Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Friday
Mar 12th
Home ၀ိညာဉ်သစ် မဂ္ဂဇင်း ဗဟုသုတပညာပေး ဖန်ဆင်းခြင်းသက်သေများ(၃)

ဖန်ဆင်းခြင်းသက်သေများ(၃)

E-mail Print PDF

တိုက်ဆိုင်လွန်းတဲ့လောကကြီး (လှမင်းသူ)

 “သွားပြန်ပြီတစ်ခေါက်“

ဖခင်ထံမှ ရေရွတ်သံ ဖြစ်သည်။ ဖခင်သည် ထီထိုးဝါသနာ ပါသည်။ ထီဆိုလျှင် အမျိုးစုံ ထိုးသည်။ ပေါက်သောအခါရှိသလို မပေါက်သောအခါများလည်း ရှိသည်။ မပေါက်သည်က များပါသည်။ နှစ်လုံးထဲထိုးရလျှင် ပေါက်ရန်လွယ်ကူသည်။ သုံးလုံးဖြစ်လာပါက ပိုမိုခက်ခဲလာသည်။ အစိုးရထီများကဲ့သို့  ၁၀ လုံးထိုးရလျှင် တစ်သက်မှာ တစ်ခါပေါက်ရန်ပင် အခွင့်အလမ်းနည်းပါးလေသည်။ ထိုးရသည့် ထီဂဏန်း အလုံးရေ များလာလေလေ ပေါက်ဖို့ ကိန်းနည်းလေလေဖြစ်သည်။ ထိုသို့ ပေါက်ရန်ဖြစ်နိုင်ခြေကို odds (သို့ ) Probability (သို့ ) Chance ဟု ဆိုကြသည်။

    

ပုံ(၁)။ သက်ရှိတို့ ၏ DNA လှေကား         ပုံ(၂)။ ။ သက်ရှိများသည် DNA မှ အချက်အလက်များကို အခြေခံ၍ တည်ဆောက်ထားသည်။

သက်ရှိများ၏ ဖွဲ့ စည်းပုံသည် လွန်စွာမှ ရှုပ်ထွေးလှသည်။ အဆောက်အဦ ဆောက်ရာ၌ Blue Print ရှိသည်။ ထို Blue Print ၌ အဆောက်အဦကြီးတစ်ခုအား မည်ကဲ့သို့ တည်ဆောက်ရမည့် သတင်းအချက်အလက်(Information) ပါရှိသည်။ ထိုအချက်အလက်ကို အခြေခံ၍ တစ်ဆင့်ချင်း တည်ဆောက်သွားလျှင် အဆောက်အဦ ဖြစ်လာသည်။ ထို့ နည်းတူပင် သက်ရှိများ၏ Blue Print သည် DNA ဖြစ်သည်။ DNA သည် ကြောင်လိမ်လှေကားကဲ့သို့  ပုံသဏန်ရှိသည် ။ ကြောင်လိမ်လှေကား ၏ လှေကားထစ်များသည် T,A,G,C ဟုအတိုကောက်ခေါ်ဝေါ်သော ဓါတ်ပစ္စည်းများဖြင့် ဖွဲ့ စည်းထားသည်။ လှေကားထစ်များသည် သူ့ အစီအစဉ်တကျရှိလှသည်။ သက်ရှိများ၌ ထို T,A,G,C တို့ ကို စီထားသည်မှာ (ဥပမာ.. TAGCAATGCC..............................) စာကြည့်တိုက် တစ်ခုရှိ စာအုပ်အကုန်လုံး ထဲ၌ ပါသော စာသားများအားလုံးကို စီထားသည်ထက် ပိုမိုရှည်လျားပါသည်။

 ထိုမျှရှည်လျားလှသော လှေကားကို သင့်လျှော်သလို ပိုင်းလိုက်လျှင် Gene ဟုခေါ်သော အပိုင်းလေးများရသည်။ ထို Gene လှေကားထစ်ပိုင်းလေးများသည် သက်ရှိများကို တည်ဆောက်ရမည့် အစိတ်အပိုင်းများအတွက် အချက်အလက်(Information) များပါရှိသည်။ လှေကားထစ်တစ်ပိုင်းတွင် မျက်လုံးအရောင်အချက်အလက်ပါရှိနိုင်သလို၊ နောက်လှေခါးထစ်တစ်ပိုင်းတွင် ဆံပင်အရောင်အတွက် အချက်အလက်ပါရှိနိုင်သည်။ Gene တစ်ခုထဲရှိ လှေကားထစ်အစီအစဉ်(Sequence)သည် လွန်စွာမှ အရေးကြီးသလို လှေကားထစ်များ လိုအပ်သွားခြင်း၊ ပိုမိုသွားခြင်း မရှိရခြင်းသည် လွန်စွာမှအရေးကြီးသည်။တစ်ခုခုချွတ်ရွင်းခဲ့သော် ကင်ဆာရောဂါများ၊ အခြားသော ဗီဇဆိုင်ရာ ရောဂါများခြင်း သေဆုံးနိုင်လေသည်။

ဂဏန်း ၁၀ လုံးသာရှိသော ထီကို အစီအစဉ်တကျရရှိရန် မည်မျှခက်ခဲကြောင်း သဘောပေါက်ကျပေလိမ့်မည်။ ဖြစ်နိုင်ခြေသည် နည်းပါးပါသည်။ "ZEBRA" ဆိုသည် စကားလုံးကို ရရှိရန် 'Z','E','B','R','A' တစ်လုံးခြင်းဆီကို တစ်စုတဝေးတည်း လက်၌ ယူ၍ ကြမ်းပေါ်သို့ ပစ်ချကြည့်ပါ။ 'Z' နောက်၌ 'E' ၊ 'E' နောက်၌ 'B'၊ 'B' နောက်၌ 'R'၊ 'R' နောက်၌ 'A'၊ အစီအရီကျဖို့ ရန်မည်မျှခက်ခဲပါသနည်း။ ဆိုခဲ့သည်အတိုင်း လွန်စွာမှ ရှည်လျားသော DNA လှေကားကြီးအား အစီအစဉ်တစ်ကျဖြစ်ရန်  သဘာဝအလျောက် Random စီကြည့်ပါ။ လွန်စွာမှ ခက်ခဲလှပေသည်။ စာရေးသူသင်္ချာအားဖြင့် ဖြစ်နိုင်ချေ(Probability)ကို ဂဏန်းဖြင့်အတိအကျ မဖော်ပြတော့ပါ။ သဘာဝအလျောက် မတော်တဆ သူဘာသာသူ အစီအစဉ်တကျ ဖြစ်လာသည်ဟု ဆိုလျင် တိုက်ဆိုင်လွန်းလှသည်ဟု ဆိုရပေမည်။

"God Delusion" စာအုပ်ကို ရေးသားသော Richard Dawkins ကို ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းသောအခါ " Lucky Chance " ဟုဆိုလေသည်။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သည်ပဲ ရှိစေဦးတော့။

ပုံ(၃)။ ။ Triple Alpha Process နည်းအားဖြင့် Carbon ဖြစ်ပေါ်လာပုံ 

သက်ရှိများ၏အဓိကကျသည့် အခြေခံဒြပ်စင်သည် Carbon ဖြစ်သည်။ သက်ရှိလူသားအတွက် Carbon ဒြပ်သည် အများအပြားလိုအပ်သည်။ စကြာဝဠာစတင်ဖြစ်စ ကနဦးအချိန်က  Carbon ဒြပ်စင်သည် မရှိသေးပေ။ Carbon သည် Helium Nucleus သုံးလုံးမှ (Triple Alpha Process) ဟု ခေါ်သောနည်းအားဖြင့် စတင်ဖြစ်ပေါ်သည်။ ထိုသို့ ဖြစ်ပေါ်ရန် လွန်စွာမှတိကျသည် Energy Level လိုအပ်သည်။ လိုအပ်သော Energy Level ထက် အနည်းငယ်လိုလျှင်သော်လည်းကောင်း၊ ပိုသွားလျှင်သော်လည်းကောင်း၊ Carbon ဒြပ်စင်သည် ဖြစ်ပေါ်လာနိုင်ခြင်း မရှိပေ။ Carbon မရှိလျင် သက်ရှိမဖြစ်ပေါ်လာနိုင်တော့ပေ။ လွန်စွာမှတိကျသော Energy Level ရှိမှသာဖြစ်နိုင်သည်ကို ရှာဖွေသိရှိသွားသော နက္ခတ်သိပ္ပံပညာရှင် Sir Fred Hoyle သည် လွန်စွာမှ တုန်လှုပ်သွားခဲ့သည်။ Sir Fred Hoyle သည် ထိုတစ်ချက်တည်းဖြင့်ပင် တစ်သက်လုံး ဘုရားမဲ့ဝါဒီဖြစ်ခဲ့ရာမှ ဘုရားရှိကြောင်းကို ချက်ခြင်းလက်ခံလေတော့သည်။ Sir Fred Hoyle ၏ ၄င်းနှင့် ပတ်သက်၍ ပြောဆိုချက်ကို မူရင်းအနက် မယွင်းစေရန် အင်္ဂလိပ်မူရင်းဖြင့်ပင် ဖော်ပြလိုက်ပါသည်။

        Would you not say to yourself, "Some super-calculating intellect must have designed the properties of the carbon atom, otherwise the chance of my finding such an atom through the blind forces of nature would be utterly minuscule." Of course you would . . . A common sense interpretation of the facts suggests that a superintellect has monkeyed with physics, as well as with chemistry and biology, and that there are no blind forces worth speaking about in nature. The numbers one calculates from the facts seem to me so overwhelming as to put this conclusion almost beyond question.

ပုံ(၄)။ ။ Sir Fred Hoyle 

ထိုအချက်များအပြင် ကမ္ဘာကြီးသည် စင်္ကြ၀ဠာ၏ ဆင်ခြေဖုံးရပ်ကွက် သုံးပုံနှစ်ပုံနေရာ၌ ရှိနေခြင်း( အလယ်၌ ရှိနေလျှင် ပြိုကွဲပျက်စီး သွားနိုင်သည်)၊ ၂၃ နှစ်ပိုင်း တစ်ပိုင်း အတိအကျ စောင်း၍ လည်နေခြင်း၊( ဒီဂရီ အနည်းငယ်လွဲသွားလျင် သက်ရှိများ မတည်ရှိနိုင်ပေ။ လသည် ထိုဒီဂရီ၌ လည်နေအောင်ထိန်းထားပေးသည်။ )၊ ဥက္ကာပျံကြီးများ ရန်မှ ကာကွယ်ရန် Jupiter ကဲ့သို့ သော ဂြိုလ်ကြီးများက အကာအကွယ်ပေးထားရခြင်း။ တို့ သည် သဘာဝကြီးက အလိုအလျောက် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်စေသည်ဟု ဆိုကြလျှင် ထိုသို့ ဆိုသူများကို ”တိုက်ပဲတိုက်ဆိုင်လွန်းလှတဲ့ လောကကြီ်းဟု” ဆိုချင်ပါတော့သည်။

နာမတော်မြတ်၌

လှမင်းသူ 

 

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Monday, 09 November 2009 09:29 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

သက်ဆိုင်သည့် အကြောင်းအရာများ

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 19 guests online

ဆန္ဒမဲလေး ပေးရအောင်(၂)

ဝိညာဉ်သစ် မဂ္ဂဇင်း
 

ကာတွန်းများ

စက်ဝိုင်း သံသရာ

စာရင်းဇယား

Content View Hits : 261198