သားသားမီးမီးတို့ ရေ...
ဒီအပတ်မှာတော့ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း အကြောင်းကို အန်တီတာတာ ပြောပြမယ်နော်…
အစ အဦးတုံးက ကမ္ဘာကြီးမှာ လူမရှိ၊ တိရိ စ္ဆာန်မရှိ၊ အလင်းရောင် မရှိ၊ ဘာဆို ဘာမှ မရှိဘူးတဲ့ ကွယ်... အမှောင်ထု ကြီးသာ ဖုံးလွှမ်းလို့  နေတယ်ကွဲ့ ။ ဘုရားသခင် က ဘာမှ မရှိတဲ့ ကမ္ဘာကြီး ကိုလှပ ပြည့် စုံအောင် ပြုလုပ်ဖို့  အကြံ အစည် ရှိတာပေါ့ ။
ပထမဆုံးနေ့ မှာ အလင်း ဖြစ်စေ လို့ ပြောလိုက် တာနဲ့ အလင်းရောင် ဖြစ်လာပြီး နေ့ နဲ့  ညလို့  ခွဲခြား လိုက်တယ်ကွဲ့ ...
တစ်ခါ ဘုရားသခင် က ပင်လယ် ထဲမှာ ရေတွေထည့် ၊ ကောင်းကင် မှာလဲ တိမ်တိုက်တွေနဲ့  ပြည့်စေ ပြန်ရော၊ အဲဒါ ဒုတိယနေ့ ပေါ့ ကလေးတို့  ရေ...

တတိယမြောက် နေ့ မှာတော့ ဘုရားရှင် က ခြောက်သွေ့ တဲ့ ကုန်းမြေ၊ တောင်တန်း၊ ချိုင့်ဝှမ်းနဲ့ မြစ်ချောင်းတွေ ကို ဖန်ဆင်း ပြန်သတဲ့၊ ဘယ်လောက် လှပ သလဲနော်...
စတုထ္ထနေ့ ရောက်တော့  ကောင်းကင်မှာ နေလုံးကြီးကို တပ်လိုက် တယ်တဲ့ ...
အဲ့ ဒီ ညဘက်မှာ လမင်းကြီးရယ်၊ ကြယ်စုကြယ်တန်း နဲ့ အင်မတန် တောက်ပတဲ့  ကြယ်လုံးကြီးတွေ ပထမဆုံး အကြိမ်ထွက်လာကြသတဲ့ ...

သားသား မီးမီးတို့ ရေ...ဘုရားရှင်ဟာ ပင်လယ်ထဲမှာ ငါးမျိုးစုံ ဖြစ်ပွားစေပြီး ကောင်းကင် မှာလဲ ရောင်စုံ ငှက်တွေ အမျိုးမျိုး ကို ပျံသန်း စေသတဲ့...
ခြောက်ရက်မြောက် ဆဌမနေ့ မှာတော့ မရေမတွက်နိုင်တဲ့ တိရိစ္ဆာန် အမျိုးမျိုး ကို ဖန်ဆင်းပြီး ဖန်ဆင်း ထားသမျှ အရာခပ်သိမ်းကို ထိန်းသိမ်းဖို့  သူ့ရဲ့ ပုံသဏ္ဍာန်နဲ့ တူတဲ့ လူယောင်္ကျားကို ဖန်ဆင်းလိုက် ပြန်ရော။ အဲ့ဒီ ပထမဆုံး လူသားကို ဘုရားရှင်က အာဒံ လို့  နာမည် ပေးလိုက်တယ်ကွဲ့...
ကလေးတို့ ရေ...
အရာခပ်သိမ်း ပြည့် စုံ အောင် ဖန်ဆင်းပြီးတဲ့ နောက် သတ္တမနေ့  မှာတော့ ဖန်ဆင်းရှင် ဟာ ငြိမ်ဝပ်စွာ အနားယူ သတဲ့ ကွယ်။ ဖန်ဆင်းရှင် ဘုရားသခင်ဟာ အစ ကနဲ့  မတူ၊ အရောင် အသွေး စုံလင်ပြီး အသက်ဝင် လှုပ်ရှားနေတဲ့ ကမ္ဘာကြီး ကိုကြည့်ပြီး အားရ ကျေနပ်စွာ သဘောကျ လျှက်ရှိ နေတာ ပေါ့ ကွယ်။
အင်မတန် မှ နေချင်စရာ ကောင်းတဲ့ ကမ္ဘာ လောကကြီး ကို ဖန်ဆင်း ပေးခဲ့ တဲ့ ဖန်ဆင်းရှင် ဘုရားသခင် ကို အန်တီတာတာ နဲ့  ကလေးတို့ အားလုံး အမြဲတမ်း ကျေးဇူးတင် နေကြ ရအောင်နော်။
ဝန်ခံချက်။ ။ Candle book မှ ကလေးများ တွက် ပုံပြင် ကို မှီငြမ်း ပါသည်။

written by james, March 01, 2010
written by Toe thansin, February 20, 2010
Thank you very much in the future send me more
| < Prev | Next > |
|---|





