Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Tuesday
Sep 07th
Home သတင်း JBCS အသင်းတော် နှင့် M.V Doulos သင်္ဘော

JBCS အသင်းတော် နှင့် M.V Doulos သင်္ဘော

E-mail Print PDF

Doulos-Ticket

                     M.V Doulos ဆိုတဲ့ သင်္ဘောဟာ ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး ပင်လယ်ပြင်သွား ခရီးသည်တင် သင်္ဘောတစ်စင်း ဖြစ်ပါတယ်။ Titanic သင်္ဘော တည်ဆောက်ပြီး (၂) နှစ်အကြာ (၁၉၁၄) မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်၊ အဲဒီ သင်္ဘော ပေါ်မှာ နိုင်ငံပေါင်း (၆၀) ကျော်မှ ပါဝင်ကူညီ ဆက်ကပ် လုပ်ဆောင်သော ၀န်ထမ်း အင်အား (၃၂၀) ကျော်ရှိပါတယ်။

                     M.V Doulos သင်္ဘောဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း (၃၀) အတွင်းမှာ မြန်မာနိုင်ငံ အပါအ၀င်  နိုင်ငံပေါင်း (၁၀၀) ကျော်ကို လှည့်လည် သွားရောက် ခဲ့ပြီး ဒေသခံ ဧည့်သည် ပေါင်း (၂၁) သန်း ကျေ၁်ကို သင်္ဘောပေါ်သို့ တင်ဆောင် ဖိတ်ခေါ်ကာ သူ့ရဲ့ နိုင်ငံများစွာမှ သင်္ဘောသား များနှင့် တွေ့ဆုံ၍ သူတို့ရဲ့ ခရီးသွား အတွေ့အကြုံများ၊ ဗဟုသုတ နှင့် ပညာရေး အကူအညီများ၊ ၀ိညာဉ်ရေးရာ ကယ်တင်ခြင်း။ ယုံကြည် မျှော်လင့်ချက်များပေးကာ မိတ်သဟာရ ဖွဲ့နိုင်ခဲ့ပါတယ်။

                     သင်္ဘောပေါ်တွင် စာကြည့်တိုက် နှင့် စာအုပ်အရောင်းဆိုင် များလည်း ဖွင့်လှစ် ထားပါတယ်၊ သင်္ဘော ပေါ်မှာ ခရစ်ယာန် ဘာသာရေး စာအုပ်များ၊ ကလေးများ အတွက် စာအုပ်များ၊ ပညာရေး၊ ၀ါသနာ၊ အဘိဓါန်များ နှင့် ၀ထ္ထုများ (၅) သိန်းကျော် ထားရှိပါသည်၊ သင်္ဘောပေါ်သို့ တက်ရောက် လည်ပတ်၍ သင်္ဘောသား ၀န်ထမ်းများနှင့် တွေ့ဆုံကာ အင်ဂျင်ခန်း၊ ကုန်းပတ်၊ မီးလောင်မှု အန္တရာယ် တားဆီးရေး ပစ္စည်းများ ထားရှိရာ အခန်းများ သို့ ဦးဆောင်ရှင်းပြ သူများဖြင့်  လူဦးရေ (၇)ယောက် လျှင် (၄၅) မိနစ်ခန့် လေ့လာကြည့် ရှူနိုင်ရန် ဖိတ်ခေါ် လျှက်ရှိ ပါသည်။

 Doulos-Ship

                      M.V Doulos  သင်္ဘောဟာ (OM) အဖွဲ့ ရဲ့ အစိတ်အပိုင်း လုပ်ဆောင်ချက် တစ်ခုဖြစ်ပါတယ်၊ (OM) အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံ ပေါင်း များစွာမှ လူဦးရေ (၅၅၀၀) ကျော် ပါဝင်ဆက်ကပ် လုပ်ဆောင်လျှက် ရှိတဲ့ သာသနာပြုအဖွဲ့ ဖြစ်ပါတယ်၊ (OM) အကြောင်း အသေးစိတ် သိလိုပါက (www.omsingapore.com) သို့ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

                     ယခု အခေါက် အောက်တိုဘာလ ၂၀၀၉ ခုနှစ်မှာတော့ Doulos သင်္ဘောဟာ မြန်မာနိုင်ငံသို့  ဝင်ရောက် ဆိုက်ကပ်ရန် အခြေအနေ မပေးသဖြင့် မြန်မာတိုင်းရင်းသား များစွာ ရောက်ရှိနေထိုင် အလုပ်လုပ် ကိုင်နေသော စင်္ကာပူနိုင်ငံသို့  ဆိုက်ကပ်ကာ မြန်မာတိုင်းရင်းသားများ ကိုသင်္ဘော ပေါ်သို့ ဖိတ်ခေါ်ရန် JBCS အသင်းတော် သို့  ဆက်သွယ် ကမ်းလှမ်း ခဲ့ပါတယ်။

                      ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁၁)ရက် တနင်္ဂနွေနေ့ တွင် JBCS မှ အသင်းအုပ် ဆရာ Rev. Augustus နှင့် အသင်းတော် လူကြီးများ၊ အသင်းသူ အသင်းသား များနှင့် Doulos သင်္ဘော မှ ဦးဆောင်သူများ ပူးပေါင်း၍ မြန်မာတိုင်းရင်းသား (၃၀၀) ကျော်ကို သင်္ဘော ခန်းမ အပြည့် အလျှံ ဖိတ်ခေါ် နိုင်ခဲ့ပါသည်။

                     JBCS နှင့် M.V Dolous သင်္ဘောမှ ဦးဆောင်သူများက လာရောက် လေ့လာ လည်ပတ်သူ များကို အခမ်းအနား အပြင်အဆင် ဖြင့်ကြိုဆို၍ မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ မြန်မာ့ ရိုးရာ ၀ိညာဉ်ရေးရာအငြိမ့်သဘင် နှင့် ဓမ္မဒေသနာ သင်္ဘော အတွေ့ အကြုံ များကို သက်သေခံ ဝေငှ ခြင်းများဖြင့် မိတ်သဟာရ ဖွဲ့ နိုင်ခဲ့ပါတယ်။

                       အချက်အပြုတ် ကျွမ်းကျင်သော Naw Mabelle နှင့် အဖွဲ့၏ မြန်မာ့ မုန့် ဟင်းခါး၊  M.V Dolous အဖွဲ့ ၏ အချိုရည်အအေး နှင့် သက်သေခံ ဝေငှချက် တေးသရုပ်ဖေါ်များ၊ ရဲဝင့်လတ် နှင့် ဂျွန်သားငယ် ဦးဆောင်သော JBCS Youth Fellowship အဖွဲ့ ၏ ချီးမွမ်းခြင်း တေးသီချင်းများ၊ စာရေးဆရာ၊ ဇာတ်ဆရာ မင်းအောင်သက်လွင် ဦးဆောင်သော မြန်မာတိုင်းရင်းသားခရစ်ယာန်အငြိမ့်(စင်ကာပူ) အဖွဲ့မှ လူပြက်များ(လူရွှင်တော်များ) ဖြစ်ကြသည့် မိုးထိ(သူရကျော်)၊ ဘိုးတံ(မင်းထွန်းသက်လွင်)၊ ပုတက်(စိုးနိုင်ဦး) နှင့် ပိန်ရိုး(မင်းအောင်သက်လွင်) တို့မှ အက ပညာရှင် မင်းသမီး Grace နှင့်တွဲဖက်လျှက် ပညာပေး ဟာသ ပြက်လုံးများ၊ တစ်ခန်းရပ် ဟာသ ပြဇာတ်တိုများ နှင့် မြန်မာ့ရိုးရာ အငြိမ့် ကကွက်များ၊ အလုံးစုံတို့ဟာ လာရောက် လေ့လာ လည်ပတ်သူ များရဲ့ ရင်ထဲဝယ် အလွန်ပင် ကျေနပ် နှစ်ထောင်း အားရဖွယ် ဖြစ်ခဲ့ရပါတော့တယ်။

                         M.V Dolous သင်္ဘောပေါ်သို့ သွားရောက်ခြင်း ဗွီဒီယိုကို အောက်တွင်ကြည့်ရှူနိုင်ပြီး အငြိမ့်၊ ဓမ္မဒေသနာ၊ သက်သေခံခြင်း အသေးစိတ် ကို ဤနေရာ JBCS TV / Sermon ခေါင်းစဉ် အောက်တွင် ရှာဖွေ ကြည့်ရှူနိုင်ပါသည်၊ M.V Doulos  website မှာ www.mvdoulos.org ဖြစ်ပါတယ်။ အစီအစဉ် တွင် ခရစ်တော်၌ ပါဝင် ကူညီ ဆပ်ကပ် ကြသူ အပေါင်းကို အထူး ကျေးဇူး တင်ရှိပါသည်။

Program Arrangement- Rev. Augustus၊ ဆရာမျိုးသူ၊ သတင်းမှတ်တမ်း- အောင်သူအေးအောင်၊ ဗွီဒီယို ရိုက်ကူး တည်းဖြတ်- နေသူရိန်မောင်၊ ဇော်ထူး၊ မှတ်တမ်းဓါတ်ပုံ-ခိုင်ခန့်ခုပ်၊ အသံ- Doulos Media Group၊

JavaScript is disabled!
To display this content, you need a JavaScript capable browser.

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Saturday, 03 April 2010 02:39 )  

ဝိညာဉ်သစ်မဂ္ဂဇင်းသို့

မုရန် မဂ္ဂဇင်းသို့

murann_ezine

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ခရစ်တော်နှင့်ဆက်လက်လျှောက်လှမ်းခြင်း - ကျမ်းစာပို့ချချက်

 Download 8MB PDF file - Click Here

 

ခရစ်တော်နှင့်အစပြုခြင်း - ကျမ်းစာပို့ချချက်

ကျမ်းစာသင်တန်းကျမ်းစာသင်တန်းကို အပတ်စဉ် တနင်္ဂနွေ ၁၂း၃၀ မှ ၁၃း၃၀ အထိ ပို့...

 

အပတ်စဉ် ကြေညာချက်များ August-2010 (ကျမ်းစာသင်တန်း၊ Cell Groups, မလေးရှားခရီးစဉ်၊ DVD, VCD၊ အမျိုးသမီးမဂ္ဂဇင်း၊ သခင်စကား..)

သြဂုတ်လ ၂၀၁၀၁။ ကျမ်းစာသင်တန်း ပုံမှန်ပို့ချမှုများ The Navigator Bible Study courses     အပတ်စ...

Online ရှိနေသူများ

We have 11 guests online

စာရင်းဇယား

Content View Hits : 174776