Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Friday
Mar 12th
Home ၀ိညာဉ်သစ် မဂ္ဂဇင်း ၀ိညာဉ်ရေးရာ အတူယူစရာ ကမ္ဘာ့အလှမယ်လေးများ (ဆူးရင့်စိမ်း)

အတူယူစရာ ကမ္ဘာ့အလှမယ်လေးများ (ဆူးရင့်စိမ်း)

E-mail Print PDF

spiritual-ladies

                 ကမ္ဘာပေါ်တွင် ကျင်းပ ပြုလုပ်သည့် ကမ္ဘာ့ အလှမယ် ရွေးချယ်ပွဲသို့ လူကိုယ်တိုင် မရောက်ရှိ ခဲ့ဖူးသော် လည်း T.V ရှေ့တွင်ထိုင်ကာ မပျက်မကွက် စိတ်ဝင်တစား ကြည့်ခဲ့ဖူးသည်။ အလှ မယ်လေးများကို ကြည့်၍လည်း အားကျ ခဲ့ပြန်သည်။ သရဖူ ဆောင်းရသော အမျိုးသမီး လေးနေရာ တွင် ကျွန်မသာ ဖြစ်လိုက် ချင်သေး၏။

                 သေချာ စွာ စဉ်းစားကြည့် လိုက် သောအခါ တစ်နှစ်မှ တစ်ခါသာ မျှော်ရ၍ နောက်နှစ် များတွင် အခြား သူများက လက်ဆင့်ကမ်း အလှသရဖူ ဆွတ်ခူးသွားမှာ ဖြစ်၏။ တခဏသာ မဂ္ဂဇင်း၊ T.V ရှေ့တွင် ဖော်ပြခြင်း ခံရပြီး မေ့ပျောက်သွား မည်မှာ အမှန်ဖြစ်သည်။

                ထို့ကြောင့် တစ်နှစ်ခံ အလှများဟု ကျွန်မ တင်စားလိုက်မိသည်။ ထို အလှများ ကို အားကျ ဂုဏ်ယူမှုများ ပပျောက် သွားကာ ရာဇဝင် တွင် ထင်ကျန် နေသေးသည့် ထာဝရ အလှရှင် လေးများ အကြောင်းကို ဖော် ထုတ်ရေးသားရန် ဆန္ဒပြင်းပြ လာတော့သည်။

                  ကမ္ဘာ့ အလှမယ်လေးများ ဟု ကျွန်မ တင်စား ထားသော အမျိုးသမီးများစွာ ရှိသည့်အထဲမှ အချို့ ကိုသာ ဖော်ပြ ပါရစေ။ အဘယ့်ကြောင့်ဆိုသော် အမျိုးသမီးများသည် ဘုရား သခင်ရှေ့တွင် အဖိုး မဖြတ်နိုင်သော အသွေး အသား အသက်ဖြင့် ကယ်တင် ထားသော သူများဖြစ်သည်။ အမျိုး သမီးများ၏ စိတ်နေ သဘောထားကို အကြမ်းအားဖြင့် (၄) မျိုး ပိုင်းခြား ကြည့်ကြပါစို့။ ၎င်းတို့မှာ

*  ပုံပြင် ယဉ်ကျေး သိမ်မွေ့သူ၊

*  လူပေါင်းသင်း ဆက်ဆံ တတ်သူ၊

*  မဟုတ်မခံ တတ်သူနှင့်

*  အတင်း အဖျင်း ပြောဆိုတတ်သူ ဟူ၏ ဖြစ်သည်။

                   ထိုကဲ့သို့သော စိတ်ဓါတ် များ၏ ပိုင်ရှင်ကို အနည်း ငယ်စီ ဖော်ပြရမည်ဆိုပါက ကမ္ဘာပေါ်တွင် အလှ သရဖူ ဆောင်း ထိုက်သော သူများဟု စာဖတ်သူများ အမှတ် ပေးမိမှာ မလွဲပေ။ ထို အမျိုးသမီးများ၏ အရည် အချင်း များပင် အမှတ် ပေးစည်းမျဉ်း ထက်သာ၍ ကျော်လွန် နေသော ကြောင့် ဖြစ်သည်။

၁။ ပုံပြင်ယဉ်ကျေးသိမ်မွေ့သူ

                    သူမ၏ အမည်မှာ မမအန်း (Ann) မမယုဒသန် ဟုလည်း ခေါ်ကြသည်။ သျှောင်နောက် ဆံထုံးပါ ဆိုသကဲ့ သို့ ဘုရားရှင်၏ ကြီးမားသော စေခိုင်းချက်ကြီး ပြီးမြောက် အောင် လင်ယောကျာ်းအား များစွာထောက်ပံ့ခဲ့သည်။ မိမိ တိုင်းပြည်သို့ လင်ယောကျာ်းအား စွန့်ခွာကာ ပြန်သွား နိုင်သော်လည်း ဆင်းရဲ ဒုက္ခကြားထဲကပင် မြန်မာမင်း များအား ရဲဝံ့စွာ အသနား ခံခဲ့သည်။ ဉာဏ် အမြော် အမြင် ကြီးခြင်းနှင့် အတတ် ပညာ ရှိခြင်း တို့ကြောင့် ခေါင်းအုံး လေးအား ချုပ်လုပ်ကာ ခင်ပွန်းသည် ထံသို့ သမ္မာကျမ်း စာအုပ် အရောက် ပို့ပေးနိုင်ခဲ့သည်။

                   အေးဆေး တည်ငြိမ်၍ အိနြေ္ဒ ရသော အမျိုးသမီးဟု ခန့်မှန်း နိုင်သည်။ ပြဿနာကို ယဉ်ကျေးသိမ်မွေ့စွာ ဖြေရှင်း တတ် သောကြောင့် မည်မျှပင် အန္တရာယ် ရှိစေကာမူ ဘုရား သခင်၏ လမ်းပြခြင်းကို ခံခဲ့ရသည်။ သူမကြောင့် သမ္မာကျမ်းစာ ဘာသာပြန်ဆိုခြင်း အမှု ထိရောက် အောင်မြင် ခဲ့တော့သည်။ ခင်ပွန်းသည် ကဲ့သို့ပင် ဆုတောင်း အားကြီးခြင်း ကြောင့် ဒုက္ခကို သုခလို့ မြင်ကာ ရင်ကော့ ကျော်လွှား ခဲ့ခြင်း ဖြစ်သည်။

                    စာဖတ်သူ အမျိုးသမီး များထဲမှလည်း မမအန်းကဲ့သို့ ယဉ်ကျေး သိမ်မွေ့သူ များစွာရှိမည် ဖြစ်သည်။ မမအန်းအား အတုယူပါ။ မိမိ သိကျွမ်းသော ပညာ ဖြင့် ထာဝရဘုရား၏ အမှုတော်၌ မည်ကဲ့သို့ အစေခံ ရမည်ကို အမြော် အမြင်ကြီးစွာ အသုံးချ တတ်ရန် လိမ္မာ ပါးနပ်စွာ အသက်ရှင်ပါ။ အမှုတော်မြတ် ၌ ထိရောက်စွာ ပံ့ပိုး ကူညီ နိုင်ဖို့ရန် သင့်အား ဘုရားသခင် ရွေးချယ် ထားပါသည်။ သင်၏ ဆုတောင်း အားကြီးခြင်း ကြောင့် လည်း သင်နှင့် ထိတွေ့ဆက်ဆံ ရသော သူများ စိတ်နှလုံး ပြောင်းလဲကာ ထာဝရဘုရား သည် ကြီးမြတ် တော် မူကြောင်းကို သက်သေခံ နိုင်သည်ဖြစ်သည်။ (ဟာလေလုယာ)

၂။ လူမှု ပေါင်းသင်း ဆက်ဆံ တတ်သူ

(မေရီ ဆလက်စား)

                   ပိန်သွယ်သော ကိုယ်ဟန်လေးနှင့် ချစ်စရာ ကောင်းသော သူမ၏ အလှကို အခြားသူများကဲ့သို့ အသုံး မပြုခဲ့ပေ။ (၁၆) နှစ်အရွယ် ရင်ခုန်စရာ ချစ်တမ်း ကစားရမည့် အချိန် ဖြစ်သော်လည်း ခရစ်တော်ကို မသိသော ယောကျာ်း ဆိုးကြီးများ ကြားတွင် ရဲဝံ့စွာ သမ္မာကျမ်းစာ ကို သင်ကြား ဝေငှခဲ့သည်။ ဆင်းရဲသား များ၏ ဘဝကို စာနာပြီး ချမ်းသာခြင်း တည်းဟူသော သခင်ယေရှု ခရစ်အား တွေ့မြင် ခံစားကြစေရန် အခြိမ်း အခြောက် အတားအဆီး များကြားကပင် ယုံကြည်ခြင်း မျိုးစေ့ ကြဲဖြန့် နိုင်ခဲ့သည်။

                   သူမ ကြောင့် ဆိုးသွမ်းသော လမ်းသူရဲများ ပြောင်းလဲခဲ့သည်။လူတိုင်း ကို ချစ်တတ်သော စိတ်ရှိ၍ အားလုံးနှင့် သင့်တင့် အောင် ပေါင်းသင်း နိုင်ခဲ့သည်။ လူမှု ပေါင်းသင်း ဆက်ဆံ တတ်သူဟု ယူဆရမည်။ မိမိ၏ ဖခင် ကိုယ်တိုင် ကပင် ဆိုးသွမ်း၍ မိခင်အား နှိပ်စက် တတ်သော အရက်သမား တစ်ဦး ဖြစ်သည်။

                   သူမ၏ သာသနာ ခရီးစဉ်တွင်လည်း အရက် ပုလင်းများ နှင့်အတူ အစပြု ရွက်လွှင့် ခဲ့ရသည်။ အမှောင် ထုဟု နာမည် ကြီးသော အာဖရိကတိုက် တွင် လူမျိုး ရေး ခွဲခြား သည့်စိတ် မရှိဘဲ အားလုံး၏ ချစ်ခင် လေးစားမှုကို ရယူကာ ပင်ပန်း ခက်ခဲစွာ အစေခံခဲ့သည်။ ကလေး သူငယ် များအား ချစ်သနား၍ ပြုစု ပျိုးထောင် မေတ္တာ မျှဝေခဲ့သည်။ (ထို အချိန်က အာဖရိကတိုက် မှ လူများသည် ယဉ်ကျေးမှု လုံးဝ မရှိသေးပါ။) သူမကြောင့် သာလျှင် ခရစ်တော် ဘုရားကို သိမြင်လာ၍ လူဖြူ ဘုရင်မလေး ဟု လည်း အမည်တွင် ခဲ့လေသည်။

                   ယနေ့ခေတ် တွင်လည်း မေရီကဲ့သို့ ဧဝံဂေလိ ကိုချစ်၍ ဆက်ကပ် လုပ်ဆောင် ချင်ကြသော အမျိုးသမီး ငယ် များစွာ ရှိမည်ဟု စာရေးသူ ထင်မြင် မိပါသည်။ မေရီအား အတုယူ သင့်ပေသည်။

                   မည်သူကမျှ လုဆိုးများနှင့် အပေါင်း အသင်း မလုပ်ချင် ကြသော်လည်း လူသား တို့အား လူသား ကဲ့သို့ မြင်တတ်ရန် အရေးကြီးပါသည်။ အားလုံးနှင့် သင့်တင့်စွာ ပေါင်းသင်း ဆက်ဆံ၍ ဖြူစင်သော မေတ္တာရှိရန် လိုအပ်ပါသည်။ လူမျိုးရေး ခွဲခြားသော စိတ်ဓါတ်များကို လွှင့်ပစ်ကာ ယောကျာ်းဆိုး၊ မိန်းမဆိုး များအား ခရစ်တော်၏ ခွင့်လွှတ်ခြင်း မေတ္တာဖြင့်သာ အနိုင်ယူ တတ်ရန် လိုအပ်ပေသည်။

                   ခရစ်တော်ကို မသိသေးသော လူများ ကြားတွင် သင့်အား သခင်ဘုရား ရွေးချယ် ခန့်အပ် ထားပါက မေရီ ကဲ့သို့ လူမှု ပေါင်းသင်း ဆက်ဆံ တတ်ရန် ဘုရား သခင်ထံ တောင်းလျှောက်ပါ။ ထိခိုက် နစ်နာစေရန် ပြုမူ ဝေဖန် ကဲ့ရဲ့ ရှုတ်ချခြင်း ခံရသော် ငြားလည်း သခင်ဘုရား သင့်ကို ခိုင်ခံ့ စေရန်၊ နောက်ဆုံးတွင် အမှောင်ထု တည်းဟူသော ခရစ်တော်ကို မသိသော သူများ ကြားတွင် သင်သည် မီးအိမ်ရှင် မလေး တစ်ဦး ဖြစ်လာရန် သခင်ဘုရား အသုံးပြု ပေလိမ့်မည်။

(ဟာလေလုယာ)

ဆူးရင့်စိမ်း
Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Friday, 22 January 2010 12:19 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 19 guests online

ဆန္ဒမဲလေး ပေးရအောင်(၂)

ဝိညာဉ်သစ် မဂ္ဂဇင်း
 

စာရင်းဇယား

Content View Hits : 261192