Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Friday
Mar 12th
Home ကလေးများအတွက် ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း

ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း

E-mail Print PDF
 

သားသားမီးမီးတို့ ရေ...

                        ဒီအပတ်မှာတော့      ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း အကြောင်းကို အန်တီတာတာ ပြောပြမယ်နော်…

                        အစ အဦးတုံးက ကမ္ဘာကြီးမှာ လူမရှိ၊ တိရိ စ္ဆာန်မရှိ၊ အလင်းရောင် မရှိ၊ ဘာဆို ဘာမှ မရှိဘူးတဲ့ ကွယ်... အမှောင်ထု ကြီးသာ ဖုံးလွှမ်းလို့  နေတယ်ကွဲ့ ။ ဘုရားသခင် က ဘာမှ မရှိတဲ့ ကမ္ဘာကြီး ကိုလှပ ပြည့် စုံအောင် ပြုလုပ်ဖို့  အကြံ အစည် ရှိတာပေါ့ ။

Genesis 1:1 

                     ပထမဆုံးနေ့ မှာ အလင်း ဖြစ်စေ လို့ ပြောလိုက် တာနဲ့ အလင်းရောင် ဖြစ်လာပြီး နေ့ နဲ့  ညလို့  ခွဲခြား လိုက်တယ်ကွဲ့ ...

 

 

 

 

 

 

sea-and-cloud                     

                   တစ်ခါ ဘုရားသခင် က ပင်လယ် ထဲမှာ ရေတွေထည့် ၊ ကောင်းကင် မှာလဲ တိမ်တိုက်တွေနဲ့  ပြည့်စေ ပြန်ရော၊ အဲဒါ     ဒုတိယနေ့ ပေါ့ ကလေးတို့  ရေ...

 

 

 

 

Mountains_pictures

 

                      တတိယမြောက် နေ့ မှာတော့ ဘုရားရှင် က ခြောက်သွေ့ တဲ့ ကုန်းမြေ၊ တောင်တန်း၊ ချိုင့်ဝှမ်းနဲ့ မြစ်ချောင်းတွေ ကို ဖန်ဆင်း ပြန်သတဲ့၊ ဘယ်လောက် လှပ သလဲနော်...

 

 

 

 

 

 

Stars-Sun-Moon                    စတုထ္ထနေ့ ရောက်တော့  ကောင်းကင်မှာ နေလုံးကြီးကို တပ်လိုက် တယ်တဲ့ ...

                      အဲ့ ဒီ ညဘက်မှာ လမင်းကြီးရယ်၊ ကြယ်စုကြယ်တန်း နဲ့ အင်မတန် တောက်ပတဲ့  ကြယ်လုံးကြီးတွေ ပထမဆုံး အကြိမ်ထွက်လာကြသတဲ့ ...

 

 

 

creation

 

 

                      သားသား မီးမီးတို့ ရေ...ဘုရားရှင်ဟာ ပင်လယ်ထဲမှာ ငါးမျိုးစုံ ဖြစ်ပွားစေပြီး ကောင်းကင် မှာလဲ ရောင်စုံ ငှက်တွေ အမျိုးမျိုး ကို ပျံသန်း စေသတဲ့...

                     ခြောက်ရက်မြောက် ဆဌမနေ့ မှာတော့ မရေမတွက်နိုင်တဲ့ တိရိစ္ဆာန် အမျိုးမျိုး ကို ဖန်ဆင်းပြီး ဖန်ဆင်း ထားသမျှ အရာခပ်သိမ်းကို ထိန်းသိမ်းဖို့  သူ့ရဲ့ ပုံသဏ္ဍာန်နဲ့ တူတဲ့ လူယောင်္ကျားကို ဖန်ဆင်းလိုက် ပြန်ရော။ အဲ့ဒီ ပထမဆုံး လူသားကို ဘုရားရှင်က အာဒံ လို့  နာမည် ပေးလိုက်တယ်ကွဲ့...

 

 

 

ကလေးတို့ ရေ...

                    အရာခပ်သိမ်း ပြည့် စုံ အောင် ဖန်ဆင်းပြီးတဲ့ နောက် သတ္တမနေ့  မှာတော့ ဖန်ဆင်းရှင် ဟာ ငြိမ်ဝပ်စွာ အနားယူ သတဲ့ ကွယ်။ ဖန်ဆင်းရှင် ဘုရားသခင်ဟာ အစ ကနဲ့  မတူ၊ အရောင် အသွေး စုံလင်ပြီး အသက်ဝင် လှုပ်ရှားနေတဲ့ ကမ္ဘာကြီး ကိုကြည့်ပြီး အားရ ကျေနပ်စွာ သဘောကျ လျှက်ရှိ နေတာ ပေါ့ ကွယ်။

 

                   အင်မတန် မှ နေချင်စရာ ကောင်းတဲ့ ကမ္ဘာ လောကကြီး ကို ဖန်ဆင်း ပေးခဲ့ တဲ့ ဖန်ဆင်းရှင် ဘုရားသခင် ကို အန်တီတာတာ နဲ့  ကလေးတို့ အားလုံး အမြဲတမ်း ကျေးဇူးတင် နေကြ ရအောင်နော်။  

ဝန်ခံချက်။       ။ Candle book မှ ကလေးများ တွက် ပုံပြင် ကို မှီငြမ်း ပါသည်။

Comments (4)Add Comment
...
written by james, March 01, 2010
hi...ဆရာ အန်တီတာတာ ကျေးဇူးအများတင်တယ် သား
report abuse
vote down
vote up
Votes: +0
...
written by Toe thansin, February 20, 2010
hi
Thank you very much in the future send me more smilies/smiley.gif
report abuse
vote down
vote up
Votes: +0
...
written by shelly, January 14, 2010
အရမ်း ကောင်းတယ်၊ နောက်လည်း များများ တင်နော် smilies/smiley.gif smilies/cheesy.gif smilies/kiss.gif
report abuse
vote down
vote up
Votes: +0
...
written by AhSan, December 31, 2009
ကျေးဇူး တင်တယ်
နောက်လည်း များများ ပို့ပါနော်...
စောင့်နေမယ်...
report abuse
vote down
vote up
Votes: +0

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Monday, 07 December 2009 09:04 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

သက်ဆိုင်သည့် အကြောင်းအရာများ

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 9 guests online

ကာတွန်းများ

ကြယ်အတု
star to sin

စာရင်းဇယား

Content View Hits : 261055