Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Monday
Oct 23rd
Home ကလေးများအတွက် ဗာဗုလုန်ရဲတိုက်ကြီး

ဗာဗုလုန်ရဲတိုက်ကြီး

E-mail Print PDF

သားသားမီးမီးတို့ကို ဒီတစ်ပါတ် အန်တီတာတာ ပြောပြမယ့် ကျမ်းစာ ထဲက အကြောင်းလေးက ဗာဗုလုန် ရဲတိုက်ကြီး

ဆောက်တဲ့အကြောင်းပေါ့...babylon_people

                  ကမ္ဘာကြီးကို ရေလွှမ်းမိုးပြီးတဲ့နောက် နောဧရဲ့သားဆွေစဉ်မျိုးဆက်တွေက မြေကြီးပေါ်မှာ သီးခြားတိုင်းပြည်တွေ တည်ထောင်ပြီး နှံ့ပြားစွာနေထိုင်ကြတယ်တဲ့။ အဲဒီအချိန်မှာ လူတွေအားလုံးဟာ ဘာသာတစ်မျိုး၊ စကားတစ်မျိုးတည်း ပြောကြတာပေါ့။ အဲဒီလူတွေ အရှေ့ဘက်ကို ရွေ့လျားလာပြီး မြေကြီးညီညာတဲ့ နေရာကို ရောက်လာတော့ မြို့တည်ထောင်ပြီး အလွန်မြင့်တဲ့ ရဲတိုက်ကြီး ဆောက်ဖို့ တိုင်ပင်ကြတယ်။ အဲဒီ ရဲတိုက်ကို ကောင်းကင်ထိ ရောက်အောင် ဆောက်မယ်ပေါ့။ သူတို့ နာမည် ကျော်ကြား ဖို့အတွက် လုပ်ဆောင်မှု ပေါ့နော်။

                  ဒါကို ဘုရားသခင် သိတော့ စိတ်ဆိုးတာပေါ့ကွယ်။ ဒါကြောင့် သူ့ရဲ့ တန်ခိုးတော်နဲ့ ဘာသာစကားတွေကို ကွဲပြားစေပြီး နားမလည်အောင် ရှုပ်ထွေး စေလိုက်တယ်။ လူတွေလည်း တစ်ယောက် နဲ့ တစ်ယောက် စကားတွေ ကွဲပြားပြီး နားမလည်ကြတော့ ရဲတိုက်ကြီးကို ဆက်မဆောက်နိုင်တော့ဘဲ တစ်ဝက် မှာ ရပ်လိုက်ရတာပေါ့ ကလေးတို့ရေ။ ကောင်းကင်ထိ ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ပေါ့ကွယ်။

babylon_castle                  ဘာသာစကားတွေ ကွဲပြားပြီး ရှုပ်ထွေးစေတဲ့ အဲဒီ နေရာကို ဗာဗုလုန်မြို့လို့ ခေါ်သလို သူတို့ ဆောက်တဲ့ ရဲတိုက် ကိုလည်း ဗာဗုလုန် ရဲတိုက်လို့ ခေါ်တွင်ခဲ့တယ်တဲ့။

                  ဒါကြောင့် ကလေးတို့ အားလုံး ဘုရားသခင်ကို ကြောက်ရွံ့ပြီး သူ့ရဲ့ အလိုတော်နဲ့ ဆန့်ကျင်ပြီး ဘာမှ မလုပ်ကြဖို့ အန်တီတာတာ ဆန္ဒပြု လိုက်ပါတယ်ကွယ်။

Comments (3)Add Comment
...
written by kabawsoe, September 15, 2013
ဆရာမရေ... ဆရာမတင်ထားတဲ့ကလေးပုပြင်တွေကို အရမ်းကောင်ပါတယ်.။
Sunday School နှင့်ပတ်တဲ့သင်ခန်ားများကို များများတင်ပေးပါနေ်...ကျေးဇူးပြုပြီး......
report abuse
vote down
vote up
Votes: +1
...
written by Moe lay, July 28, 2013
ဘာကြောင့် လူမျိုးကွဲပြားရတာလ ဆိုတော့. ဘုရားကို အန်တုတယ်. မာနကြီးတယ်.
report abuse
vote down
vote up
Votes: +1
...
written by Naw Jule Anna Htoo, December 18, 2010
smilies/smiley.gif ပုံပြင်တွေကကောင်းပ တယ်... ကျေဇူးပြုတခြားအပြင ကရုပ်ပြပုံပြင်တွေိုတင်ပေးစေခြင်ပါတယ်...
ကျမ်းစာထဲကလဲပါ,ပါတယ်...အဓိကကတော. ကမရကလေးတွေအတွက်ပါဘ ....
ပြီးတော့ကလေးတွေစိတ ၀င်စားမယ့်လက်မှုလေ ပါတင်ပေးစေချင်ပါတယ်
ကျေးဇူးတင်ပါတယ်





smilies/smiley.gif smilies/smiley.gif
report abuse
vote down
vote up
Votes: +0

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Sunday, 05 December 2010 22:56 )  

Share This Page On

FacebookGoogle BookmarksGoogle BuzzMySpaceTwitter

Myanmar Gospel Songs MP3 Player



Online ရှိနေသူများ

We have 30 guests online

စာရင်းဇယား

Content View Hits : 904945