Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Friday
Mar 12th
Home ၀ိညာဉ်သစ် မဂ္ဂဇင်း ၀ိညာဉ်ရေးရာ ယှဉ်ပြိုင်ခြင်း နှင့် အခြားသူများ လိုချင်သည့် ပုံစံအတိုင်း အမှုတော်ထမ်းခြင်း (ဘာသာပြန်)

ယှဉ်ပြိုင်ခြင်း နှင့် အခြားသူများ လိုချင်သည့် ပုံစံအတိုင်း အမှုတော်ထမ်းခြင်း (ဘာသာပြန်)

E-mail Print PDF

Serving-Jesus                  မနေ့က ကျွန်တော် တစ်ခု သတိပြုမိတယ်။ အဲဒါက ဘာလဲဆိုတော့ စာတန်ဟာ မိတ်ဆွေရဲ့ အမှုတော်မြတ်မှာ ထမ်းဆောင်နေလို့ရတဲ့ ၀မ်းမြောက်ခြင်းကို ခိုးယူဖို့ ကြိုးစားနေတာပါပဲ။ စာတန်သုံးတဲ့ နည်းတစ်နည်းကတော့ မိတ်ဆွေရဲ့ အမှုတော်ဆောင်လုပ်ရပ်ကို အခြားသူများရဲ့ အမှုဆောင်လုပ်ရပ်များနဲ့ ယှဉ်ပြိုင်လိုစိတ်ကို မွေးပေးမယ်။  နောက်တစ်နည်းကတော့ အခြားသူများရဲ့ လိုချင်တဲ့ ပုံစံအတိုင်း အမှုတော်ဆောင်ဖို့ ဖျားယောင်းလိမ့်မယ်။ ဒီနည်းနှစ်နည်းလုံးဟာ စာတန်ရဲ့ သေမင်းထောင်ချောက်တွေဖြစ်ပြီး ဘုရားသခင်က မိတ်ဆွေအတွက် ရည်ရွယ်ထားတဲ့ အမှုတော်ဆောင်လမ်းကြောင်းကို သွေဖည်သွားစေမဲ့ အရာများ ဖြစ်ပါတယ်။
 
              ကျမ်းစာကလည်း ကျွန်တော်တို့ကို အခြားသူများနဲ့ ယှဉ်ပြိုင် မနှိုင်းယှဉ်ကြဖို့ သတိပေးထားပါတယ်။
 
"Do your own work well, and then you will have something to be proud of. But don't compare yourself with others." (Galatians 6:4 CEV)
 
              မိတ်ဆွေရဲ့ လုပ်ရပ်ပုံစံ၊ အမှုတော်ဆောင်မှု၊အမှုဆောင်လို့ရတဲ့ အသီးအပွင့်တွေကို အခြားသူနဲ့ မနှိုင်းယှဉ်ခိုင်းတာ အကြောင်းကြီး နှစ်ရပ် ရှိပါတယ်။
 
ပထမ တစ်ရပ်ကတော့ - မိတ်ဆွေထက် သာလွန်တဲ့ အခြားအမှုဆောင်တစ်ယောက်ကို မိတ်ဆွေ မတွေ့ပဲ မနေပါဘူး။ အဲဒီအခါမှာ ယှဉ်ပြိုင်စိတ် မွေးလိုက်ရင် စိတ်ဓါတ်ကျစရာ ဖြစ်လာလိမ့်မယ်။
ဒုတိယ တစ်ရပ်ကတော့ - မိတ်ဆွေထက် ညံ့ဖျင်းတဲ့ အခြားအမှုဆောင်တစ်ယောက်ကိုလည်း တွေ့ဦးမှာပဲ။ ယှဉ်ပြိုင်စိတ်ကလေး မွေးလိုက်ရင် ကိုယ့်ကိုကိုယ် ဘ၀င်မြင့်စရာ ဖြစ်လာလိမ့်မယ်။
 
                စိတ်ဓါတ်ကျရင်ပဲ ဖြစ်ဖြစ်၊ ဘ၀င်မြင့်ရင်ပဲ ဖြစ်ဖြစ်၊ မိတ်ဆွေရဲ့ အမှုဆောင်ခြင်းကို ရပ်တန့်သွားစေနိုင်ပါတယ်။
 
                ရှင်ပေါလုကလည်း မိမိကိုယ်ကို သူများနဲ့ နှိုင်းယှဉ်ခြင်းဟာ မိုက်မဲရာကျကြောင်း ဆိုပါတယ်။ သူက ဘာပြောသလဲ ဆိုရင်

                "We do not dare to classify or compare ourselves with some who commend themselves. When they measure themselves by themselves and compare themselves with themselves, they are not wise." (2 Corinthians 10:12 NIV)
 
ဒီ ကျမ်းပိုဒ်ကိုပဲ စကားပြေ ပြန်ထားတာကတော့
 
"In all this comparing and grading and competing, they quite miss the point." (2 Corinthians 10:12b Msg)
 
                မိတ်ဆွေရဲ့ အမှုဆောင်မှု လုပ်ရပ်ပုံစံကို နားမလည် နိုင်ပဲ ဝေဖန်ပြစ်တင်တဲ့ လူတစ်ချို့ ကို မိတ်ဆွေ တွေ့ ကြုံရမှာပါပဲ။ သူတို့ က သူတို့လိုချင်တဲ့ အမှုဆောင်ခြင်းပုံစံထဲကို မိတ်ဆွေကို ဆွဲသွင်းကြလိမ့်မယ်။ ဂရုမစိုက်ပါနဲ့။
 
                ရှင်ပေါလုကိုယ်တိုင်လည်း သူ့ရဲ့ အမှုတော်ဆောင်ခြင်းကို နားမလည်ပဲ မကောင်းမြင်တဲ့ ဝေဖန်သူ တစ်ချို့ နဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ သူရဲ့ တုန့်ပြန်ချက်ကတော့ အမြဲတမ်း အတူတူပါပဲ။ ယှဉ်ပြိုင်တာတွေကို ရှောင်ကျဉ်တယ်။ ပုံကြီးချဲ့  ပြောတာတွေကို တွန်းလှန်တယ်။ ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကိုပဲ ခံယူတယ်။
 
                ဘုရားသခင်က ရှင်ပေါလုကို အသုံးပြုခြင်း အကြောင်းများစွာအနက် တစ်ခုကတော့ ရှင်ပေါလုဟာ ဝေဖန်မှုတွေကြောင့်သော်လည်းကောင်း၊ ယှဉ်ပြိုင်ခြင်းတွေကြောင့်သော်လည်းကောင်း စိတ်မယိမ်းယိုင်သွားတဲ့အပြင် သူရဲ့ အမှုဆောင်မှုကို အကျိုးမရှိ အငြင်းပွားနေတာတွေကိုလည်း ဂရုမစိုက်ခြင်းပါပဲ။
 
Pilgrims Progress စာအုပ်ကို ရေးတဲ့ စာရေးဆရာ John Bunyan က ဘာပြောသလဲဆိုရင်
 
”လူတွေ ဘယ်လောက် ချီးမွမ်းနေပါစေ အကျိုးမရှိဘူး ဆိုရင် ငါ့ဘ၀ဟာ အလကားပဲ။ လူတွေ ဘယ်လောက် ကဲ့ရဲ့ နေပါစေ အကျိုးရှိရင် တော့ ငါ့ဘ၀ဟာ တန်ဖိုးရှိတယ်။”

ဝန်ခံချက်-(ဘာသာပြန် စာမူ)

Comments (1)Add Comment
...
written by joshua min (m'sia), February 15, 2010
yes....i like this.tQ so much...
i compare my self.
god bless you.
jshua
report abuse
vote down
vote up
Votes: +0

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Friday, 05 February 2010 09:47 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 6 guests online

ဆန္ဒမဲလေး ပေးရအောင်(၂)

ဝိညာဉ်သစ် မဂ္ဂဇင်း
 

စာရင်းဇယား

Content View Hits : 261064