Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Monday
Oct 23rd
Home ကလေးများအတွက် ယာကုပ်နဲ့ ဧသော

ယာကုပ်နဲ့ ဧသော

E-mail Print PDF

ခလေးတို့ရေ

ပြီးခဲ့တဲ့အပတ်က ယာကုပ်နဲ့ ဧသော အကြောင်းဆက်ပြောပြမယ်နော်။

ဒီလိုကွဲ့… သားဦးရမယ့် ကောင်းချီးမင်္ဂလာကို ညီဖြစ်တဲ့ ယာကုပ်ရသွားတာကို သိတာနဲ့ ဧသော ဒေါသူပုန်ထတော့တာပေါ့။ ဒါကိုသိတဲ့ ယာကုပ်ဟာ ကြောက်လန့်ပြီး အဝေးတစ်နေရာမှာနေတဲ့ သူ့ဦးလေးဆီကို ထွက်ပြေးပါလေရော။ တစ်ညမှာ ကန္တာရထဲသွားရင်း မောပန်းလို့ ကျောက်ခဲကို ခေါင်းအုံးလုပ်ပြီး အိပ်ပျော်သွားတယ်ကွဲ့။ ပြီးတော့ အလွန်အံ့သြစရာကောင်းတဲ့ အိမ်မက်ကို မက်တယ်တဲ့။jacobs-dream

အိပ်မက်ထဲမှာ မိုးကောင်းကင်အထိမြင့်တဲ့ လှေကားထစ်ကို တွေ့ပြီးတော့ ကောင်းကင်တမန်တွေ တက်လိုက်ဆင်းလိုက် လုပ်နေတာကို မြင်ရသတဲ့။ ထာဝရဘုရားသခင်က ယာကုပ်ကို သူအိပ်တဲ့ ဒီမြေနေရာကို သူ့အမျိုးအနွယ်ကို ပေးမယ်လို့ ပြောတယ်တဲ့။ နောက်ဆုံးတော့ ယာကုပ်ဟာ သူ့ဦးလေးအိမ်ကို ရောက်သွားတယ်။ သူ့ဦးလေးမှာ လေအာနဲ့ ရာခေလ လို့ခေါ်တဲ့ သမီး နှစ်ယောက်ရှိတယ်တဲ့။

ယာကုပ်ဟာ ရာခေလနဲ့ မေတ္တာရှိပြီး လက်ထပ်ခွင့်တောင်းတယ်တဲ့။ သူ့ဦးလေးက ခုနှစ် နှစ် သူ့ဆီမှာ အလုပ်လုပ်ပြီးရင် ပေးစားမယ်ပေါ့။ ခုနှစ် နှစ်ပြည့်တော့ သူ့ဦးလေးက လက်ထပ်ခွင့်ပြုလိုက်တယ်။ လက်ထပ်တဲ့နေ့မှာ သတို့သမီးမျက်နှာကို ပုဝါအုပ်ထားတယ်တဲ့။ နောက်မှ သိရတာက သူလက်ထပ်တဲ့ သူဟာ သူချစ်တဲ့ ရာခေလ မဟုတ်ဘဲ လေအာဖြစ်နေတယ်ကွဲ့။ ဒါနဲ့ သူ့ခမျာ နောက်ထပ် ခုနှစ် နှစ် အလုပ်လုပ်ရပြန်ပါရော။ ဘာပဲပြောပြော နောက်ဆုံးမှာတော့ သူ့ရဲ့ဇွဲကြောင့် သူ့ချစ်သူ ရာခေလနဲ့ လက်ထပ်ထိမ်းမြားခွင့် ရသွားတယ်တဲ့။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ယာကုပ်ဟာ သူ့အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။  သူ့အစ်ကို စိတ်ဆိုးနေတုန်းပဲလား ဆိုပြီး စိုးရိမ်ရှာတယ်။ ဒါပေမယ့် ဧသောဟာ သူ့ညီကို မြင်တော့ အားရ၀မ်းသာ ပွေ့ဖက်ကြိုဆိုတယ်တဲ့။

jacob-esauဧသောရဲ့ အစ်ကိုကြီး ပီသစွာ ခွင့်လွှတ်တတ်တဲ့ စိတ်သဘောကြောင့် ညီအစ်ကို နှစ်ယောက် သင့်မြတ်ပျော်ရွှင်စွာ နေထိုင်သွားကြတာပေါ့ကွယ်။

သားတို့ သမီးတို့လဲ သူတစ်ပါး အပြစ်ကို ခွင့်လွှတ်တတ်တဲ့သူတွေ ဖြစ်ပါစေလို့ အန်တီတာတာ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ကွယ်။

မှီညမ်း။          ။ Candle Bible for Toddlers

Comments (1)Add Comment
...
written by lal lawm sangi, April 30, 2013
smilies/smiley.gif smilies/smiley.giftoday ,,i got this program. thank you
from
Newzealand
report abuse
vote down
vote up
Votes: +0

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Monday, 28 November 2011 17:43 )  

Online ရှိနေသူများ

We have 12 guests online

စာရင်းဇယား

Content View Hits : 904935