Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Monday
Oct 23rd
Home စာစောင် Judson Baptist Church Singapore Constitution

Judson Baptist Church Singapore Constitution

E-mail Print PDF

Judson Baptist Church Singapore Constitution


၁တိ၃း၁-၇။

၁။သင်းအုပ်အရာကိုတောင့်တသောသူသည်ကောင်းသောအမှုအရာကိုတောင့်တသည်ဟူသောစကားသည် မှန်သောစကားဖြစ်၏။

၂။ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတယောက် တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣနြေ္ဒစောင့်သောသူ၊ လျောက်ပတ်စွာကျင့်သောသူ၊ ဧည့်သည်ဝတ်ကိုပြု တတ်သောသူ၊ ဆုံးမသြဝါဒ ပေးတတ်သောသူဖြစ်ရမည်။

၃။စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သောစီးပွါးကို တပ်မက်ခြင်းမရှိ၊ စိတ်ဖြည်းညှင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက် သောသူ ဖြစ်ရမည်။

၎။မိမိအိမ်ကို ကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။

၅။မိမိအိမ်ကို မအုပ်စိုးတတ်လျှင်၊ ဘုရားသခင် ၏အသင်းတော်ကို အဘယ်သို့ ပြုစုလိမ့်မည်နည်း။

၆။မာနနှင့် ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာ ရှိ၍၊ ဘာသာဝင်လူ သစ်မဖြစ်ရ။

၇။ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဘမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူတို့တွင် အသရေရှိသောသူဖြစ်ရမည်။

 

တိတု၁း၆-၉။

၆။အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်း ရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီးတို့သည် ကာမဂုဏ်၌လွန်ကျူးးသည်ဟု အပြစ်တင် ခြင်း၊ နားမထောင်ခြင်းနှင့်လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။

၇။အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောသူ မဖြစ်ရဘဲ၊

၈။ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣနြေ္ဒစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ကိုချုပ်တည်း သောသူဖြစ်ရမည်။

၉။စင်ကြယ်သောသြဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင် မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသော သစ္စာစကားတော်ကို အမြဲစွဲလမ်း သောသူဖြစ်ရမည်။

 

To Read or Download Judson Baptist Church Singapore Constitution (Click Here).

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Monday, 27 October 2014 00:50 )  

Share This Page On

FacebookGoogle BookmarksGoogle BuzzMySpaceTwitter

Myanmar Gospel Songs MP3 Player



Online ရှိနေသူများ

We have 14 guests online

စာရင်းဇယား

Content View Hits : 904938