Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Friday
Mar 12th
Home ၀ိညာဉ်သစ် မဂ္ဂဇင်း ဗဟုသုတပညာပေး မော်(ရ်)မွန်တို့ ရဲ့ အကြောင်း

မော်(ရ်)မွန်တို့ ရဲ့ အကြောင်း

E-mail Print PDF
လှမင်းသူ

မေ့လို့ ဗျို့  မေ့လို့ ။ ဒီအကြောင်း ရေးမယ် ရေးမယ် နဲ့ မရေး ဖြစ်ခဲ့ဘူး။ အခုမှပဲ ရေးဖြစ်တော့တယ် ။ ရေးဖို့ တာစူခဲ့တာကလဲ ကြာပါပြီ။ ရေးမယ် ကြံလိုက် ၊ တခြားလုပ်စရာ တွေ ပေါ်လာလိုက် နဲ့ မရေး ဖြစ်တော့တာ။ အခုတော့ တကယ်ကို ရေးဖြစ်ပြီပေါ့။ အစတုန်းက မော်(ရ်)မွန် မပြောနဲ့ ”မွန်” ဆိုရင် ကိုကြီးမင်းအောင်သက်လွင် အမျိုးကလွဲလို့ ဘာမှသိတာမဟုတ်ဘူး။ မွန်လူမျိုးဆို တော့ ကျုပ်လဲ တစ်မတ်သားတော့ ပါသား။ ကျုပ်အဖိုးက မွန်စစ်စစ်ကြီးပေါ့။ ဦးဘထုံတဲ့။ မော်(ရ်)မွန် အကြောင်း ကျူပ်က ဘယ်လို စ သိသလဲ ဆိုကတော့ဖြစ်ရင် အနောက်ဘက်သို့ ခရီးပြုရင်း ပေါ့ဗျာ။ ကျုပ်ဆိုတဲ့ ကောင်ကလဲ ခြေမှာ ဗွေပါသလား အောက်မေ့ရတယ်။ ဗမာပြည်မှာဆို တော်တော်နှံနှံစပ်စပ် ကို ရောက်တယ်။ ကျုပ်အဖေက ပြည်သူ့ ဝန်ထမ်းလေ။ အစိုးရအမိန့် နဲ့ တနေရာ နဲ့ တနေရာကို ပြောင်းလိုက်ရတာ တနေရာမှာ ဖင်နွေးအောင်မနေရသေးဘူး နောက်တနေရာ ပြောင်းရပြန်ရော။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ အို အစုံကို ရောက်တယ်။ ဟော စင်္ကာပူ ရောက်လာ ပြန်တော့လည်း တနေရာတည်း မနေရ၊ လုပ်တဲ့ အလုပ်က အရှေ့ လွှတ်လိုက်၊ အနောက်လွှတ်လိုက်၊ တောင်လွှတ်လိုက်၊ မြောက်လွှတ်လိုက် နဲ့  တသွားတည်း သွားနေရတာ။

အဲ၊ အဲ ပြောရင်းနဲ့ တောင် ဘယ်ရောက်သွားပါလိမ့်။ စကားပြန်ကောက်ရရင် ကျုပ်လဲ အလုပ်ကိစ္စနဲ့  အနောက်နိုင်ငံကြီးတစ်ခုကို မသွားချင်သွားချင်နဲ့ ခိုင်းတော့သွားလိုက်ရတာပေါ့။ အဲဒီအချိန်က ကျူပ်က ယုံကြည်သူဖြစ်ခါစ ဗျ။ ပြောရမယ်ဆိုရင် Novice လေးပေါ့။ ခရစ်ယာန်ဘာသာမှာ ဂိုဏ်းပေါင်းများစွာရှိတယ်ဆိုတာလည်း ဘယ်သိအုံးပါ့မလဲ။ အငုံးလေး တစ်ကယ်အငုံးလေး။ အမယ်လေး သွားလေရာရာ မှာလဲ ကျုပ်က ကျမ်းစာအုပ်ကို လက်ကမချ။ ကျမ်းတတ်ယောင်ယောင်၊ ဘာယောင်ယောင်ပေါ့ဗျာ။ ဘာနဲ့ တူသလဲ ဆိုတော့ ကျုပ်ငယ်ငယ်ကတွေ့ ဘူးတဲ့ ၀ိတ်စ,မကာစ လူငယ်လေးတွေလို ပေါ့။ ၀ိတ်ဖြင့် မတာမှ မကြာသေးဘူး။ အပေါ်ပိုင်းဗလာကျင်းပြီး နေ့ ချင်းညချင်း ကြီးလာတဲ့ ဗလ ကြီးတွေကို မိုက်တိုင်စန်လောက်ရှိတယ်ထင်သလား မသိဘူး။ ရင်ဘတ်က ကော့ကော့၊ လည်ကမော့မော့ဗျို့ ။ အဲ့ဒီလိုပဲ ကျုပ်လဲ ယုံကြည်တာ မှ ဘာမှ မကြာသေးဘူး အလွန် ရင့်ကျက်တဲ့ ၀ိညာဉ်ပိုင်ဆိုင်တဲ့ ဆရာကြီး ဂိုက်ကို ဖမ်းနေတဲ့ အချိန်ပေါ့။ အိမ်က မဒီချောကလည်း ခရီးသွားတိုင်း ကျမ်းစာကို ထည့်ပေးနေကျ။ သူထည့်ပေးတာ ဘုရားနဲ့ နီးစေချင်လို့ ထက် အနောက်တိုင်းသူတွေကို သွားရည်တများများနဲ့  ငမ်းနေမှာစိုးလို့  အဲဒီဖက်ကို စိတ်မရောက်ရအောင် ကျမ်းစာကို ပဲ ဖတ်စေချင်တာပေါ့။

သူကသာ အစိုးရိမ်ကြီးနေတာ လင်တော်မောင်ကတော့ အိမ်ရှင်မကလွဲရင် အားလုံးက ဖွဲနဲ့ စကွဲပဲ။ အဲဒါညာပြောတာ အမှန်ကတော့ဒီလိုဗျို့ ။အနောက်ကရုပ်ရှင်ကားတွေကို ကြည့်တော့ လှလိုက်တဲ့ အနောက်တိုင်းသူတွေ၊ ရွေအိုရောင် ဆံပင်လေးတွေနဲ့ အရမ်းလှတယ်။ တကယ်လက်တွေ့ ကတော့ အထင်နဲ့ အမြင် တက်တက်စင်လွဲ ပေါ့ဗျာ။ တွေ့ သမျှ အနောက်တိုင်းသူတွေ က ဘီးလူးတွေ ကျနေတာပဲ။ ကြီးလိုက်တဲ့ ခန္ဓာကိုယ်တွေ။ ပြိတ္တာ ဆိုတာတွေများလား အောက်မေ့ရတယ်။ စားတဲ့ ပန်းကန်တွေကလဲ ကျုပ်တို့ အာရှသားတွေစားရင် နှစ်ယောက်စားရင် ၀တဲ့ ပန်းကန်မျိုးတွေဗျ။ ဒီလို ပုံပျက်ပန်းပျက် လူ့ ဘီလူးကြီးတွေကို အိမ်က အိမ်ရှင်မနဲ့ စာတော့ အိမ်ကမဒီလေးက ပိုပြီး ချောသပေါ့။ အမှန်ပြောတာဗျို့ ။

အဲ ပြောရင်း လိုရင်းမရောက်တော့ဘူး။ ပြောမယ်ဆိုရင် ကျမ်းစာက ကျုပ်ခရီးသွားတိုင်း ပါနေကျဗျ။ အဲဒါကို ပြောချင်တာပါ။ လေယာဉ်နဲ့ ခရီးသွား၊ အဲဒီ အနောက်ဆိုတဲ့ နိုင်ငံက မြို့ လေးတမြို့ ကို ရောက်၊ လာကြို တဲ့ကားနဲ့  အခန့် သင့်လိုက်သွား၊ တစ်ခုတည်း တည်းခိုခန်းမှာ တောသားမြို့ ရောက် ပုံစံနဲ့ ယောင်ချာချာနဲ့ ငပိသံနှောတဲ့ လေသံနဲ့ Reception က အဖြူမကို ဗိုလ်လိုပြောလိုက်တာ နားလည်မလည်တော့ မသိဘူး၊ အခန်းသော့ကို တခါတည်း ထုတ်ပေးလိုက်လို့ တည်းခိုမဲ့ အခန်းကလေးကို အခက်အခဲမရှိ ရောက်သွားတော့တာပါပဲ။ ရောက်တဲ့ အချိန်က ညဖြစ်တာမို့  jet lag ကြောင့် အိပ်မပျော်မှာ စိုးရိမ်တာကတကြောင်း၊ အိမ်က မိန်းမကို လွမ်းတာက တစ်ကြောင်းကြောင့် ကျမ်းစာထုတ်ဖတ် မယ် ဆို တဲ့ အကြံနဲ့  အိတ်ကို မွေလိုက်တာ၊ ရှာလိုသာ အိတ်က ပွသွားတယ်။ ကျမ်းစာနဲ့ တူတာဆိုလို့ ဘာမှကို မတွေ့ ရဘူး။ အိမ်က မိန်းမကို မလွမ်းနိုင်တော့ပဲ မေတ္တာသာကောင်းကောင်းပို့ တော့တာပါပဲ။

အိစက်ညက်ညောတဲ့ မွေ့ ရာကြီးပေါ်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေချိန်မှာ လက်ဆော့ပြီး ကုတင်ဘေးက အံဆွဲကို ဆွဲဖွင့်လိုက်မိရော။ အမလေးဗျ ကျုပ်အဖတ်ချင်ဆုံး ကျမ်းစာစာအုပ်က အံ ဆွဲထဲမှာ အခန့် သား။ အနောက်နိုင်ငံသားတွေများ ဘုရားတရားတယ်ပြီးကြည် ညို သကိုး။ ကျမ်းစာကို အခန့် သင့်ထားပေးထားတာကိုသာ ကြည့်ပါတော့ဗျာ။ ၀မ်းသာအားရနဲ့ ဖွင့်ဖတ်လိုက်တာပေါ့ဗျာ။ ကျူပ်လဲ ကျမ်းစာကို သွားလေရာရာ ယူသွားတာ။ ကျမ်းစာဖတ်တာ ကမ္ဘာဦးကျမ်းက တက်ကို မတက်ဘူးဗျ။ ကိုယ်ပိုင်တဲ့ ကမ္ဘာဦးကျမ်းကိုပဲ လှန်ဖတ်တော့တာပေါ့ဗျာ။ အဲ ကမ္ဘာဦးကျမ်းကို စာအုပ်အစ အဆုံး ရှာလိုက်တာ မတွေ့ ဘူးဗျ။ ဒါနဲ့ အဆုံးမှာတော့ ဗျာဒိတ်တော့ရှိမှာပဲ ဆိုပြီး အဆုံးလှန်ရှာပြန်တော့လဲ ဗျာဒိတ်ကျမ်းကိုလည်း မတွေ့ ဘူးဗျ။ ”ငါတော့ ၀တ္ထုစာအုပ်ကို ကျမ်းစာအထင် နဲ့ မှားပြီ” ဆိုပြီ စာအုပ်အဖုံးကို လှန်ကြည့်ပြန်တော့လည်း အဖုံးပေါ်မှာ ရေးထားတာက "The Bible" တဲ့ဗျား။ အနောက်နိုင်ငံသားတွေများ တတ်လဲတတ်နိုင်ကြတယ်။ ကျမ်းစာတောင် တစ်မျိုးတည်း မကိုင်ဘူး။ နှစ်မျိုးသုံးမျိုးကိုင် ကြသဗျ။ ကျုပ်လဲ မထူးဘူးဆိုပြီး ဘာကျမ်းဖြစ်ဖြစ် ဖတ်မယ်ဆိုပြီး ဖတ်လိုက်တာ Jet Lag လဲ ဘယ်ရောက်သွားမှန်းမသိဘူး။ အိပ်ပျော်ခြင်းသို့ ရောက်တော့တာပဲ။ အဲ မနက်ရောက်မှ အလုပ်က အဖြူကောင်တွေနဲ့ နည်းနည်းပါးစပ်ဆော့ မေးလိုက်တော့မှ မော်(ရ်)မွန်တွေရဲ့ ကျမ်းမှန်းသိရတော့တာပဲ။

ကျုပ်လဲ မော်(ရ်)မွန်တွေဘယ်သူတွေလဲ ဆိုတာကို လေ့လာလိုက်တာ တော်တော်လေးကို သိတော့တာပဲဗျို့ ။ ခင်ဗျားတို့ သိချင်ရင် ကျုပ်ဆက်ပြောပြမယ်။ မသိချင်ရင် ကွန်ပြူတာပိတ် အိပ်ပေါ့ဗျာ။ ကျုပ်ဂရု မစိုက်ပါဘူး။ ကျုပ်ကတော့ ပြောချင်လွန်းလို့ ဒီလောက်အထိ ဇာတ်လမ်းတွေခင်းလာတာ။ နားမထောင်ချင်နေပေါ့။ မော်(ရ်)မွန်တွေက ကျုပ်တို့ လိုခရစ်ယာန်တွေမဟုတ်ဘူး။ ယေဟောဝါ တွေလို ဂိုဏ်းတစ်ခုပေါ့ဗျာ။ ( ယေဟောဝါများ နှင့် မှားယွင်းသော ဟောကိန်များ ) မှာ ယေဟောဝါ တွေအကြောင်း ကျုပ်ရေးဘူးတယ်။ မော်(ရ်)မွန်ဂိုဏ်းကို စတည်ထောင်ခဲ့တာ Joseph Smith Jr. ဆိုတဲ့ လူကြီးပေါ့ဗျာ။ ၁၈၀၅ ခုနှစ်လောက်မှာ မွေးခဲ့တာပေါ့။ ဒီလူကြီးက ခရစ်ယာန်ဂိုဏ်းတွေ ဒီလောက်တောင် ကွဲပြား နေတာ ဘယ်ဟာကို အမှန်လို့ မသိလို့  စိတ်ညစ်တယ်ဆိုပဲ။ ဒါနဲ့ အမှန်ကိုသိချင်လို့  ဆက်တိုက်ဆုတောင်း နေခဲ့တယ်တဲ့ဗျား။ ဒီလိုနဲ့  ၁၄ နှစ်သားအရွယ်မှာ တောအုပ်တစ်ခုထဲသွားပြီး ဆုတောင်းနေခိုက်မှာ ခမည်းတော် ဘုရား နဲ့ သခင်ယေရှု ကိုယ်တော်တိုင် ကိုယ်ထင်ရှားပြသတဲ့။ အဲ့ဒီလို ကိုယ်ထင်ရှား ပြပြီး ဒီလောက က ဘယ် ခရစ်ယာန် ဂိုဏ်း တွေကိုမှ လက်မခံနဲ့ လို့ ပြောသတဲ့။

 

ု့ပုံ(၁)။၊ Joseph Smith Jr. 

ဂျေရုဆလင်မြို့ မှာ ဂျူးလူမျိုးတွေ ညှင်းပန်း နှိပ်စက်ခဲ့ရတော့ ဂျူးတစ်ချို့ ဟာ အမေရိကားကို ထွက်ပြေးလာကြတယ်ဗျ။ အဲဒီထဲမှာ Nephi လို့ ခေါ်တဲ့ ဂျူးလူမျိုးတစ်ယောက်လဲ ပါသဗျ။ သူ့ ကနေ ဆင်းသက်လာတဲ့ အမျိုးအနွယ်တွေကို Nephites လို့ ခေါ်သဗျ။ Mormon ဆိုတဲ့ လူဟာလည်း Nephites တို့ ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ဘူးတယ်။ သူ့ မှာ မော်ရိုနီ(Moroni) လို့ အမည်တွင် တဲ့သားတစ်ယောက်လည်း ရှိတယ်။ အဲဒီသားဟာ ကောင်းကင်တမန်ဖြစ်သတဲ့။ ဒီ Moroni လို့ ခေါ်တဲ့ ကောင်းကင်တမာန်က ခုနက ကျုပ်တို့ ရဲ့ ဇာတ်လိုက်ကျော်ကြီး Joseph Smith Jr. ကို ကိုယ်ထင်ရှားပြပြီး ဘာပြောသလဲဆိုရင် သူ့ ဖခင် Mormon ရေးခဲ့တဲ့ စာအုပ်ကို ဘာသာပြန်ပေးဖို့  ရွေးချယ်လိုက်တဲ့ အကြောင်းပြောတော့တာပဲ။ စာအုပ်လို့ သာပြောရတာပါ။ မူရင်းစာတွေကို ရွှေပြားပေါ်မှာထွင်းပြီး Joseph Smith Jr. နေတဲ့ Palmyra, New York နားမှာ ၀ှက်ထားခဲ့တယ်ဆိုပဲ။ ကောင်းကင်တမာန်က လမ်းပြတော့ သွားတူးပြီး ဘာသာပြန်လိုက်တာ ပထမဆုံးသော the Book of Mormon ဆိုတာ ဖြစ်လာတော့တာပဲဗျို့ ။

The Book of Mormon ကို နောက်ပိုင်း Joseph Smith Jr. ကို ဆက်ခံတဲ့လူတွေက ပြင်လိုက်၊ ဖျက်လိုက် ထည့်လိုက် လုပ်ကြပြီး နောက်ဆုံးဖြစ်လာတဲ့ စာအုပ်ကို ကျုပ်တို့ အခုကိုင်နေတဲ့ ကျမ်းစာထက် ပိုမှန်ပြီး ပိုပြီး ပြည့်စုံတယ်လို့ ဆိုကြသဗျ။ စောစောက ကျုပ်ပြောတဲ့ ဟော်တယ်အခန်းက ကျမ်းစာအုပ်ဟာ မော်(ရ်)မွန်တို့ ရဲ့ ကျမ်းပဲဗျို့ ။ ကဲ အခုတော့ နည်းနည်း ဇတ်ရည်လည်ကုန်ပြီမဟုတ်လား။

မော်(ရ်)မွန် တွေဟာ ကြီးထွားလာပြီးတော့ ကြီးထွားလာတဲ့ အဖွဲ့ အစည်းတွေရဲ့  ထုံးစံအတိုင်း နှစ်ပိုင်းကွဲတော့တာပါပဲ။ ပထမတစ်ဖွဲ့ ကို Joseph Smith Jr. ရဲ့ အနွယ်တွေက ဆက်ခံ အုပ်ချုပ်ခဲ့ ပြီးတော့၊ ကျန်တစ်ဖွဲ့ ကို တော့ Brigham Young လို့ ဆိုတဲ့ လူက ဦးဆောင်ခဲ့တာပါပဲ။ သူတို့ တွေက Reorganized Church of Jesus Christ of Latter Day Saints ဆိုတဲ့ အသင်းတော်ကြီးကို တည်ထောင်ခဲ့တာပေါ့။ ဒီအသင်းတော်ကြီးမှာ ဆန်းပြားတဲ့ Doctrine တွေကို သင်တော့တာပါပဲဗျို့ ။ တယ်လဲ ထွင်နိုင်ကြတဲ့လူတွေဗျာ။ ခင်ဗျားတို့ ကို သူတို့ ရဲ့ Doctrine တွေအကြောင်း ပြောပြပါ့မယ်။ ဒီ Doctrine တွေကို ကျုပ်ပြောပြတာဟာ ဆောင်ဖို့ မဟုတ်ဘူးနော်။ ရှောင်ဖို့ ဗျို့ ရှောင်ဖို့ ။ ခင်ဗျားတို့ သားသမီးတွေ ဆန်းပြားတဲ့ အယူဝါဒ တွေနောက်ကို ရေလိုက် မလွဲစေနဲ့ ဗျို့ ။ လူငယ်တွေဆိုတာ အဆန်းဆို အရမ်းလိုက်ချင်ကြတယ် မဟုတ်လား။ ကျုပ်ရဲ့ သမီးကိုတော့ JBCS က သင်ပေးတဲ့ Doctrine အမှန်တွေက လွဲလို့  ဘယ် ဆန်းပြားတဲ့ Doctrine နောက်ကိုမှ မလိုက်စေဘူးဗျို့ ။

ကိုင်း.. မော်(ရ်)မွန် တွေရဲ့ Doctorine တွေအကြောင်းကို ကျုပ်စပြောပါတော့မယ်။ သူတို့ ရဲ ဆန်းပြားတဲ့ ယူဆချက်တွေကတော့ စိတ်တော့ဝင်စားစရာဗျို့ ။ စစချင်းသူတို့ နဲ့ တွေ့ ရင် သူတို့ ရဲ့ Doctrine အမှန်တွေကို မသင်ပေးသေးဘူဗျ။ နောက်ပိုင်း သူတို့ နောက်ကို ထဲထဲဝင်ဝင်လိုက်မှ ဖဲကပ်လို တကပ်ချင်းစီ ထုတ်ပြတော့တာပဲ။ ပထမဦးဆုံး သူတို့ ကပြောတာက ခမည်းတော် ဘုရားဟာ တခြားကမ္ဘာမှာ နေတာတဲ့။ ၀ိညာဉ်သာမဟုတ်ပဲ ခန္ဓာလည်း ရှိသတဲ့။ ခမည်းတော်ဘုရားကနေ ပထမဆုံး ခရစ်တော်ကို ၀ိညာဉ်အဖြစ်နဲ့ ဖွားသတဲ့။ နောက်မှ ကျုပ်တို့ စာတန်လို့ ပြောပြောနေတဲ့ လူစီဖာကို ဖွားသတဲ့။ လူစီဖာလဲ ၀ိညာဉ်ပဲပေါ့။ အဲဒီနောက်မှ အခုကျုပ်တို့ ကမ္ဘာမှာ ရှိနေတဲ့ လူတွေအားလုံးကို ၀ိညာဉ်ဘ၀ နဲ့ မွေးတယ်ဆိုပဲ။ ဒီကမ္ဘာကြီးမှာ ရှိတဲ့ လူမှန်သမျှဟာ ခန္ဓာအဖြစ် နဲ့  ပဋိတ်သန္ဓေ မတည်ခင်မှာ ခမည်းတော်ဘုရားရဲ့ လောကမှာ ၀ိညာဉ် ဘ၀နဲ့ ရှိခဲ့တယ် လို့ ဆိုတယ်။ အင်္ဂလိပ်လိုတော့ Pre-Existed ပေါ့။ ပဋိတ်သန္ဓေတည်ပြီး လူဖြစ်လာတော့ အရင်က ၀ိညာဉ်ဘ၀ ကို မေ့နေတယ်ပေါ့။

အဲဒါနဲ့ လူသားတွေရဲ့ အပြစ်ကို ကယ်တင်ဖို့ ခမည်းတော်ဘုရားဟာ အစီအစဉ် ဆွဲတယ်။ ဒီအစီအစဉ်ကို ခရစ်တော်က ထောက်ခံပြီး လူစီဖာက ကန့် ကွက်တယ်တဲ့။ ကန့် ကွက်ရင်း နဲ့  ခမည်းတော် နဲ့ ခရစ်တောက်ကို ပုန်ကန်တော့တာပဲ။ မနာလိုအားကြီးတဲ့ လူစီဖာဟာ သူ့ နောက်ကို လိုက်ဖို့ တစ်ချို့ ကို မဲဆွယ် စည်းရုံးနိုင်ခဲ့တယ်ပေါ့။ အဲဒီမှာပဲ ခမည်းတော်ဘုရားက လူစီဖာနဲ့ အပေါင်းပါကို ကျိန်ခြင်းအမှုကို ပြုပြီး ဘယ်လိုမှ ခန္ဓာနဲ့ လူမဖြစ်နိုင်တဲ့ မကောင်းဆိုးဝါးတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပဲ။

ကျန်တဲ့ ခရစ်တော်နဲ့ နောက်လိုက်များကို တော့ ပိုကောင်းတဲ့ လမ်းကို ရွေးချယ်တဲ့ အတွက် ခမည်းတော်က ကောင်းချီးပေးပြီး ၀ိညာဉ်ဘ၀ကော ခန္ဓာဘ၀ကော ကြိုက်သလို ဖြစ်ခွင့်ကို ပေးတယ်လို့ ဆိုတယ်။ ခရစ်တော်ကို လူသားအဖြစ်နဲ့ ကျုပ်တို့ လောကကို ရောက်လာဖို့ စီစဉ်ရာမှာ ခမည်းတော်ဘုရားက မေရီနဲ့  ပေါင်းဖက်တယ်လို့ ဆိုတယ်။ မကြံကောင်း မစည်ရာဗျာ။ တော်တော်လည်း ရှာကြံတွေးတော တဲ့လူတွေပဲ။ ခရစ်တော်ကိုလည် အိမ်ထောက်တွေပြု သားသမီးများတောင် ရလိုက်သေးတယ်လို့ ဆိုပြန်ပါတယ်။ ဘယ်လို မှ ကျုပ်ဖြင့်တွေးတောလို့ မရဘူး။ Davinci Code ကို တောင် ပြေးသတိရလိုက်တယ်။ ဓမ္မန္တရယ်ကို တယ်လဲမကြောက်ကြဘူးကိုး။ ရှိသေးတယ်။ ခရစ်တော်ရဲ့ အပြစ်သားတွေကို ကယ်တင်တဲ့အဓိက နေရာက လက်ဝါးကပ်တိုင် မဟုတ်ဘူးတဲ့ဗျာ။ ဂေသရှင်မာန်မှာ လို့ ဆိုတယ်။ တကယ့်ကို တလွဲတွေကြီးပဲဗျာ။

နောက်ပြီးရှိသေးတယ်။ လူအယောက်စီတိုင်း ယောက်ျားမိန်းမမရွေး အားလုံးက ဘုရားငယ်လေးတွေ ဖြစ်နိုင်တယ်တဲ့။ ဒီလိုဘုရားတွေဖြစ်ဖို့ ပထမအဆင့် အနေနဲ့  မော်(ရ်)မွန် ဂိုဏ်းသားဖြစ်ရမယ်။ ပြီးရင် ဆယ်ဖို့ တစ်ဖို့ ကိုလည်း အပြည့်ပေးရမယ်။ မော်(ရ်)မွန် အသင်းတော်ရဲ့ စည်းမျဉ်းတို့ ကို မလွဲမသွေလိုက်နာရမယ်။ အဲဒါတွေပြည့်စုံပြီးဆိုလို့ ရှိရင် ထောက်ခံလက်မှတ်ကလေး တစ်ခုရမယ်။ ဒီလက်မှတ်နဲ့ မော်(ရ်)မွန်တို့ ရဲ့ အထွဋ်အမြတ် ကျောင်းတော်တွေမှာ ၀င်ခွင့်ရမယ်။ ဒီကျောင်းတော်တွေထဲမှာ ဘာလုပ်သလဲ ဆိုရင် လျို ၀ှက်တဲ့ အခမ်းအနားတွေ ကျင်းပတော့တာပဲ။ ဘယ်လို အခမ်းအနား တွေလဲဆိုတော့ သေပြီးသူတွေကို ဗတ္တိဇံပေးခြင်း၊ ကောင်းကင်နဲ့ ဆိုင်တဲ့ လက်ထပ်ခြင်း၊ လျှို့ ဝှက်စွာ ကျမ်းကျိမ်ဆိုခြင်းတွေ စသည်ဖြင့် ပေါ့ဗျာ။ ဒါအပြင် လက်ဆွဲနှုတ်ဆက်နည်း လေးမျိုးကို လည်း သင်ပေးသေးတယ်။ ဘုရားနဲ့ တွေလို့ ရှိရင် ဒီနည်းနဲ့ လက်ဆွဲနှုတ်ဆက်ရမယ်ပေါ့ဗျာ။ ပြီးခဲ့တဲ့ အရာအားလုံးကို လိုက်နာတတ်ကျွမ်းပြီး ပြီးပြည့်စုံခဲ့လို့ ရှိရင် မော်(ရ်)မွန်ဂိုဏ်သားတစ်ယောက်ဟာ ဘုရား ဖြစ်နိုင်တဲ့ အရည်အချင်းရှိပြီး၊ ဘုရားဖြစ်တဲ့အခါမှာ ကိုယ်ပိုင် ဂြိုလ်လေးတွေကို နယ်စားအဖြစ်နဲ့ အုပ်စိုးခွင့် ရမယ်ပေါ့ဗျာ။

သူတို့ ကိုယ်သူတို့ တော့ ဟုတ်နေကြမှာ ပေါ့လေ။ ဒါပေမယ့် ကျုပ်တို့ ကတော့ သူတို့ ရဲ့ တလွဲ အယူတွေကို နောင်လာနောက်သားတွေ ရကြမှာ စိုးတယ်ဗျ။ သူတို့ တစ်တွေ စင်္ကာပူမှာ မရှိ သေးပါဘူးလေလို့ စိတ်အေးနေတုန်း၊ ဗြုန်းဆို အန်ကယ်ကြီးတစ်ယောက်က မော်(ရ်)မွန် လင်မယား စုံတွဲ နှစ်ယောက် စင်္ကာပူမှာ မဲဆွယ်စည်းရုံးနေတုံး အစိုးရက ထိမ်သိမ်းထားတယ်ဆိုတဲ့အကြောင်း ဖောက်သည်ချတော့ ကျုပ်ဆို အရမ်းကို ပူပင်သွားတာကလား။ ဒါနဲ့ ကျုပ်လဲ ချက်ချင်းကောက်ရေး ရတော့တာပဲဗျို့ ။

“အားလားလား........” ကျုပ်ရဲ့မိန်းမဗျို့  မနက်စောစောစီးစီး သွားမတိုက် မျက်နှာမသစ်ပဲ ကွန်ပြူတာမကြီးကိုအရင်ဆုံးကြည့်လို့ တဲ့။ မိန်းမမျက်နှာတော့ မကြည့်ပဲ ကွန်ပြူတာပဲကြည့်လို့  ကျုပ်ကို လိမ်ဆွဲနေတာဗျို့ ။ ကျုပ်ရေးတာကို အပြီးမသတ်နိုင်တော့ဘူး။ အမလေး နာလိုက်တာ အရပ်ကတို့ ရေ။

ဝန်ခံချက်။ ။ ကိုယ်တွေ့ နှင့် လုပ်ဖော်ကိုင်ဖက်များ၏ ပြောပြချက်၊ အင်တာနက်များမှ ရှာဖွေရရှိသော အချက်အလက်များကို ဖတ်ရပျင်းမည် စိုးသောကြောင့် တနည်းတဖုံ တင်ပြထားပါသည်။ အမှားပါလျင် ခွင့်လွှတ်ကြပါကုန်။

နာမတော်မြတ်၌

လှမင်းသူ

Comments (2)Add Comment
...
written by ရိုဘင်ကုန်း, October 20, 2009
ဒီစာလေးကို ကျွန်တော်တို့ရဲ့အသ်းတော် website မှာ တဆင့်ပြန်တင်ခွင်းေးပြုပေးနိုင်မလားလိ့ ခွင်းတောင်းချင်လို ပါ။ ကျွန်တော်တို့အသင်း တ်ာရဲ့page ကတော့ www.newlifeyangon.ning.com ပါ။
တင်ခွင့်ရမယ်ဆို အားလုံးအတွက်.. နောက်နောင်အတွက်ပါ တင်ပြီး သိမ်းထားချင်လို့ပါ
ကျေးဇူးတင်ပါတယ်။
ဘုရားရှင်ကောင်းကြိ ပေးပါစေသော်။
ဆရာရိုဘင်ကုန်း
report abuse
vote down
vote up
Votes: +0
...
written by Maung Thar-Man, August 31, 2009
Wikipedia http://en.wikipedia.org/wiki/Mormon did not reveal some facts those can are available in this articles
report abuse
vote down
vote up
Votes: +0

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Sunday, 30 August 2009 00:15 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 19 guests online

ဆန္ဒမဲလေး ပေးရအောင်(၂)

ဝိညာဉ်သစ် မဂ္ဂဇင်း
 

စာရင်းဇယား

Content View Hits : 261186