အဖေ့ကိုပဲ ယုံသည်။
ဆာ ၁၂၅း၁ ။ ထာဝရ ဘုရားကို ခိုလှုံသော သူတို့သည် မတုန်မလှုပ် အစဉ်အမြဲ တည်သော ဇိအုန် တောင်ကဲ့သို့ ဖြစ်သည်။
ကမ္ဘာလှည့် ခရီးသည်တစ်စု စကော့တလန်ပြည်ရှိ အလွန်လှပသော ကျောက်တောင်ထူထပ်သည့် ဒေသတွင် လှည့်လည် ကြည့်ရှု့ နေလေသည်။ တစ်နေရာအရောက်တွင် အလွန်နက်ရှိုင်းသော ကျောက်ကမ်းပါးယံ နှစ်ခုကြား၌ လှပမိန်းမောဖွယ်လောက်အောင် ပေါက်နေသော ပန်းတစ်မျိုးကို သူတို့တွေ့သောအခါ မည်သို့ ခူးယူရမည်ကို သူတို့ စဉ်းစားကြလေသည်။ တစ်နည်းပင်ရှိလေသည်။ လူတစ်ယောက်ကို ခါးတွင်ကြိုးချည်၍ ထိုနက်ရှိုင်းသော ကပါးယံနှစ်ခုကြားသို့ တွဲလောင်းချခူးယူဘို့သာလျင် ရှိတော့သည်။ သို့သော် မည်သူမျှ မစွန့်စားရဲကြပေ။
ထိုအချိန်တွင် သိုးကျောင်းသားလေးတစ်ယောက် အနားက ဖြတ်သွား၍ သူတို့က ပိုက်ဆံများစွာပေးမည်။ ထိုပန်းကို ခူးပေးပါဟု ခွင့်ပန်လေသည်။ ထိုအခါ လူငယ်လေးက ထိုအလုပ်သည် အလွန် အန္တာရယ်များကြောင်း၊ သူ့ကို ခါး၌ ကြိုးချည်၍ ထိန်းထားမည့်သူတစ်ယောက်ကိုမျှ အယုံအကြည်မရှိကြောင်း ဟူ၍ ဆိုလေသည်။သို့သော်လူငယ်က ဆက်၍ ပြောသည်မှာ မိမိ၏ဖခင်က ထိုကြိုးကို ထိန်းထားမည်ဆိုလျင် သူယုံကြည်စိတ်ချစွာဖြင့် ထိုကပါးယံကြားသို့ ဆင်းရဲကြောင်း ပြောလေသည်။ ထိုအခါ ခရီးသည်များက သူ၏ ဖခင်ကို ခေါ်စေ၍ ပန်းကို ခူးယူစေပြီးလျင် ပိုက်ဆံများစွာ လူငယ်ကို ဆုချလေသည်။
မိမိတို့၏ လောကဖခင်များကို ဤမျှလောက် ယုံကြည်နိုင်လျင် ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူသော အဖဘုရားသခင်ကို ပိုမို၍ စိတ်ချယုံကြည်နိုင်ရမည်ဖြစ်လေသည်။ ယနေ့ဒုက္ခအပေါင်းနှင့် ဆင်းခဲ့ရသော ဤစင်္ကာပူနိုင်ငံသို့လည်း ကျွန်ုပ်တို့တစ်ယောက်တည်းဆင်းခဲ့ခြင်းမဟုတ်၊ ကောင်းကင်ဘုံရှင်အဘ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူဆင်းခဲ့၍ လှပသော ပန်းတည်းဟူသော မိမိတို့၏ ဘ၀ရည်မှန်းချက်များကို ဆွတ်ခူးနိုင်ရန် အစဉ်တစ်စိုက် ကူညီမစနေသည်သာ ဖြစ်လေသည်။ အရေးကြီးသည်မှာ ထိုဖခင်ကို အကြွင်းမဲ့ ယုံကြည်၍ မိမိအသက်တာကို လုံးဝပုံအပ်ထားရန်သား ဖြစ်လေသည်။
အမှုတော်မြတ်၌
စောသြဂတ်စတတ်

written by tinzarmaw, August 30, 2010
thank you so much for your message,,,,so energetics to me.
written by moemoe, July 25, 2010
Without God we are nothing
written by Nan Yu Thet (Maybelline C-M), June 07, 2010
written by Nan Yu Thet (Maybelline C-M), June 07, 2010
I have been a Buddhist for so many years. Frannkly, when it comes to Christianity, according to what parents told me, I thought that Christianity is funny.
I am living in CA, US. Last Month, I was pulled over by Santa Clara CITY PD for speeding in front of the church. I admitted myself that I sped over abit from Freeway to Local. I was going 85 in Freeway I was pulled over in front of church several times in a month. I remember I did go to church before last month to pray at that same church I was pulled over by. 4 times, I did not get tickets for speeding, even though I did speed, even though I was pulled over. That's a miracle.
written by Nan Yu Thet (Maybelline C-M), June 07, 2010
written by OM, May 18, 2010
written by OM, May 17, 2010
written by Naw Dar Gay, May 15, 2010
Thank u so much .
written by Tun Tun Myint, May 02, 2010
Thank you very much for sharing.
| < Prev | Next > |
|---|





