Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Thursday
Mar 11th
Home ၀ိညာဉ်သစ် မဂ္ဂဇင်း ဗဟုသုတပညာပေး တိုကျိုမြို့မှာ ကချင် ခရစ်ယာန်များ

တိုကျိုမြို့မှာ ကချင် ခရစ်ယာန်များ

E-mail Print PDF

တိုကျို (ဂျပန်ပြည်) မှ ကချင် အသင်းတော် ၂ ပါး၊ (၂ဝဝ၆)
   တိုကျိုမြို့မှာ ကချင် ခရစ်ယာန် အသင်းတော် ၂ ပါးရှိပါတယ်။ ကချင်လူမျိုးများဟာ ဂျပန်ပြည်ကို လွန်ခဲ့တဲ့ အနှစ် ၁၈ နှစ်လောက်ကတည်းက အမြောက်အများ လာရောက် အလုပ်လုပ်ကိုင်ကြရင်း ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသူများဖြစ်လို့ တနင်္ဂနွေနေ့ဆိုရင် နီးစပ်ရာ ခရစ်ယာန် ဘုရားကျောင်း တွေမှာ ဘုရားရှိခိုးကြပါတယ်။ ကချင်စကားနဲ့ ဝတ်ပြုကိုးကွယ်ခြင်းကို စတင် လုပ်ဆောင်ရာမှာ တိုကျိုပိစ် ဘုရားကျောင်း (Tokyo Peace Church) က ဂျပန်လူမျိုး ခရစ်ယန်တရားဟောဆရာ “မာကိုတို ထားနို” Makoto Tannoဆိုသူက ကချင်လူမျိုးများကို အထူးချစ်ခင်၊ မြတ်နိုးပြီး၊ စတင် ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။ ဒါနဲ့ဘဲ တိုကျိုပိစ် ဘုရားကျောင်းမှာ ကချင်ဘာသာ ကိုးကွယ်ဝတ်ပြုခြင်း စတင်မွေးဖွားခဲ့ပါတယ်။

KCF
  ပထမစတင်တဲ့ ကချင်ဘုရားကျောင်းရဲ့ အမည်ကတော့ ကေစီအက်ဖ် (Kachin Christian Fellowship) လို့ ခေါ်ပါတယ်။ ဆရာ မာကိုတို ထားနို စတင် ပြုစုပေးခဲ့တဲ့ ဘုရားကျောင်းပါ။ ကချင်ပြည်နယ်က တရားဟောဆရာများ တလှည့်စီ လာရောက်ဟောပြောကြပါတယ်။ ၂ဝဝ၆ မှာတော့ ဆရာ ဆဲမဆင် Rev. Hkalam Samson ရှိနေပါတယ်။ အသင်းသား ၂ဝဝ ကျော်ခန့် ရှိတယ် သိရပြီး၊ အပတ်စဉ် ၁ဝဝ ဦးခန့် လာရောက် ကိုးကွယ်ဝတ်ပြုကြပါတယ်။ တရားဟောချက်များကို အင်တာနက်မှာ လွှင့်တင်ထားတာ တွေ့ရပါတယ်။
ဆက်သွယ်ရန်။ ဖုန်း ၆၁၃-၃၂ဝ၃၂၄၄၂
Website: www.tpchurch.org, email: This e-mail address is being protected from spambots. You need JavaScript enabled to view it



TKBC
  လွန်ခဲ့တဲ့ ၃ နှစ်လောက်မှာတော့ ကချင်လူဦးရေ သိပ်များလာတာ ကြောင့်တကြောင်း၊ တခြားအကြောင်း အမျိုးမျိုးနဲ့ ကချင် ဘုရားရှိခိုးကျောင်း အသစ်တခု ပေါ်ပေါက်လာပါတယ်။ TKBC ( Tokyo Baptist Church) လို့ခေါ်ပြီး ဂျပန်ဘုရားကျောင်းတခုဆီမှာ ကချင် အစီအစဉ်နဲ့ ကိုးကွယ်ဝတ်ပြုပါတယ်။ အသင်းသား တရာကျော် ခန့်ရှိပြီး အပတ်စဉ် ၆ဝ ဦးခန့် လာရောက် ရှိခိုကြပါတယ်။ တရားဟောချက်များကို အင်တာနက် ကွန်ပြူတာနဲ့ နားဆင်နိုင်အောင် အသံလွှင့်ပေးပါတယ်။ ၂ဝဝ၆ နှစ်ပိုင်းမှာ အင်တာနက် ဗွီဒီယို စတင်နိုင်ခဲ့ ပါတယ်။ အပတ်စဉ် တရားဟောချက်ကို အင်တာနက် ဗွီဒီယို လွှင့်နိုင်တဲ့  TKBC အသင်းတော်ကို ချီးမွမ်းပါတယ်။
ဆက်သွယ်ရန်။ ဖုန်း ၆၁၃-၄ဝ၂၆၉၂၃၄
Website: www.tkbc-japan.net, email: This e-mail address is being protected from spambots. You need JavaScript enabled to view it

တူညီးသော ကိုကွယ် ဝတ်ပြုခြင်း နှင့် မိတ်သဟာရပြုခြင်း
   အသင်းတော် ၂ပါးကို၊ ကချင်များသာမက မြန်မာတိုင်းရင်းသာများလည်း လာရောက် ဝတ်ပြုကြတော့ တလရဲ့ နောက်ဆုံး တပတ်ကို မြန်မာလို ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို မှန်မှန် လုပ်ဆောင်ခဲ့ပါတယ်။ ကေစီအက်ဖ် မှာ ကိုးကွယ်ဝတ်ပြုခြင်း၊ သီဆိုချီးမွမ်းခြင်း၊ ဧဝံဂေလိ မိတ်သဟာရဖွဲ့ခြင်းများ အပြင် မြန်မာပြည်က ဆရာများစွာကို ဖိတ်ကြား၊ အလည်အပတ်ခေါ်ပါတယ်။ ဆရာများ ကချင်ပြည်ကို ပြန်သွားတဲ့ အခါမှာတော့ ကချင်လူမျိုးများကို ဂျပန်မှာ ကျိုးစားလုပ်ကိုင်၊ ဘုရားကို ရိုသေ၊ ကိုင်းရှိုင်းတဲ့ ကချင် ခရစ်ယာန် များအကြောင်းကို ဝေငှနိုင်စေနိုင်ခဲ့ပါတယ်။ ထို့အပြင် အလှူငွေ များစွာကိုလည်း၊ ကချင်ပြည်က ဘုရားကျောင်းများသာမက၊ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး တွေအတွက် ပို့ပေး၊ ကူညီလျက်ရှိပါတယ်။ ဘုရားကျောင်းမှာတော့ ထုံးစံအတိုင်း ဘာသာရေးဆိုင်ရာ၊ အမျိုးသမီး အသင်း၊ လူငယ်အသင်း ရှိကြတဲ့ အပြင်၊ ကချင်စာပေ၊ ယဉ်ကျေးမှု စတဲ့ လူမှုရေး အဖွဲ့အစည်းများလည်း အတူလုပ်ကိုင်ကြပါတယ်။

   ဘုရားရှိခိုးမစင်ခင်မှာတော့ ထုံးစံအတိုင်း သီဆိုချီးမွမ်းကြရာမှာ ဂီတာ၊ အော်ဂျင်၊ ပီယာနို၊ ဒရမ် များနဲ့ ပျော်ရွင် သာယာဖွယ် ဓမ္မသီချင်းများကို ကျူးဧကြပါတယ်။ တရားဒေသနာ ဟောကြားပြီးတဲ့ အချိန်မှာတော့၊ လူသစ်မိတ်ဆွေများ မိတ်ဆက်စကားပြောခြင်း၊ ကြော်ငြာစရာများ ပြောကြားခြင်း ရှိပါတယ်။ နောက်ဆုံးမှာတော့ လာရောက်သူအားလုံးကို အကျွေးအမွေးနဲ့ ဧည့်ခံပြီး၊ အားလုံးပျော်ရွင်စွာ စကားစမြည်ပြောကြားရင်း၊ တနေ့တာကာလကို ကုန်ဆုံးစေကြပါတယ်။

   ကချင် အသင်းတော် ၂ ခုစလုံးမှာ ဘာသာပြန် ဝါယာလက်စ် နားကျပ်များပေးပါတယ်။ ကချင်စကား မကြွမ်းကျင်သူ မြန်မာ၊ ကရင်၊ ရှမ်း၊ ချင်း စသည့် မြန်မာတိုင်းရင်းသားများအတွက် မြန်မာစကား အသံလွှင့်ပေးပါတယ်၊ ဂျပန်၊ အင်္ဂလိပ် စတဲ့ လူမျိုးတွေ တတ်ရောက်ရင်လည်း ဘာသာပြန်ပေးသူ ဘာသာစကား ကျွမ်းကျင်တဲ့ ကချင်လူမျိုးများ ဘာသာပြန်ပေးကြပါတယ်။ အိပ်ဆောင် အသံဖမ်းစက်ကလေးနဲ့ နားကြပ်ကို တပ်ဆင်လိုက်ရင်း၊ မြန်မာစကားပြန်ကို ကြားရပါတယ်။ ချယ်နယ် ၃ ခုပါတဲ့ အသံလွှင့်၊ အသံဖမ်း စက် ၁၅ စုံလောက်ကို အမေရိကန် ဒေါ်လာ ၁ဝဝဝ လောက်ကုန်ကျတယ်ပြောပါတယ်။ ပိုပြီး တန်ဖိုးကြီးတာကတော့ ဘာသာပြန်ပေးတဲ့ လူငယ်များရဲ့ ဘုရားအစေခံ ဘာသာပြန်လုပ်ငန်းပါ။

  ကချင် နှစ်ခြင်း အသင်းတော် ၂ ပါးရှိနေခြင်းအတွက် အားသာချက်များနဲ့ အားနည်းချက် အနည်းငယ် ရှိနေစမြဲပါ။ လာရောက်သူများ ပိုမို ပေးလှူ လာနိုင်တာလည်းတွေရပါတယ်။ အသင်းတော် ၂ပါး ဆုတောင်းပေးခြင်း၊ အပြန်အလှန် ဖိတ်ကြား၊ တက်ရောက်ကြခြင်း မိတ်သဟာရပြုကြပါသည်။ ရထားစီးရင် ၅ မိနစ်လောက်ဘဲ ဝေးပါတယ်။ ကချင်ပြည်က တရားဟောဆရာ များသာမက၊ ရန်ကုန်၊ ဘန်ကောက် စတဲ့ နေရာများမှ ကချင်၊ မြန်မာ ဆရာများ ပိုမို ရောက်လာနိုင်ပြီး ၊ တရားဟောနိုင်ခဲ့ပါတယ်။ ၂ဝဝ၆ သြဂုတ်လ အတွင်းမှာတော့ ဘန်ကောင် အမ်စီအေ က ဧည့်သည် ဆရာ Rev. လဇွန်တူးဂျာ၊ နယ်ခံဆရာများဖြစ်တဲ့
Rev. Maran Sing Gawng , Rev. Hkalam Samson, Rev. Yojong Yaw Han, Rev. Dr. Lazuk Dau Hkwwng စသည်တို့ ရှိနေကြပါတယ်။

   နိုင်ငံတကာရောက် ကချင်များ၊ တဦးချင်း၊ မိသားစုချင်း၊ အသင်းတော်ချင်း၊ အမျိုးအနွယ်ချင်း၊ မိတ်သဟာရ ဖွဲ့၍ ဆောင်ရွက်ခြင်းကို အတွက် ကျေးဇူးတော် ချီးမွမ်းပါသည်။

မှတ်ချက်။ ၂၀၀၆ - အေပီအမ်စီအက်ဖ် မှဆောင်းပါးကို ထပ်မံဖေါ်ပြပါသည်။ စင်ကာပူတွင်လည်း လွန်ခဲ့သောနှစ်ပေါင်း ၁၅နှစ်ခန့်ကတည်းက ကမ်ဘာကမ် ကချင်နှစ်ခြင်းမိတ်သဟာရ BETHESDA CHAPEL တွင် ည၇နာရီမှ ၈နာရီခွဲအထိ ကချင်ဘာသာဖြင့် ကိုးကွယ်ဝတ်ပြုကြပါသည်။ နောက်ဆုံးအပတ်တွင် မြန်မာဘာသာဖြင့် ကိုးကွယ်ဝတ်ပြုကြပါသည်။ Scribd Document     The End..

Comments (2)Add Comment
...
written by hillprince, November 07, 2009
Good to hear that
report abuse
vote down
vote up
Votes: +0
...
written by ဆရာစိုင်းအေး, September 10, 2009
အပတ်စဉ်တရားဟောချက် ချီးမွမ်းကိုးကွယ် သက်သေခံချက် ချီးမွမ်းသီချင်မျာ ခွန်အားယူနိုင်
www.mcathailand.com
report abuse
vote down
vote up
Votes: +0

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Saturday, 29 August 2009 22:38 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 6 guests online

ဆန္ဒမဲလေး ပေးရအောင်(၂)

ဝိညာဉ်သစ် မဂ္ဂဇင်း
 

ကာတွန်းများ

မယုံဘူး

စာရင်းဇယား

Content View Hits : 260772