Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Thursday
Mar 11th

မြန်မာ HCF in Singapore

E-mail Print PDF

မြန်မာ HCF Health Care Fellowship (စင်ကာပူ)
 
   Cell Group ကျမ်းစာလေ့လာခြင်းနှင့် ၀တ်ပြုကိုးကွယ်ခြင်းကို ဆရာမအယ်ဝါး အိမ် Blk 165 #11-1259, Stirling Road, Queens Town မှာရောက်ရှိခဲ့ပါတယ်။  လွန်ခဲ့သော ၃နှစ်မှ စတင်ပြီး

 မြန်မာ HCF အဖွဲ့ကို သိသိသာသာ မြင်တွေ့ရပါတယ်။ ထိုစဉ်က လစဉ် ကိုးကွယ်ဝတ်ပြုခြင်းကို Singapore Bible House, Boys' Brigate စတဲ့နေရာများမှာ ပုံမှန် လုပ်ဆောင်ခဲ့ကြပါတယ်။ ကျမ်းစာသင်တန်းကိုတော့ ဆရာမ Endeavour ၊ ဆရာအောင်နိုင်၊ ဆရာစံဝင်းချို၊ ဆရာမလွင်လွင်မော် စသဖြင့် အလှည့်ကျ ဦးဆောင်ပေးခဲ့ကြပါတယ်။ အလျှင်းသင့်သလို ဧည့်သည်ဆရာများကို ဖိတ်ကြား ကိုးကွယ်ဝတ်ပြုလုပ်ခဲ့ကြပါတယ်။ ယခုအခါ ၂၀၀၉ ဇူလိုင်လ အချိန်မှာ တပတ် ၃ရက် Cell Group ကျမ်းစာလေ့လာခြင်းများကို Hong Gang, Queens Town, Balestier စတဲ့နေရာများမှာ ပုံမှန်လုပ်ဆောင်နိုင်ပြီး ဆရာအောင်နိုင်မှ အချိန်ပြည့်ပါဝင် ဆပ်ကပ်နေပါတယ်။
 
    မြန်မာ HCF မိတ်သဟာရအဖွဲ့ဟာ စင်ကာပူ HCF ရဲ့ ဦးဆောင်မှုအောက်မှာ သီးသန့် ဆပ်ကပ်လှုပ်ရှားပါတယ်။ လစဉ်ပြုလုပ်နေကျဖြစ်တဲ့ စင်ကာပူ HCF ရဲ့ စုပေါင်းမိတ်သဟာရ ကိုးကွယ်ဝတ်ပြုခြင်းကို ဒီလ (၁၅ ရက် - သြဂုတ် ၂၀၀၉) မှာ တန်တောက်စိန် ဆေးရုံကြီးမှာ ပြုလုပ်မယ်ဖြစ်ပါတယ်။ မြန်မာ HCF မှ မြန်မာမိတ်ဆွေအားလုံးကို တဆင့်ဖိတ်ကြားပါတယ်။ မြန်မာ HCF လစဉ် မိတ်သဟာရ ကိုးကွယ်ဝတ်ပြုခြင်းကတော့ ပြီးခဲ့တဲ့လက ပြုလုပ်ပြီးစီးခဲ့ပါတယ်။ 
  
    မြန်မာ HCF မိတ်သဟာရက ထုတ်ဝေတဲ့ မဂ္ဂဇင်းစာအုပ် (ဒေါ်ကာ မဂ္ဂဇင်း)  တတိယအကြိမ်မြောက် ထုတ်ဝေခြင်းဖြစ်ပါတယ်။ မြန်မာပြည်မှာ ပုံနှိပ်ထုတ်ဝေပြီး စင်ကာပူကို လူကြုံနဲ့ သယ်ယူဖြန့်ဖြူးရန်ဖြစ်ပါတယ်။ ပထမအသုတ် စာအုပ်များ စင်ကာပူကို ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ စင်ကာပူရှိ မြန်မာအသင်းတော်၊ မိတ်သဟာရများထံ ဖြန့်ဝေပေးမယ်ဖြစ်ပါတယ်။  ဆရာတင်ဝင်းမှန်မှ စင်ကာပူစာမူများကို စုဆောင်း၊တည်းဖြတ်ပြီး ဆရာမ Endeavour နှင့် မြန်မာပြည်မှ HCF အတွက်ကူညီဆောင်ရွက်ပေးသူများက တာဝန်ယူ ထုတ်ဝေခြင်းဖြစ်ပါတယ်။ ပါဝင်ရေးသား၊ကူညီသူများကတော့ မြန်မာပြည်မှ ဓမ္မဆရာများ၊မိတ်ဆွေများ နှင့်  စင်ကာပူ HCF မှ ညီငယ်၊ ညီမငယ်များ ရေးသားထားတဲ့ သက်သေခံချက်၊ ချီးမွှမ်းခြင်း၊ ကျေးဇူးတော်နဲ့ ကျမ်းစာလေ့လာခြင်း .. စတဲ့ သုတ၊ ရသ စာပေများဖြစ်ပါတယ်။
 
    မိတ်သဟာရအဖွဲ့သားများကို ဘုရားသခင်ကျေးဇူးတော်ကြောင့် ဘုန်းတော်ထင်ရှားစေတဲ့ စင်ကာပူဖြစ်ရပ်များ၊ မြန်မာပြည်မစ်ရှင် နဲ့ မဂ္ဂဇင်း၊ ဆဲဂရု၊ လစဉ်တွေ့ဆုံဝတ်ပြုခြင်း ...များစွာတိုးပွားလျှက်ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်တဲ့ HCF ကျမ်းစာသင်တန်းကို ဆရာစံဝင်ချိုမှ တက်ရောက်ရန် ရှိသော်လည်း မြန်မာ HCF မှာ ရံပုံငွေ၊ ဘတ်ဂျက်မရှိပါ။ သို့သော်လည်း ထို ၆လ ကျမ်းစာသင်တန်းအတွက် စင်ကာပူ HCF မှ ၁၀၀ ရာနှုံး ထောက်ပံ့ပေးခဲ့ပါတယ်။ ဆရာစံဝင်းချို မနီလာမြို့ကို ဇွန်လ-၂၀၀၉ က ထွက်ခွာသွားခဲ့ပြီး အဲဒီသင်တန်းမှာ မြန်မာနိုင်ငံမှ လာရောက်တက်သူ ၃ဦးနဲ့ တွေ့ဆုံ မိတ်သဟာရဖွဲ့နေတယ် လို့ ကြားသိရပါတယ်။ ကျေးဇူးတော် ချီးမွှမ်းပါတယ်။
 
    မြန်မာ HCF မိတ်သဟာရကို ဘုရားသခင် ဆက်လက်ကောင်းကြီးပေးပါစေ။

Myanmar HCF Cell Group 30 seconds "Hymn"

JavaScript is disabled!
To display this content, you need a JavaScript capable browser.

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Wednesday, 05 August 2009 11:56 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 6 guests online

ဆန္ဒမဲလေး ပေးရအောင်(၂)

ဝိညာဉ်သစ် မဂ္ဂဇင်း
 

စာရင်းဇယား

Content View Hits : 260770