိပ္ပါယ်ရတဲ့ ရိုးရာ စကောကရင်သီချင်းဖြစ်ပါတယ်။ အဲဒီနောက် ပိုးကရင် လူမျိုးစုရဲ့ သီချင်းကတော့ "ကမ္ဘာအနှံ့ သွားကြစို့"။   သခင်ယေရှုအကြောင်း သတင်းကောင်းကို ပြောကြရန်၊ ပျောက်ဆုံးသောဝိညာဉ်များကို ကယ်တင်ခြင်းရဖို့ သီတင်းကောင်းကို ဘယ်သူသွားပြောမှာလဲ ... အဓိပ္ပါယ်ရတဲ့ သီချင်းနဲ့ သီဆိုချီးမွမ်းပါတယ်။ 



တရားဒေသနာ
ဟောကြားတဲ့ ဆရာကတော့  လားဟူအမျိုးသား  ဆရာဒံယေလဆန်း ဖြစ်ပါတယ်။ အသင်းတော်ကြီးပွားတိုးတက်ခြင်းကို ဟောပြောသွားပါတယ်။ စင်ကာပူမှာ ကျမ်းစာကျောင်းလာတက်သူ ဆရာဖြစ်ပါတယ်။ အသင်းတော်တခုမှာ မတူသော စိတ်သဘော၊ အသွင်သဏ္ဍန်၊ စရိုက်များ မတူညီကြတဲ့ အသင်းသား၊ ယုံကြည်သူများ ..  တူညီသော တပါးတည်းသော ဘုရားသခင်အရိပ်မှာ တလုံးတ၀တည်းဖြစ်ရန် အချက်အလက်များနဲ့ တိုက်တွန်း၊အားပေးသွားပါတယ်။



   ရှမ်းလူမျိုး များအဖွဲ့မှလည်း ရိုးရာရှမ်းသီချင်းဖြင့် သီဆိုချီးမွမ်းသွားပါတယ်။ ကာရနီတောင်ကုန်းပေါ်မှာ ... အဓိပ္ပါယ်ရရှိပါတယ်။  ၀မ်းမြောက်စွာနဲ့ သာယာကျူးဧသီဆိုသွားကြပါတယ်။  လီစူး အဖွဲ့မှလည်း "ယေရှုရဲ့စေတနာများ" အဓိပ္ပါယ်ရတဲ့ သီချင်းဆိုကြပါတယ်။ ဘုရားဘုန်းတော်ထင်ရှားစေသူများဖြစ်ကြရန် အားပေး သီဆိုချီးမွမ်းသွားကြပါတယ်။  လားဟူ လူမျိုးစုကလည်း ဆရာဒံယေလဆန်းနဲ့အတူ "ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာဟာ ပြည့်စုံကြောင်း" အဓိပ္ပါယ်ရတဲ့ ရိုးရာ လားဟူသီချင်းဖြစ်ပါတယ်။ ကယ်တင်ခြင်းကျေးဇူးတော်ကို အောက်မေ့ပါလို့ ချီးမွမ်းသီဆိုသွားကြပါတယ်။  အခါလူမျိုး များက ကောင်းကြီးများအစဉ်သွန်းလောင်းပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ဆိုတဲ့သီချင်းကို ၀ိုင်းဝန်းသီဆိုသွားကြပါတယ်။

   မွန်လူမျိုးစု အဖွဲ့မှ မြန်မာရိုးရာ သံစဉ်နဲ့ မြန်မာပြည်မှာ စတင်ခဲ့တဲ့ ဆရာနောင်လတ်ရေးစပ်တဲ့ သီချင်းကို သီဆိုချီးမွမ်းကြပါတယ်။ ခေါင်းဖြူနေတဲ့ လူကြီးများကတော့ ဒီသီချင်းကို မှတ်မိမယ်ထင်ပါတယ်  လို့ မွန်လူမျိုးစု ကိုယ်စားပြောကြားသွားပါတယ်။ သီချင်းကတော့  "ခရစ်ယန်နိုင်ငံ တည်ထောင်ကြမယ်လေ၊ မြန်ပြည်တလွှား၊ မျှော်ကာမှန်း၊ ရှိုမျှောင်ချိုင့်ဝှမ်း ကျော်ကာလှမ်း၊ တောင်စွန်တောင်ခြား မြစ်ချောင်းတံတားများ၊ ကျော်ဖြက်ကြမယ်လေ ... ယိုင်းပင်းကာပဲ ဖေးမမလေ၊ အလင်းတန်းကယ်မ ရှေ့သို့မသွေ၊ မေတ္တာနိုင်ငံ တည်ဆောက်ကြမယ်လေ .." .. တဲ့။

   နောက်ဆုံးအနေနဲ့ တော့ မြန်မာလူမျိုးများ ရဲ့ ခရစ်တော်ရဲ့ ကျေးဇူးတော်သီချင်းကို မြန်မာရိုးရာဝတ်စုံများနဲ့ မင်းသမီးများ၊ ကိုဘီအေ အုပ်ပေါင်းနဲမြန်မာများ စုပေါင်း သီဆိုချီးမွမ်းသွားပါတယ်။ (ကျေးဇူးတော် အစုံ ဂုဏ်တော် အနတ္တနဲ့ ပြည့်ဝစုံလင်ပါသော အရှင် ...  ကိုယ်တော်ရဲ့ ကျေးဇူးများကို စဉ်းစားရေတွက်ကြည့်ရာ၊ .. ချီးမွမ်းဘွယ်ရာ ..  အသက်တာမှာ ခွန်အားဖြစ်ပေါ်လာ)၂    Cho.. (ဘ၀ သံသရာ ... အခက်အခဲတွေလဲ ရှိမယ် / ၀န်လေးပင်ပန်းသောသူ..၊  ပင်ပမ်းစိတ်နွမ်း .. ဖြစ်မှာပဲ / မြတ်ဘုရားထံမှ ဖိတ်ခေါ်နေ၊  ကိုယ်တော်ရဲ့ နှုတ်ကပတ်တရားများကို စဉ်းစားသတိရပါ၊  ကျေးဇူးတော်ဟာ အသက်တာမှာ ခွန်အားဖြစ်စေပါ) ၂ ... ဒီကမ္ဘာ လောကရဲ့ ငိုခြင်း၊ ရီခြင်း ဆိုတာလေ... ပူလောင်ခြင်း အေးချမ်းသောသူ၊ အကောင်းအဆိုးတွေ၊   ယုံကြည်ခြင်း ခိုင်မာရေးအတွက် .. အလိုတော်အတိုင်းကိုသာ .. ၊  ၀န်ခံကြဖို့..ဖြစ်ပေတယ်..

  ဓါတ်ပုံသတင်းနဲ့ ဂျေဗွီစီမီဒီယာအဖွဲ့ရဲ့ Links များဆက်လက်ကြည့်ရှုပါရန်။

  ကချင်လူမျိုးစု
http://jbcsshowpage.blip.tv/file/3872623/

 

  ကယားလူမျိုးများ
http://jbcsshowpage.blip.tv/file/3872652/

 

 အရှိုချင်းအဖွဲ့
http://jbcsshowpage.blip.tv/file/3872896/

 

 မီဇိုချင်းအဖွဲ့
http://jbcsshowpage.blip.tv/file/3872834/

 

 စကောကရင်အဖွဲ့
http://jbcsshowpage.blip.tv/file/3872787/

 

 ပိုးကရင်လူမျိုးများ
http://jbcsshowpage.blip.tv/file/3872760/

 

 ရှမ်းလူမျိုးများ
http://jbcsshowpage.blip.tv/file/3872806/

 

 လီစူးအဖွဲ့ 
http://blip.tv/file/3872703

 


http://jbcsshowpage.blip.tv/file/3872740/

 

 အခါလူမျိုးစု
http://jbcsshowpage.blip.tv/file/3872865/

 

http://jbcsshowpage.blip.tv/file/3872740/

 မြန်မာအဖွဲ့ ...
ကျေးဇူးတော် သီချင်း

http://jbcsshowpage.blip.tv/file/3873031/


    ကိုးကွယ်ဝတ်ပြုခြင်းကို ပရိဿတ်မှ ပြည်မြန်မာပြည် ဓမ္မသီချင်း၊  မြန်မာပြည်သားများ ခရစ်တော်သိရမည် သီချင်းများဖြင့် သီဆိုပြီး၊ ဆရာတော် သြဂတ်စတတ်က အားလုံးကိုကောင်းကြီးပေး ပြီး ၀တ်ပြုစည်းဝေး အဆုံးသတ်ခဲ့ပါတယ်။...ဗွီဒီယိုကလစ်များကို တစ်စုတစ်ပေါင်းတည်း အလွယ်တကူကြည့်ရှုရန်၊ ယုဒဿန်အသင်းတော် ၀က်ဆိုဒ် http://jbcs.org.sg  မှာကြည့်နိုင်ပါတယ်။

ဂျေဘီစီ မီဒီယာအဖွဲ့
သတင်းမှတ်တမ်း

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Saturday, 17 July 2010 07:16 )  

ဝိညာဉ်သစ်မဂ္ဂဇင်းသို့

မုရန် မဂ္ဂဇင်းသို့

murann_ezine

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ခရစ်တော်နှင့်ဆက်လက်လျှောက်လှမ်းခြင်း - ကျမ်းစာပို့ချချက်

 Download 8MB PDF file - Click Here

 

ခရစ်တော်နှင့်အစပြုခြင်း - ကျမ်းစာပို့ချချက်

ကျမ်းစာသင်တန်းကျမ်းစာသင်တန်းကို အပတ်စဉ် တနင်္ဂနွေ ၁၂း၃၀ မှ ၁၃း၃၀ အထိ ပို့...

 

အပတ်စဉ် ကြေညာချက်များ August-2010 (ကျမ်းစာသင်တန်း၊ Cell Groups, မလေးရှားခရီးစဉ်၊ DVD, VCD၊ အမျိုးသမီးမဂ္ဂဇင်း၊ သခင်စကား..)

သြဂုတ်လ ၂၀၁၀၁။ ကျမ်းစာသင်တန်း ပုံမှန်ပို့ချမှုများ The Navigator Bible Study courses     အပတ်စ...

Online ရှိနေသူများ

We have 20 guests online

စာရင်းဇယား

Content View Hits : 174771