Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Friday
Mar 12th
Home ၀ိညာဉ်သစ် မဂ္ဂဇင်း ၀ိညာဉ်ရေးရာ မိမိသည် ဘုရားရှေ့ ၌ မည်သို့ရှိသနည်း

မိမိသည် ဘုရားရှေ့ ၌ မည်သို့ရှိသနည်း

E-mail Print PDF

ချစ်လှစွာသော ဓမ္မမိတ်ဆွေ အပေါင်းတို့

ကျွန်ုပ်တို့သည် လောကအလယ်၌ တစ်ဦးတစ်ယောက်တည်း အသက်ရှင်နေရသူ မဟုတ်ပေ။ လူသားများနှင့် သွားလာလုပ်ကိုင် ပေါင်းသင်းဆက်ဆံနေထိုင် ကြရပေသည်။

ဘာသာရေးဟုဆိုသော လောကကို ကြည့်မလား။ စီးပွားရေးဟုဆိုသော စီးပွားရေးလောကကို ကြည့်မလား။ လူမှုရေးဟု ဆိုသော လူမှုရေးလောကကို ကြည့်မလား။ စသည်ဖြင့် ပညာရေးလောက၊ နိုင်ငံရေး၊အိမ်ထောင်ရေး၊ကျန်းမာရေး လောကကတို့ကို ကြည့်မလား။

လူသားများစွာနှင့် ထိတွေ့ပေါင်းသင်းနေကြရပေ၏။

ထို့ကြောင့်

တခါတရံ မိမိ၏ စိတ်သဘောနှင့် မတွေ့သော အရာများကို မိမိနှင့် သက်ဆိုင်သော လောကအတွင်းလူများတို့၌ တွေ့ကြုံကြရမည် ဖြစ်၏။

ထိုသို့သောအကြောင်း မညီညွတ်သောအရာများနှင့် တွေ့ဆုံကြရသည့် အခါတွင် ရှိရမည့် သဘောထားကို ၀ိညာဉ်တော်အားဖြင့် ကျွန်ုပ် ဝေမျှလိုပေ၏။

လောကမှာ မိမိနှင့်ဆက်နွယ်မှု အတွင်းရှိနေကြသော လူများ အထဲ၌၊ လူသားအားလုံးသည် မိမိ၏စိတ်တိုင်းကျ ဘယ်သောအခါမျှ မဖြစ်နိုင်ပေ။

အသင်းတော်တွင်း၌ ကြည့်မလား။ အသင်းတော်ပြင်ပ လုပ်ငန်းခွင်များ၌ ကြည့်မလား။ ၀ိညာဉ်တော်အားဖြင့် ကျွန်ုပ်ဝေမျှလိုသည်မှာ -

မိမိ၏ အသင်းတော်၌သော်၎င်း၊ မိမိ၏ စီးပွားရေးအတွင်း၊ လူမှုရေးလုပ်ငန်း အတွင်း၌၄င်း ရှိနေသော လူတစ်ဦးနှင့် ပတ်သက်၍ သာဓကလေး ပေးလိုပေ၏။

မိမိနှင့် ဆက်နွယ်မှုရှိသော လုပ်ငန်း အတွင်း၌ ရှိသော လူတစ်ဦး၌ ကောင်းကွက် ရှိသလို၊ ဆိုးကွက်လည်းရှိနိုင်ပေ၏။ ထိုအခါတွင် ကျွန်ုပ်တို့သည် ထိုသူ၏ ဆိုးကွက် အပေါ်၌ စီရင်မှုပြုလိုက်မည်ဆိုပါက ထိုသူ၏ ကောင်းကွက်ကို ကျွန်ုပ်တို့ ဆုံးရှုံးသွားနိုင်မည် ဖြစ်၏။ အကယ်၍ ထိုသူ၏ကောင်းကွက်ကိုသာ ကြည့်မည်ဆိုပါက ထိုသူ၏ ဆိုးကွက်သည် ကျွန်ုပ်တို့အား ဂရက်ရိုက်နိုင် လာမည်ဖြစ်၏။

ဒါကြောင့် ကျွန်ုပ်တို့သည် မိမိနှင့် ဆက်နွယ်မှုရှိသော လုပ်ငန်းဆောင်တာအတွင်းရှိ ထိုသူအပေါ်၌ မည်ကဲ့သို ဆက်ဆံပေါင်းသင်းမည်နည်း။

အကယ်၍ ထိုသူနှင့်မိမိ မပတ်သက်ချင်တော့ပါဟု ဆိုပါက ထိုသူ၏ နေရာ၌လည်း ထိုသူကဲ့သို့ လူတစ်ဦးဝင်ရောက်လာဦးမည်မှာ အမှန်ဖြစ်၏။ ဒါကြောင့် မိမိနှင့် ဆက်နွယ်နေသောလူကိုသာလျှင် မိမိမည်ကဲ့သို့ ဘုရားသခင်၏ အလိုတော်နှင့်အညီ ပေါင်းသင်းဆက်ဆံရမည်ကို ဘုရားထံ၌ ဥာဏ်ပညာတောင်းပါလေ။ မိမိ၏ စိတ်သဘော အတွေးအခေါ်အား ရှေ့တန်းမတင်ပဲ ဘုရားသခင်၏အလိုတော် မည်သို့ရှိသလဲ ဟူသည်ကို ရှာဖွေပါ။

မည်သည့် လူ့ဘောင် အဖွဲ့အစည်း ဖြစ်ပါစေ။ ထိုသို့သော ကောင်းကွက်နှင့် ဆိုးကွက်ပူးတွဲ ရှိနေသူများစွာ ရှိကြ၏။

ထို့ကြောင့် ဓမ္မမိတ်ဆွေ အပေါင်းတို့အား ၀ိညာဉ်တော်အားဖြင့် ဝေမျှတည်ဆောက်လိုသည်မှာ -

ကောင်းကွက်ကို အသုံးပြုလိုပါက ဆိုးကွက်ကို သည်းခံ ခွင့်လွှတ်နိုင်ရမည်။

ဆိုးကွက်ကိုများများ မိမိတွေးနေပါက ကောင်းကွက်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။

ကောင်းကွက်တွေ များများတွေးပါက ဆိုးကွက်တွေအတွက် စိုးရိမ်စရာ မလိုတော့ပေ။

အဓိက အကြောင်းရင်းကို ဆိုရသော် တဘက်သောသူ၏ ဆိုးကွက် ကောင်းကွက်ထက် မိမိ၏ အသက်တာ၌ ရှိနေသော ၀ိညာဉ်သဘောထား မည်သို့ရှိသနည်း ဆိုတာကို လေးလေးနက်နက် စမ်းစစ်ရန် အဓိက ဖြစ်၏။

ယောသပ်အသက်တာ အကြောင်း ကျွန်ုပ်တို့ အားလုံးအသိဖြစ်၏။ ယောသပ်သည် မိမိ၏ အသက်တာကိုသာ ပြည့်ပြည့် ၀၀ဆင်ခြင်၍ ဘုရားသခင်၌ သစ္စာရှိရှိ ခိုလှုံ ကိုးစားသောကြောင့် သူအစ်ကိုတို့၏ ဆိုးကွက်၊ ဖလားတော်ဝန်၏ ဆိုးကွက်၊ ပေါတိဖာမယား၏ ဆိုးကွက်တိုင်းသည် ယောသပ်ဘ၀ အသက်တာအတွင်း၊ အဲုတ္တုပြည်၏ ဘုရင်ခံတစ်ဦးဖြစ်လာရန်အတွက် ကောင်းကွက်များသာ ဖြစ်ကြောင်း ကျွန်ုပ်တို့ အသိ ဖြစ်၏။

ဒါကြောင့် တစ်ပါးသောသူတို့၏ ကောင်းကွက်၊ ဆိုးကွက်တွေကို ကျွန်ုပ်တို့ အာရုံပြုနေခြင်းထက် ဘုရားသခင်၏ရှေ့တော်၌ ငါ့ရဲ့ အသက်တာ မည်သို့ရှိနေသလဲဆိုတာကိုသာ လေးလေးနက်နက် အာရုံပြုတတ်ရန်သာ အဓိက ဖြစ်ပေ၏။

မိမိ၏ ၀ိညာဉ်ရေးရာ အသက်တာသည် ဘုရား၌ မည်မျှမွေ့လျော်မှု ရှိနေသလဲ။

မိမိသည် ဘုရားကို ဘယ်လောက် ကိုးစားသစ္စာရှိမှု ရှိနေသလဲ။

မိမိသည် ဘုရားသခင်အပေါ်၌ မည်မျှဦးစားပေး၊ ဦးထိပ်ထားမှု ရှိနေသလဲ စသော မိမိ၏ ၀ိညာဉ်ရေးရာ အသက်တာကိုသာ လေးလေးနက်နက် စမ်းစစ် ရှင်သန်တတ်ပါက မိမိနှင့်ဆက်နွယ်မှုရှိနေသော လူသားတိုင်း၏ကောင်းကွက်၊ ဆိုးကွက်အားလုံးသည် မိမိဘ၀အသက်တာအတွက် အကောင်းဆုံးများသာဖြစ်ကြောင်း ခံစားလာရမည်မှာ သမ္မာစကား သစ္စာစကား ဖြစ်၏။

ဒါကြောင့်

ယနေ့များစွာသောသူတို့သည် တစ်ပါးသူများကိုသာ မြင်တတ်သ၍ ဘယ်သောအခါမျှ ပြည့်ဝစုံလင်သော စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုကို ဖြစ်နိုင်မည် မဟုတ်ချေ။

မိမိအသက်တာကိုသာ လုံးဝ မြင်ပါ။ မိမိအသက်တာကို များများပြင်ဆင်မှုခံယူပါ။ မိမိဝိညာဉ်ရေးရာကို ပြည့်ပြည့်၀၀ ဆင်ခြင်ပါ။ ဘုရားသခင်နှင့် မိဿဟာရဖွဲ့ သွားလာပါ။

ထိုသို့ဖြစ်ပါက

မိမိသည် မည်သည့်လုပ်ငန်းအတွင်း ရှိနေပါစေ။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ရဲရင့်ပြတ်သားစွာသော်၎င်း၊ နူးညံ့ သိမ်မွေ့နှိမ့်ချစွာဖြင့်၎င်း၊ အောင်မြင်စွာ၊ ယုံကြည်မှုအပြည်ဖြင့် ရှင်သန်သွားနိုင်မည် ဖြစ်၏။

မိမိကိုယ်သာလျှင်မြင်ရန် အဓိက

သူတစ်ပါး၏ ဆိုးကွက်၊ ကောင်းကွက်ထက် မိမိ၏ကောင်းကွက်၊ ဆိုးကွက် ကိုမြင်တတ်၍ ပြင်ဆင်မှုပြုလာလေလေ၊ တစ်ပါးသူတို့၏ ကောင်းကွက်မပြောနှင့်၊ ဆိုးကွက်တွေဟာလည်း မိမိအတွက် ကောင်းကွက်များ အလိုအလျောက် ဖြစ်လာမည် ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ ဖော်ပြချက်ဖြစ်၏။

ဒါကြောင့်

ကျွန်တော့်ရှေ့ ၌ ဆိုးကွက်ရှိသော လူသားတစ်ဦးမျှ လုံးဝမရှိပါ။

အဘယ်ကြောင့်ဆိုသော်

ဘုရားသာလျှင် ကျွန်ုပ်၏ဘ၀၊ အရာခပ်သိမ်း ဖြစ်၏။ ဘုရားသာလျှင် ကျွန်တော့် ဘ၀ကို ဖန်တီးပေးရှင် ဖြစ်၏။ ဘုရားသခင် ဘုန်းကြီးပါစေ။

ဆရာစောသူရ (ဘားအံ)

 

 

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Sunday, 07 February 2010 12:23 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 9 guests online

ဆန္ဒမဲလေး ပေးရအောင်(၂)

ဝိညာဉ်သစ် မဂ္ဂဇင်း
 

ကာတွန်းများ

Bo အောင်ဒင်

Chinese New Year Talent Show မှ ဗိုလ်အောင်ဒင်

 

Read more...

စာရင်းဇယား

Content View Hits : 261054