Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Friday
Mar 12th
Home ကလေးများအတွက် ပျောက်သောသား

ပျောက်သောသား

E-mail Print PDF

lost sonကလေးတို့ရေ...

ဒီအပတ်မှာတော့ အန်တီတာတာက ပျောက်သောသား အကြောင်းကို ချစ်သောသားသားမီးမီး တို့ကို ပြောပြမယ်နော်…

တစ်ခါတုန်းက...

 အရမ်းချမ်းသာကြွယ်ဝတဲ့ ဖခင်ကြီးမှာ သားနှစ်ယောက် ရှိသတဲ့...

တနေ့တော့ သားငယ်လေးဟာဖခင်ကြီးဆီသွားပြီး

…အဖေ… အဖေ… သားရသင့်ရတိုက်တဲ့ အဖေရဲ့အမွေဥစ္စာတွေကို သားကိုခွဲပေးပါ...လို့ တောင်းဆိုသတဲ့။

အဲဒီအခါ သူ့ရဲ့ဖခင်ကြီးဟာ မငြိုမငြင်ပဲ သားငယ်ကို ခွဲဝေပေးလိုက်သတဲ့။

အဲဒီလိုနဲ့ တစ်နေ့မှာ သားငယ်က သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းပြီး ဟိုးအဝေးကြီး မှာရှိတဲ့ ပြည်တစ်ပြည်ကို ထွက်သွားလေသတဲ့။

အဲ့ဒီ ပြည်မှာပဲ သူ့မှာပါလာတဲ့ ဥစ္စာပစ္စည်း တွေကို သုံးဖြုန်းမူးယစ်  သောက်စား ပျော်ပါး နေတာပေါ့။ အဲဒီလိုနဲ့ တဖြည်းဖြည်း သူ့မှာပါလာတဲ့ ပစ္စည်းဥစ္စာတွေ ကုန်ခမ်းသွားပါ လေရောကွယ်…

ပစ္စည်းဥစ္စာတွေ ကုန်ခမ်းသွားတော့ အပေါင်းအသင်းလဲမရှိ၊ ကူညီမဲ့သူလဲမရှိ၊ စားစရာလဲမရှိပဲ အလွန်ဒုက္ခဆင်းရဲ ဒုက္ခရောက်ပါလေရော။

ဗိုက်ကလဲအရမ်းဆာ၊ ဒုက္ခကလဲရောက်နေတော့ အလုပ်ရှာမှဖြစ်မယ် ဆိုပြီးလယ်သမား တစ်ယောက်ဆီမှာ အလုပ်သွားတောင်းတာပေါ့၊

…သခင်ကြီး---သခင်ကြီး---ကျွန်တော် အလုပ်လုပ်ပါရစေ အလုပ်လုပ်ခွင့်ပြုပါ…လို့ တောင်းဆိုလိုက်တယ်။

လယ်သမားကြီးက …ဟိုမှာရှိတဲ့ ၀က်တွေကို ထိန်းကျောင်းရမယ်… ဆိုပြီး အလုပ်လုပ်ခွင့်ပြုလိုက်တယ်။

ဝက်တွေကို ကျွေးမွေးနေတဲအချိန်မှာ ဗိုက်ကလဲဆာတော့ ၀က်တွေစားတဲ့ အစာတွေကိုကြည့်ပြီး စားချင်စိတ်ပေါ်လာတာပေါ့ကွယ်။ နောက်ဆုံးမှာတော့  သူ့ရဲ့ဖခင်ကြီးကို သတိရလိုက်တယ်။ …ငါ့အဖေရဲ့အိမ်မှာ အလုပ်လုပ်တဲ့ သူတွေတောင် ၀လင်စွာစားရတယ်၊ ငါကတော့ သူများတိုင်းပြည်မှာ သေမတတ်အငတ်ခံနေရတယ်၊ ငါအဖေဆီကိုပဲ ပြန်သွားတော့မယ်… ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တယ်တဲ့။ …အဖေ့ကိုတွေ့ရင် သူ့ရဲ့အမှားတွေကို ၀န်ခံမယ်၊ အလုပ်တစ်နေရာ တောင်းပြီး အလုပ်အကျွေးပြုမယ်… လို့ အကြံနဲ့ အဖေ့ဆီကို ပြန်သွားတာပေါ့ကွယ်။

အိမ်ဝင်းနားကိုလည်းရောက်ရော ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ဖခင်ကြီးက ၀မ်းပန်းတသာ သူ့ဆီကို ပြေးလာဆီးကြို နေတာပေါ့။

သားငယ်ကို တွေ့တဲ့ဖခင်ကြီးက သနားတဲ့စိတ်နဲ့ သားငယ်ရဲ့လည်ပင်းကို ကြင်နာယုယစွာ ပိုက်ဘက်နမ်းရှုတ်တယ်တဲ့။

သားငယ်က သူ့ရဲ့အပြစ်တွေကို ဖခင်ကြီးထံမှာဝန်ချတောင်းပန်တယ်

…အဖေ…အဖေ…သားရဲ့အပြစ်တွေကို ခွင့်လွှတ်ပါ၊ အဖေ့ကိုရော ဘုရားသခင်ကိုရော သားပြစ်မှားမိပါတယ်၊ သားကို ကျွန်နေရာမှာဘဲ ထားပါ…လို့ တောင်းပန်တယ်။

ဖခင်ကြီးက သူ့ရဲ့တန်ဖိုးကြီးတဲ့ ဝတ်လုံကိုယူပြီး သားငယ်လေးကို ခြုံပေးရုံသာမကပဲ သူ့မှာရှိတဲ့ လက်ဝတ်တန်ဆာ တွေကိုပါ ဝတ်ဆင် ပေးလိုက်တယ်။ သူ့ရဲ့ငယ်သားတွေကို ခေါ်ပြီးအိမ်မှာ ဝလင်ဆူဖြိုးတဲ့ သိုးကလေးကို သတ်ပြီး ပျော်ပွဲရွှင်ပွဲ လုပ်ဖို့ စီစဉ်ခိုင်းတယ်။

ပျော်ပွဲရွှင်ပွဲမှာ တီးမှုတ်နေတဲ့ အသံတွေကို အလုပ်ကပြန်လာတဲ့ သားကြီးက ကြားရော ငယ်သားတစ်ယောက်ကို မေးလိုက်တယ်၊ သူ့ရဲ့ညီ ပြန်လာလို့ ကျင်းပတဲ့ပွဲ ဖြစ်ကြောင်းကိုလဲ သိရောဖခင်ကြီးကို အရမ်းစိတ်ဆိုးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သားကြီးအတွက် သူ့ရဲ့ဖခင်ကြီးက တစ်ခါမှ ပျော်ပွဲရွှင်ပွဲ လုပ်မပေးဖူးဘူးလေ။

ဖခင်ကြီးက စိတ်ဆိုးနေတဲ့ သူ့ရဲ့သားကြီးကို တွေတော့ အပြင်ကို ထွက်လာပြီးကြိုတာပေါ့။

ဖခင်ကြီးက… လာ၊သားကြီး မင်းရဲ့ညီလေးကို သေပြီလို့ထင်ထားတာ အခုရှင်ရက်နဲ့ အိမ်ပြန်ရောက်လာတယ်၊ ဘယ် လောက် ဝမ်းမြောက်စရာ ကောင်းသလဲအထဲကိုဝင်ပြီး ကြိုဆိုလိုက်ပါအုန်း …လို့ သားကြီးကို ချော့မော့လိုက်တာပေါ့။

အဲ့ဒီလို ပျောက်သောသားကို ပြန်တွေ့တဲ့ ဖခင်ကြီးက ဝမ်းမြောက်သလို သားတို့သမီးတို့လဲ ဘုရားသခင်နဲ့ ဝေးနေပြီး ဘုရားသခင် ဆီကိုပြန်လာရင် ဘုရားသခင်က အဲ့ဒီဖခင်ကြီးထက် ပိုပြီး ဝမ်းမြောက်ဝမ်းသာ ရှိမှာပေါ့ကွယ်။

အဲ့ဒါကြောင့် သားတို့သမီးတို့လဲ ဘုရားသခင်ကို မမေ့ဘဲ ပျောက်သောသားလို လမ်းမမှားရအောင် ဘုရားသခင်ဆီမှာ အမြဲတမ်းခွန်းအား ယူဖို့ အန်တီတာတာ ပြောချင်ပါတယ်။

နောက်အပတ်မှာ ဒီထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ကျမ်းစာထဲက အကြောင်းအရာ လေးတွေကို ဆက်လက် ပြောပြ သွားမယ်နော်… သားသားမီးမီး တို့ကို ဘုရားသခင် ကောင်းချီးပေးပါစေ…အာမင်း။

 

Comments (2)Add Comment
...
written by kyikyi, October 22, 2009
ကိုယ်တိုင်လဲမလုပ် တတ်ဘူး လို့ပြောချင်တာ
report abuse
vote down
vote up
Votes: +0
...
written byုkyikyi, October 21, 2009
ကျွန်မရဲ့ တောင်းဆိုချက်ကို လက်ခံတာ ကျေးဇူး တင်ပါတယ်
ကလေးများ အတွက် စိတ်ဝင်စား တာကိုလည်း ဝမ်းသာတယ် ကျွန်မဖြစ်စေ ခြင်တာ ဒီလိုလေ ကိုယ်တိုင်လဲ မလုပ်ဘူး
လူကြီးအတွက် website တွေအများကြီး ရှိပြီး အခုထိ ကလေး အတွက် မရှိသေး ဘူးလေ
http://www.dltk-bible.com/gene...-index.htm
http://www.biblestories4kids.com/ ကျမ်းစာ ပုံပြင်တွေဆို ဒီထဲက ဘာသာ ပြန်ရင်လဲ ရမယ်ထင်ပါတယ်
ချက်ချင်းတော့ ဘယ်လွယ်မလဲ ဖြေးဖြေးပေါ့
ကျွန်မ ကလေးတွေကို ချစ်တတ်လို့ပါ။
report abuse
vote down
vote up
Votes: +1

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Sunday, 08 November 2009 15:52 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

သက်ဆိုင်သည့် အကြောင်းအရာများ

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 8 guests online

ကာတွန်းများ

Swine flu ၀က်တုပ်ကွေး

ိိိ်

သူငယ်ချင်းတို့.......ကြက်တွေမှာ ကြက်တုပ်ကွေး ရောဂါရှိတယ်၊ နွားတွေမှာ နွားရူး ရောဂါရှိတယ်၊

ဒီမှာ-ငါပြောမယ်..... ငါတို့ကို ကျေးဇူးတော် ချီးမွမ်းခြင်း(Thanks Giving)တွေ မှာ တော်တော်များများ ဆက်ပြီး အသုံးချ နေမယ် ဆိုရင် ငါတို့မှာ ကိုယ်ပိုင်ရောဂါ ရှိဖို့ လိုနေပြီကွ!!!!

စာရင်းဇယား

Content View Hits : 261058