
စင်ကာပူက နေ့စဉ်ခွန်အား ထုတ်ဝေတဲ့ RBC Ministry ဌာနချုပ် လုပ်အားပေးအစီအစဉ် ပါဝင်ရေးအတွက် Orientation Program ကို အောက်တိုဘာ ၁၀ရက် (စနေ) ညနေ ၁နာရီခွဲအချိန်မှာ 5 Pereira Road, #07-01 Asiawide Industrial Building ကို သွားရောက်ခဲ့ပါတယ်။ ဒါရိုက်တာ ခရစ်စတီးနား နဲ့ လက်ထောက် မဒေးဒေး တို့က ကြိုဆိုပြီး RBC သမိုင်းနဲ့ လုပ်အားပေး အစီအစဉ်များ အကြောင်းကို ရှင်းလင်း ပြောပြ သွားခဲ့ပါတယ်။ နေ့စဉ်ခွန်အား စာစောင်ကို 1938, RBC Ministries (formerly Radio Bible Class) အဖွဲ့မှ စတင်ခဲ့ကြောင်း သိရှိရပါတယ်။
ရည်ရွယ်ချက် ကတော့ လူတွေရဲ့ဘ၀ကို ပြောင်းလဲစေတဲ့ ကျမ်းစာကို လူတိုင်းနားလည်စေရေး ဖြစ်ပါတယ်။ ဦးတည်လုပ်ဆောင်ချက်များကတော့ နိုင်ငံတကာမှာရှိတဲ့ လူအများ သခင်ခရစ်တော်အားဖြင့် မိတ်သဟာရပြုနိုင်ခြင်း၊ သခင်ယေရှုနဲ့ ပိုမို သဏ္ဍန်တူလာခြင်း .. နဲ့ ဘုရားသခင်ရဲ့ အမှုတော်မြက်ကို ထမ်းဆောင်ခြင်း တို့ဖြစ်ပါတယ်။ ပင်ရင်းငွေကြေးအရင်းအမြစ် မထားရှိပါဘူး။ Until God say, "Job is done" ဘုရားအခွင့်ပေးသည်အထိ လုပ်ဆောင်မယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ဌာနချုပ်အဖြစ်နဲ့ Grand Rapids, MI 49555-0001, USA မှ ပင်မ စတင်ထူထောင်ခဲ့ပါတယ်။ စတင်ချိန်က ရေဒီယို အသံလွှင့်အစီစဉ်နဲ့ ကြားနာခြင်းကို ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ရေဒီယိုလွှင့်ချက်များကို ပုံနှိပ်စာလုံးနဲ့ ပြန်လည်ဖြန့်ချိရင်း နေ့စဉ်ခွန်အား အင်္ဂလိပ်ဘာသာ နဲ့ ကျယ်ပြန့်လာခဲ့ပါတယ်။ အခုတော့ ဘာသာစကားများစွာနဲ့ ထုတ်ဝေနေတဲ့အပြင် အခြား ဘုန်းတော်ထင်ရှားစေတဲ့ လုပ်ဆောင်မှုများစွာပါပဲ။ နိုင်ငံတကာ ဌာနချုပ်များအဖြစ် RBC Ministries International Operations ကို တည်ထောင်ခဲ့ပြီး ကျွန်းနိုင်ငံကလေးဖြစ်တဲ့ စင်ကာပူနိုင်ငံမှာ အခြေစိုက်ခဲ့ပါတယ်။ နိုင်ငံတကာအဖြစ် အာဖရိက-အာရှအတွက် (သီရိလင်္ကာနိုင်ငံ)၊ အမေရိကတိုက် အတွက် (ဘရားဇီးနိုင်ငံ)။ မြန်မာအပါအ၀င် အာရှ-ဖစ္စဖိတ်နိုင်ငံများအတွက် (ဂျဟိုးမြို့၊ မလေးရှားနိုင်ငံ)၊ ဥရောပနိုင်ငံများအတွက် (အင်္ဂလန်နိုင်ငံ) တွေမှာ ဌာနခွဲများအဖြစ် ဖွင့်လှစ်ထားပါတယ်။
စင်ကာပူက RBC Ministry ကို အင်္ဂလိပ်ဘာသာ စာအုပ်မှာယူလိုသူများ ဆက်သွယ်ရန်လိပ်စာမှာ RBC Ministries International Operationsယ MacPherson PO Box 146, Singapore 913405 ထံသို့ မှာယူနိုင်ပါတယ်။ မြန်မာဘာသာ နေ့စဉ်ခွန်အားကိုတော့ စင်ကာပူက ဂျပ်ဆင်အသင်းတော် ဦးစိုးလွင် (Former JBCS President) ဦးစီးပြီး မြန်မာပြည်မှ ၃လတကြိမ်မှာယူ ဖြန့်ချိခြင်းကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်ဆဲ ဖြစ်ပါတယ်။ မြန်မာဘာသာ နေ့စဉ်ခွန်အား အိမ်တိုင်ယာရောက် စာတိုက်မှတဆင့် ပို့ပေးရေးအတွက် ဂျပ်ဆင်အသင်းတော်မှ ဆောင်ရွက်နေကြောင်းကို ပြန်လည်ပြောကြားခဲ့ပါတယ်။
လုပ်အားပေးအစီအစဉ်များမှာ ၃လတကြိမ် ထုပ်ပိုး၊ စာတိုက်မှ ပို့ပေးရာခြင်း၊ ၆လတကြိမ် ကျမ်းစာဟောကြားခြင်းအတွက် စိန့်အင်ဒရူးဘုရားကျောင်းမှာ လုပ်အားပေးခြင်း (14-15 January 2010, Thu & Fri 7:30pm to 10:00 pm St Andrew's Cathedral New Senctuary မြန်မာများရဲ့ ပင်နီစူလာပလာစာနဲ့ မျက်နှာချင်းဆိုင် ဘုရားကျောင်း)၊ အင်္ဂလိပ်စာအုပ်များအတွက် ODB, OJD, Children Blog, Sparx, Food Fr The Soul .. စတဲ့ ပုံနှိပ်လုပ်ငန်းများအတွက် လုပ်အားပေး .. စတဲ့လုပ်ငန်းမျာဖြစ်ပါတယ်။ လုပ်အားပေးလိုသူများဟာ ခရစ်ယာန်ဘာသာဝင်၊ နေ့စဉ်ခွန်အားကို ဖတ်ရှုသူ ဖြစ်ရပါမယ်။ အခါအားလျော်စွာ လုပ်အားပေးခေါ်ချိန်များမှာ မိမိအချိန်ပေးနိုင်ပါက သွားရောက် ကူညီလုပ်အားပေးရန်ဖြစ်ပါတယ်။ (လုပ်အားပေးလိုသူများ RBC Singapore Office Ms Anna Tel: 68580900 ထံဆက်သွယ်ရန်ဖြစ်ပါတယ်။ ဂျပ်ဆင်အသင်းတော်မှ မီဒီယာအဖွဲ့ 91771787, 998476265 ထံသို့လည်း မြန်မာဘာသာနဲ့ စုံစမ်းနိုင်ပါတယ်။)
မြန်မာဘာသာ နေ့စဉ်ခွန်အား
မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း၄၀ ဘာသာစကားနဲ့ ထုတ်ဝေနေပါတယ်။ ဂျပ်ဆင်အသင်းတော် အင်တာနက်စာမျက်နှာမှာလည်း မြန်မာဘာသာနဲ့ဖတ်လို့အဆင်ပြေအောင် မီဒီယာအဖွဲ့မှာ စီမံထားပါတယ်။
http://www.jbcs.org.sg/ezine/index.php/burmese-our-daily-bread
နေ့စဉ်ခွန်အား အင်္ဂလိပ်ဘာသာ ပင်တိုင်စာရေးဆရာအဖွဲ့ ၂၀ကျော်လောက် ရှိရာမှာ စင်ကာပူအခြေစိုက်ခဲ့ ၃ဦး ပါဝင်နေတာကိုတွေ့ရပါတယ်။ http://www.scribd.com/doc/18671893/Odbauthors စင်ကာပူဂျပ်ဆန် အသင်းတော် မှလည်း မြန်မာဘာသာနဲ့ နေ့စဉ်ခွန်အားစာစောင်များကို နှစ်ပေါင်းများစွာမှာယူ ဖြန့်ဝေလျှက်ရှိရာမှာ ယခုအခါ တိုးချဲ့ပြီး ဖတ်ရှုလိုသူများကို အိမ်တိုင်ယာရောက် စာတိုက်မှပို့ပေးနေပါတယ်။ အသင်းတော် ဥက္ကဌ 90600834 နဲ့ အတွင်းရေးမှုး 93628486 တို့ထံဆက်သွယ် မှာယူနိုင်ပါတယ်။
အင်တာနက်မှ မြန်မာ၊အင်္ဂလိပ် ၂ဘာသာ BUGLISH နဲ့ဖတ်လိုသူများအတွက် BurmeseBible.com မှစီစဉ်ထားတဲ့ စမ်းသပ် အင်တာနက်စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။ မယုံကြည်သော်လည်း အင်္ဂလိပ်စာလေ့လာလိုသူများ၊မြန်မာစာလေ့လာလိုသူများ (တဘာသာ) ယှဉ်တွဲလေ့လာရင်း သခင်ယေရှုအကြောင်းကို သိနားလည်စေနိုင်ပါတယ်။
စက်တင်ဘာ ၂၀၀၉ အတွက် PDF Daily Bread ကိုလည်း Scribd မှတဆင့် ဒေါင်းလုပ်ဖတ်ရှုနိုင်ပါတယ်။
အားလုံးရွှင်လန်းပါစေ။
မီဒီယာ Web Team

| < Prev | Next > |
|---|





