ဘုရားရှင်ရှေ့က သွားနေသည်

လု ၂၂း၁၃ တပည့်တော်တို့သည် သွား၍ စကားတော်အတိုင်းတွေ့လျင် ပဿခါပွဲကို ပြင်ဆင်ကြ၏။
မလှဲစဘူး အလှဲထူးမည့် တဲမြက်စည်းကို လှဲမည် ဆိုပါမှ တံမြက်စည်း ကျိုးပဲ့သွား၍ အသစ်သွားဝယ်ရကာ အချိန်ကုန်လူပင်ပန်း ငွေကုန်ခဲ့ရသည်။ တစ်ခါမျှစီးစရာမလိုသော ၂၄ ဘတ်(စ်)ကား တစ်စီးပြီးတစ်စီး ဆက်တိုက်လာနေသည်။ သို့သော် အလွန်အရေးကြီးသော ကိစ္စဖြင့် လေဆိပ်ဆင်းရန် အလျင်လိုသောအခါ ထိုဘတ်(စ်) ၂၄ မလာတော့ပြီ။ နာရီဝက်ကြာသည့်တိုင်အောင် မှတ်မှတ်ရရ စောင့်ဘူးသည်။
ပဿခါအတွက် ပြင်ဆင်ရန် ရှိမုန်၊နှင့် ယောဟန်ကို ခရစ်တော် စေလွှတ်လိုက်သည်။ ခရစ်တော်မိန့်မှာ ချက်အတိုင်းလိုက်လျှောက်သောအခါ ခရစ်တော်ပြောသည့်အတိုင်း အထက်ခန်းမှာ ပြင်ဆင်ထားပြီး ဖြစ်သည်။ နေရာမှာ ရွေးထားပြီး ဆက်သွယ်ရမည့် သူသည်လည်း အကြောင်းစုံ သိပြီးသား၊ ပဿခါသိုးငယ်ကို တပည့်တော်များ ပြင်ဆင်ရသော်လည်း အခြားခြားသော စားစရာမှ အစ အလုံးစုံကို အိမ်ရှင်က ပြင်ဆင်ထားမည်မှာ ဧကန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ ရှေ့ မှ ဘုရားသည် အစဉ်သွားနေ၍ လမ်းခရီးကို ပြင်ဆင်ထားလေသည်။ ဘုရားရှင်နှင့် မိတ်ဿဟာရဖွဲ့ရန် ကျွန်ုပ်တို့ ကြိုးစားလျင် သူသည် အစဉ်လမ်းကို ပြင်ဆင်ထားသည်။
ဟေ ၃၀း၂၁ တွင် ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌ သွားလော့ ဟု ဆိုထား၏။ သူ၏ ရွေးကောက်ခိုင်းစေချက်အရ ကျွန်ုပ်တို့က မိန့်မှာ အတိုင်းပါဝင် ဆက်ကပ်လာလျင် သူသည် ရှေ့ မှ လမ်းခရီးကို ပြင်ဆင်ပေးလျက် အစစအရာရာကို ပြင်ဆင်ပေးနေမည် ဖြစ်သည်။ စင်္ကာပူ ရောက်လာ၍ တွေးထင်ထားသလို တစ်ခုမှ အဆင်မပြေ သေးသော်လည်း ဘုရားရှင်၏ အလိုတော်ကို လိုက်လျှောက် ဆပ်ကပ် အသက်ရှင်ခြင်း၊ သူ့ကို ပိုမိုကိုးစားခြင်းဖြင့် မကြာမီသော အချိန်၌ အစစ အရာရာကို အကောင်းဆုံး ပြင်ဆင်ပေးနေကြောင်း လက်တွေ့ ခံစားရမည်မှာ ဧကန်ပင် ဖြစ်လေသည်။
အမှုတော်မြတ်၌
သြဂတ်စတတ်

| < Prev | Next > |
|---|





