Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Wednesday
Mar 10th
Home ၀ိညာဉ်သစ် မဂ္ဂဇင်း ၀ိညာဉ်ရေးရာ ခရစ်ယန်အိမ်ထောင် - ဆရာဂျက်ဖရီ

ခရစ်ယန်အိမ်ထောင် - ဆရာဂျက်ဖရီ

E-mail Print PDF

ခရစ်ယန်အိမ်ထောင် တရားဒေသနာ
ဆရာဂျက်ဖရီ
ယုဒဿန် နှစ်ခြင်းအသင်းတော် (စင်ကာပူ) - 29-Nov-2009 Sunday Sermon

    ခဏလောက် ဆုတောင်းကြပါစို့။ ကျေးဇူးရှင်ထာဝရမြက်စွာဘုရားသခင် .. ကိုယ်တော်ရှင်သည် ကြီးမြတ်ပါ၏။ ဒီညနေ ဒီနေ့နှုတ်ကပတ်တော် အနည်းငယ်ကိုလည်း ဒီသားတွေ သမီးတွေအတွက် ဆောက်တည်စရာ ဖြစ်စေပါမည့်အကြောင်း ၀ိညာဉ်တော်သည်လည်း ဦးဆောင်လျှက် လမ်းပြလျှက် စိတ်နှလုံးကို ဦးဆောင်မူပါမည့်အကြောင်း ယေရှုနာမဖြင့် ဆပ်ကပ်အပ်နှံဆုတောင်းပါသည် မြတ်စွာဘုရားသခင် .....အာမင်...

  အချိန်ကတော့ တော်တော်လေး နည်းသွားပါပြီ။ မနေ့ညကလည်း အမျိုးသမီးတွေ Camp အစီအစဉ် ကျင်းပါတယ်။  ဒီတပါတ်လုံးက ခရစ်ယာန်အိမ်ထောင် ရက်သတ္တပါတ်ဖြစ်တယ်။ ဒီညနေ ကျွန်တော်ဝေငှချင်တဲ့အရာကတော့ ခရစ်ယန်အိမ်ထောင်နဲ့ ပတ်သက်တဲ့အကြောင်းပဲဖြစ်ပါတယ်။

   ခရစ်ယန်အိမ်ထောင် ဘုရားသခင်က အလိုရှိပါတယ်။ အိမ်ထောင်ပြုဖို့ပေါ့။ သို့သော်လည်း အိမ်ထောင်မပြုတဲ့သူများလည်း ဘုရားသခင်က အလိုမရှိဘူးလို့ မဆိုလိုပါဘူး .. နော်။  ဘုရားသခင်က သူ့အကြောင်းအရာနဲ့ ကျွန်တော်တို့ အသက်တာများကို တဦးစီကို လမ်းပြလျက်ရှိပါတယ်။  သို့သော် အိမ်ထောင်ကျသူများအဖို့ ဒီကနေ့ ဘုရားသခင်ဟာ ကောင်းကြီးပေးပါတယ်။ ခုန သားဖတ်သွားတဲ့ ကျမ်းစာထဲမှာလည်း ဘုရားရှင်ရဲ့ မေတ္တာက ကျွန်တော်တို့အပေါ် မကုန်မခန်းနိုင်တဲ့အကြောင်း၊ ကျွန်တော်တို့ ဟေရှာရ ၅၄၊ အခန်းငယ် ၈ ရဲ့ နောက်ဆုံးမှာ
but with everlasting kindness will I have mercy on thee, saith the LORD thy Redeemer (KJV) .. သူ့ ရဲ့ ဂရုဏာက တော်တော်ကို ကျွန်တော်တို့ သားတွေ သမီးတွေအပေါ် သက်ရောက်ပါတယ်။ ခရစ်ယာန်အိမ်ထောင်တိုင်းမှာလည်း ပြဿနာရှိပါတယ်။ ကျွန်တော်တို့ အမှုတော်ဆောင်များမှာလည်း ပိုများရင်များပါမယ်။ ကျွန်တော်ကို တိုက်ခိုက်လို့မရရင် ကျွန်တော့်ဇနီးသည်ကို တိုက်မယ်။ တိုက်လို့မရရင် ကျွန်တော့်သား၊ ကျွန်တော့်သမီး .. လှည့်ပတ်ပြီးတော့ မွှေနေတာ။ သို့သော် ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ဂတိတော်အတိုင်းသာ သွားတယ်။  with everlasting kindness  .. ဘုရားရဲ့ ဂရုဏာတော်ဟာ လုံလောက်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ ဆက်လက်ပြီး ချီတက်ဖို့ပဲ ဖြစ်တယ်။ ကျွန်တော်တို့ မနေ့ကလည်း ဆရာဘုတ် လည်းပြောတယ်။ တရက်လေးလောက် အိမ်မှာအမေမရှိရင် အိမ်မှာ ဘာတွေဖြစ်သလဲဆိုတဲ့အကြောင်း .. ကျွန်တော်တို့ Family မှာ ပြဿနာတွေ အများကြီးရှိပါတယ်။ ဟာကွက်တွေ အများကြီးရှိပါတယ်။ သို့သော် ကျွန်တော်တို့ အိမ်ထောင်သည်များ ခင်ပွန်းသည်မှာလည်း ဘုရားရှင်က အသုံးပြုပါတယ်။ ဇနီးသည်များကိုလည်း အသုံးပြုပါသည်။ ကျွန်တော်တို့ အားလုံး ပူးပေါင်းလုပ်တဲ့အခါမှာ ခရစ်ယာန်အိမ်ထောင်များက တကယ်ပဲ အောင်မြင်မှာဖြစ်ပါတယ်။ ဒီတော့ ခရစ်ယာန်အိမ်ထောင်ဆိုတာ အိမ်ထောင်မပြုခင်ကတည်းက လူပျို၊ အပျိုလေးတွေလည်း စဉ်းစားနော်။ အများအားဖြင့် ဘယ်လိုလဲဆိုတော့ အများအားဖြင့် မစဉ်းစားကြဘူး။ ကြိုတင်မပြင်ဆင်ကြတော့ အို .. မှားပြီ၊ သွားပြီ .. ပေါ့၊ ပထမတော့  အိုး.... ရုပ်ကတော်တော်ချောတယ်။ ကြည့်တော့ ချောတာပဲကြည့်တာပေါ့နော် ..အမျိုးသမီးတွေက ချောတယ်။ အမျိုးသားက ခန့်ခန့်လေးပေါ့။ ဒါလောက်ပဲ မြင်တာနော်၊ ကိုယ်ပြင်ဆင်ရမဲ့ အရာက သိပ်မရှိတော့ ပြီးမှာ အို.. မှားပြီ၊ သွားပြီး .. ဒါပဲပေါ့။ သို့သော်လည်း ကျွန်တော်တို့ ပြင်ဆင်ရမဲ့ နှလုံးသားကို ဘုရားက ပြင်ဆင်ထားပြီးတဲ့အခါမှာ အိမ်ထောင်ကျပြီးတဲ့အချိန် ကျွန်တော်တို့က တကယ်ပဲ ကောင်းကြီးနဲ့ သွားနိုင်ရမှာ ဖြစ်ပါတယ်။

   ဒီအတွက် ကျွန်တော်တို့ ပထမဦးဆုံး မိခင်တစ်ဦးရဲ့ မေတ္တာနဲ့  စပါစို့။ ဒီညနေ   ကျွန်တော်တို့ (၃) ချက်ပဲနော်
      ပထမ အချက်က မေတ္တာ
      ဒုတိယအချက်က ၀တ်ပြုခြင်း ..
      နောက်ဆုံးတချက်က နားထောင်ခြင်း Obedience ပေါ့နော်။
အိမ်ထောင်မှာ ဒီ (၃)ချက်နဲ့ သွားမယ်ဆိုရင် ဘုရားသခင်ရဲ့ ကောင်းကြီးများစွာနဲ့အတူ သွားနိုင်မှာဖြစ်ပါတယ်။

  ပထမဆုံး မိခင်တစ်ဦးရဲ့ မေတ္တာဖြစ်တဲ့ ဓမ္မရာဇ၀င် ဒုတိယစာစောင် အခန်းကြီး ၂၁ ၊ အဲ့ဒီမှာ ဖတ်ကြည့်မယ်ဆိုလို့ရှိရင် က္ကုသရေလ လူမျိုးများက အရင်တုံးက ရှောလုခေတ်မှာဆိုရင် ဘုရားသခင်က မလုပ်ခိုင်းတဲ့အရာကို လုပ်ပါတယ်။ ဂိလာ ဆိုတဲ့ လူမျိုးတမျိုး .. သူတို့ကို ဘာမှ အန္တရယ်မပြုနဲ့လို့ ဘုရားက သူတို့ကို ခိုင်းထားပါတယ်။ ဒါပေမဲ့ ရှောလုမင်းက နားမထောင်ခဲ့ဘူး၊ အဲဒီလူမျိုးကို သူက သတ်ခဲ့တယ်။ ဒီအပြစ်က ဘုရားရှင်က ချန်ခဲ့တယ်။ ဒီအတွက် ဒါဝိတ်မင်းခေတ်ကြတော့ ဘုရားသခင်က သူ့ကိုဖေါ်ပြတယ်။ အထူးသဖြင့် အစာရေစာ ခေါင်းပါးခြင်းနဲ့ ဖေါ်ပြတော့ ဒါဝိဒ်က ကျွန်တော်တို့ ဘာများမှားသလဲ .. မေးတဲ့အခါ ဘုရားသခင်က ဖေါ်ပြတာကတော့ ရှောလုခေတ်မှာ ဒီလူမျိုးတွေရဲ့အပေါ်မှာ မှားခဲ့တဲ့ ရှောလုရဲ့အပြစ်များအတွက် ပြန်ဖြေပေးရမယ်ဆိုတော့ အဲဒီလူမျိုးအတွက် ပြစ်မှားတဲ့ဒီအရာမှာ ကျွန်တော်တို့ ဘာပြန်ဆပ်ပေးရမလဲဆိုတော့ မေးတဲ့အခါမှာ၊ ရှောလုနဲ့ပတ်သက်တဲ့ အမျိုးပေါ့ .. အဆက်အနွယ် ၇ ယောက် ပေးပါ .. တဲ့။ အဲဒီ ၇ယောက်ကို သူတို့ကိုယ်တိုင်ပဲ ဆွဲကြိုးချပြီးတော့ တကယ့်ကို ကျောက်တောင်ပေါ်မှာ သူတို့ကို သွားပြီးတော့ ဒီအလောင်း ၇လောင်းကို ထားထားပါတယ်။ အဲဒီမှာ ရှောလုရဲ့ မိဘုရားအငယ်ကပေါ့နော် .. သားရဲ့အမေ၊ သူအမည်ကတော့ အင်္ဂလိပ်လို ရစ်စဖာ လို့ခေါ်တဲ့ အမျိုးသမီးက သူ့သားနှစ်ယောက်ပါတယ်။ မိခင်ကြီးက သူ့သားနှစ်ယောက်ပါတဲ့အခါ .. အားလုံးကျွန်တော်တို့ သိပါတယ်။ ပါလက်စတိုင်းဘက်မှာဆိုရင် ကျောက်တောင်ရှိပါတယ်။ ဒီ တိုင်ပေါ်မှာ ချိတ်ထားတယ်ဆိုတော့ ဒီအလောင်းတွေကို ညအချိန်မှာ တိရိစ္ဆာန်တွေက လာဆွဲမယ်။ နေ့အချိန်မှာဆိုရင်တော့ ငှက်တွေလာပြီးတော့ .. ဒီအနေအထားမှာရှိပါတယ်။ ဒီမိခင်ကြီး မိခင်ပီသစွာပဲ။ ကျွန်တော်တို့သာဆိုရင် အော် .. သေသွားပြီ .. ပြန်လာမှာမဟုတ်တော့ဘူး ..  ကျွန်တော်တို့ စိတ်ကိုလျှော့ပြီးတော့ ..  ဒီမိခင်ကြီးကတော့ သူ့ရဲ့ မေတ္တာက ဘယ်လောက်ကြီးမားလည်းဆိုတော့ ဘုရားသခင်က သူ့ကိုပေးထားတယ်။ အဲဒီ သူ့သားကို ဆွဲထားတဲ့နေရာပဲ .. ကောက်ရိတ်တဲ့အချိန်ကစပြီး မိုးရွာတဲ့အချိန်အထိ ပြန်စဉ်းစားပါ .. ဗမာပြည် ကောက်ရိတ်တဲ့အချိန် ပြန်စဉ်းစားပါ။ ပြီးရင် မိုးရွာတဲ့အချိန်အထိဆိုတော့ အင်္ဂလိပ်ကျမ်းစာအရ ၅လ၊ ၆လ လောက်ထိ စောင့်တယ်။ နေ့အချိန်ရော၊ ညအချိန်ပါ တိရိစ္ဆာန်များရန်ကစောင့်တယ်။ သတ်ထားတဲ့ သား၂ယောက်အပါအ၀င် အလောင်းတွေကို ဘယ်အကောင်မှ မလာနိုင်အောင် စောင့်တယ်။ သူ ရူးတာလဲမဟုတ်ဘူး .. ကျမ်းစာကပြောတယ် .. သူ သစ္စာရှိရှိနဲ့ ကြီးမားသောမေတ္တာနဲ့  သူ့သားတွေကို စောင့်တယ်။ တချို့လူတွေက .. ဟာ .. ဘယ်အကျိုးရှိမလဲ၊ သေပြီ၊ အရိုးဆွေး ပျောက်သွားမှာပဲ .. ဒါပေမဲ့ သူ Give Up မလုပ်ဘူး။ နောက်ဆုံး အဲဒီသတင်းက ဘယ်သူ့ဆီရောက်သွားသလဲဆိုတော့ ဒါဝိဒ်မင်းကြီးဆီ ရောက်သွားပါတယ်။

   ဒီကြီးမားတဲ့မေတ္တာ၊ သူရဲ့ Sacrified ကို ဒါဝိဒ်မင်းကြီး မခံနိုင်တော့ဘူး။ နောက်ဆုံးကြတော့ ... ဒီကိစ္စကို သွားပြီးတော့ စုံစမ်းခိုင်းတယ်။ ဟုတ်ပါတယ် .. နောက်ဆုံး ဒါဝိဒ်မင်းကြီးက ဒီအလောင်း ၇လောင်းစလုံးကို ပြန်ယူခြင်းခံရတယ်။ သူကြောင့် ဘယ်သူတွေ ဂုဏ်ပြုခြင်း ခံရသလဲဆိုတော့ အရင်တုံးကဆို ရှောလုမင်းကြီး သေသွားတဲ့အခါမှာဆိုရင် သူ့ ရဲ့ ဖခင်ဆီမှာ မသဂြိုလ်ရဘူး။ သူသွားပြီးတော့ ရန်သူ ပါလက်စတိုင်းတွေကို သတ်တယ်။ လူတယောက်ကနေပြီး သူ့ရဲ့ အလောင်းကို ယူသွားတယ်၊ ပြီးတော့ တနေရာမှာ သဂြိုလ်တယ်။ ပြီးတော့ ရှောလုမင်းနဲ့ သူ့သား ယောနသန်တို့ရဲ့ အရိုးတွေအားလုံးကို သူတို့ပြန်စုပြီးတော့ ဒါဝိဒ်မင်းကြီးကိုယ်တိုင် သူ့ဖခင်ရဲ့ သင်္ကျိုင်းမှာ ဂုဏ်ပြုပြီးတော့ .. တနည်းအားဖြင့် သူ့ကို ဂုဏ်ပြုခြင်း ပြန်ခံရတယ်။

   အဲဒီတော့ မိခင်တယောက်ရဲ့ မေတ္တာဟာ အဲဒီလောက်ကြီးမားစွာ သားတွေ၊ သမီးတွေ၊ ခင်ပွန်းအပေါ်မှာ ထားဖို့လိုအပ်တယ်။ Never give up. ဘုရားသခင်ရှိတယ်။ ဘုရားသခင်က ကျွန်မနဲ့အတူရှိတယ်၊  ကျွန်မကို ခွန်အားပေးတယ်။ ကျွန်တော်တို့ မိခင်များ အိမ်ထောင်ကို ဆက်လက်ဦးဆောင်ဖို့ ၊ Sacrify လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်မချည်းပဲ နာနေတယ်၊ ကျွန်မချည်းပဲ လုပ်ရတယ် ... ဒီလိုမျိုးမဟုတ်ဖူး၊ ဘုရားသခင်က ခန့်ထားတယ်။ ဒီအိမ်ထောင်မှာ တာဝန်ကြီး .. ခင်ပွန်းသည်ကို ရိုးရိုးထောက်ပံ့တာမဟုတ်ဘူး၊ တကယ့်ကို .. အဆုံးအစွန်တိုင်အောင် အသက်မသေမချင်း ဘုရားသခင်ပေးထားတဲ့ အထူးသဖြင့် မေတ္တာရှိတတ်ဖို့ ခွန်အားပေးလိုပါတယ်။

   ဒုတိယအချက်အနေနဲ့ .. ကျွန်တော်တို့ ဒီမှာ Praise and Worship ကို လုပ်ဆောင်ကြပါတယ်။ အမျိုးသမီးတွေလည်း အားရပါးရ ပါဝင်ကြပါတယ်။ ကျွန်တော်တို့ ၀တ်ပြုတဲ့ အခါတိုင်းမှာ ကျွန်တော်တို့ ဒီကနေ့ ဘုရားသခင်ဟာ တကယ်ဘုရားရှင်ရဲ့ ၀ိညာဉ်တော် လှုပ်ရှားလျှက်ရှိတယ်။ ဘုရားရှင်ဟာ အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ ၀တ်ပြုတဲ့အခါတိုင်းမှာ ကျွန်တော်တို့ရဲ့ အနာရောဂါတွေကအစပေါ့ ..ကျွန်တော်တို့ တခါတရံ ဘုရားကျောင်းဝင်လာတဲ့အခါ .. ဟာ...ခေါင်းလည်းကိုက်လို့၊ ဥပမာ .. ကျွန်တော်တို့ Physically ခံစားရတဲ့ ရောဂါတွေ ရှိချင်ရှိမယ်။ သို့သော်လည်း ကျွန်တော်တို့ ၀န်ထုပ်အားလုံးကို Praise and Worship တကယ်ဝတ်ပြုတဲ့အခါ  ပေါ့ပါးပျောက်သွားတယ်။ Healing ရတဲ့လူ အများကြီးရှိပါတယ်။ တချို့ Survey လုပ်ပါတယ်။ တချို့ ကျွန်တော်တို့ Miracle Healing မှာ Healing ရတာများသလား၊ Praise and Worship မှာရတာများသလား ဆိုပြီးတော့  Praise and Worship မှာ Healing ရတာ ပိုများတယ်တဲ့။ ဒီဝတ်ပြုတဲ့အချိန်မှာပဲနော် တခါတည်း ဘုရားသခင်ကအလုပ်လုပ်သွားတယ်၊ ဘာကြောင့်လဲဆိုတော့ ၀ိညာဉ်တော်က အဲဒီအချိန်မှာ လှုပ်ရှားသွားတယ်။ ဒီတော့ ၀တ်ပြုတဲ့အခါမှာ အားရ၊ပါးရ ဘေးကိုမကြည့်၊ ဘယ်မှမကြည့်ဘူး၊ ဘုရားသခင်ကိုပဲ Concentrate လုပ်ပြီးတော့ ၀တ်ပြုရပါတယ်။

   ဒီတော့ ဒီကဲ့သို့ ၀တ်ပြုလိုက်သူတစ်ယောက်အကြောင်း။  .. ဒီလို ဘုရားကို ၀တ်ပြုတဲ့အခါမှာ ဘုရားကိုပဲ မျှော်ကြည့်တဲ့အခါမှာ ဘုရားသခင်က ကျွန်တော်တို့မှာ လိုတဲ့အရာများကို မြင်ပါတယ်။ ဘုရားသခင်က ဖြစ်နေတဲ့ အမျိုးသမီးမှာ လိုတဲ့အရာကို မြင်ပါတယ်။ ကျွန်တော်တို့အားလုံး ဘုရားသခင်ဆီမှာ ၀တ်ပြုခြင်းအားဖြင့် ..  ဘယ်သူ့အသက်တာကို ကြည့်ကြမလဲဆိုတော့ .. လေးအာ .. အားလုံးသိပါတယ်။ လေးအာက ယာကုပ်ရဲ့ မချစ်တဲ့ဇနီး .. အဲဒီလိုပဲ ပြောရမှာပါ။ သူ့ လိုချင်တာက ရစ်ချယ် (ရာခေလ) ကို လိုချင်တယ်။ ရတာက လေအာကို ရတယ်။ သူ့ရဲ့ အသက်တာမှာ သနားစရာ အလွန်ကောင်းတယ်။ သူ့အဖေက အတင်းထိုးပေးတယ်။ ပြီးမှ သူလိုချင်တဲ့ ရစ်ချယ်ကို နောက်မှရတယ်။ စဉ်းစားကြည့် ဒီလို ကိုယ်မလိုတာရရင် ဘယ်လောက် ရင်နာစရာကောင်းသလဲ .. တချို့တွေက ငါသေတာမှ ကောင်းသေးတယ် .. ပြောမယ်။ တချို့မိန်းကလေးများဆို ငါမကြိုက်ပဲနဲ့ ငါ့အဖေက လာပေးစားတယ်။ ဒါပေမဲ့ ဘုရားနဲ့ပတ်သက်ရင်တော့ လူမှာ Big Problem ပေါ့၊ ငါ့ကိုမချစ်တဲ့ ယောင်္ကျားကြီး ငါယူထားတယ်။ ကျွန်တော် ခဏခဏ စဉ်းစားတယ်။ ကျွန်တော်ကြားတယ် .. ကြားတယ်ဆိုတာက သူ့ဖာသာပြောတာပေါ့ .. တကယ်တော့ ကျွန်တော်ယုံကြည်တာက မချစ်လို့ မဟုတ်ပါဘူး၊ ချစ်လို့ပဲ ယူထားတာပေါ့၊ သူရဲ့စိတ်ထဲမှာ ချစ်ကြောင်း မပြလို့ဖြစ်မှာပေါ့၊ ဒါပေမဲ့ လေးအာကျတော့ ကျမ်းစာကပြောတာနော် .. သူ တကယ်မချစ်တာ၊ ဘုရားကပြောတာနော်။  ဒီအတွက်  ကမ္ဘာဦးကျမ်း ၂၉ မှာဖတ်မယ်ဆိုရင်တော့ လေးအာက ဘုရားကမြင်တဲ့ ဘုရားက သူ့ကိုမြင်တဲ့အကြောင်းက ဘုရားသခင်နဲ့ လူနဲ့ အမြဲဆက်သွယ်နေတယ်။ ဒီထဲမှာ လေးအာက ၀တ်ပြုတယ်လို့ မဖေါ်ပြဘူး၊ ဒါပေမဲ့ ဘုရားသခင်ဆီက ပြောတဲ့စကားတွေကို ကြည့်ခြင်းအားဖြင့် လေးအာတစ်ယောက်က ဘုရားနဲ့ ဘယ်လောက်အထိ ဖက်တွယ်သလဲ၊ ဒူးထောက်သလဲ ဆိုတာ ခံစားနိုင်တယ်နော်။  ဘုရားတောင်မှ သူရဲ့ နှလုံးသားကို မြင်သွားတယ် ဆိုတာနော်၊

   အခန်း ၃၂ အပိုင်းကို ဆက်ဖတ်ကြည့်မယ်ဆိုရင်
the LORD hath looked upon my affliction; now therefore my husband will love me. (KIV)  သူ .. အဲဒီအချိန်မှာ သူ့ယောင်္ကျားက သူ့ကို မချစ်တဲ့အကြောင်းကို ဘုရားသခင်မြင်တယ်ဆိုတာ သူခံစားရတယ်။ ဒီအတွက်ကြောင့် ဘုရားသခင်က သူ့ကို ကလေးရတဲ့အခွင့် ပေးတော်မူတယ်။ ဒီတော့ သူ့ယောင်္ကျားက သူ့ကို ပြန်ချစ်တော့မယ် .. တဲ့။ သူက အဲဒီလို Expect လုပ်တော့တယ်။  ဆိုတော့ ဘုရားသခင်ကလည်း ဖေါ်ပြတာပဲ .. ယာကုပ်က အင်မတန်ချစ်တဲ့ ရစ်ချယ် ကျတော့ ကလေးမရဘူး၊ သူမချစ်တဲ့ တစ်ယောက်ကတော့ ကလေးတွေ တစ်ယောက်ပြီး၊တစ်ယောက် ရတယ်။ သူ့ကိုလည်း ဘုရားသခင်က လူမျိုးကြီးဖြစ်စေမယ်ဆိုတဲ့ အတိုင်း သားတွေလိုချင်တယ်။ ဒီဇနီးသည်က ပေးနိုင်တယ်။ ဘုရားက အဲဒီလို တရားသောဘုရားဖြစ်တယ်။ လူများမုန်းရင် မချစ် ချစ်အောင် လုပ်နိုင်တဲ့ ဘုရားသခင်ဖြစ်တယ်။ ဒါကို ဒီ Principle ကို တချို့လည်း ဒီအခြေအနေမျိုးလည်း ရှိရင်ရှိမယ်။

    ဒီ (ယုဒဿန်အသင်းတော်) အနားမှာ Hocker တစ်ခု (စားသောက်ဆိုင်တန်း) တစ်ခု ရှိတယ်။ နိုဗီးနားမှာ .. ညမှာ အမြဲတမ်းလိုပဲ တိုးရစ်စ်တွေ သွားစားတယ်။ ဆရာတစ်ပါးပြောတယ် .. သူ အဲဒီမှာ သွားစားတိုင်း အမျိုးသမီးတယောက် ထူးထူးခြားခြား တရုပ်အမျိုးသမီးတစ်ယောက်တဲ့ တကယ် အကြီးကြီးပဲတဲ့၊ တကယ့် ယောင်္ကျားရှာကြီးတစ်ယောက်ပုံစံပေါ့။ တခါတည်းကို တောင့်တင်းပြီး ဟဲဗီး ဘဲတဲ့ ..၊ ရန်ဖြစ်သံကြားရင် သူ့ကိုပဲတွေ့ရတယ်။ သူ့ကို သိပ်ကြောက်ကြတယ်။ ရန်ဖြစ်ပြီဆိုရင် သူများတွေက အိုကေ၊အိုကေ ပြောသွားတော့ သူပဲနိုင်တယ်။ သူက အဲဒီမှာ ကောင်းကောင်း ကြီးစိုးနေတယ်ပေါ့၊ ဒါပေမဲ့ .. သူ့ကိုတော့ ... ဟာ. Pastor .... သူ့ကိုသိတယ်ပေါ့၊ လာ.. လာ .. နဲ့ သူကောင်းကောင်းကို ပြုစုတယ်။ အော် ဒီမိန်းမ ယောင်္ကျားတော့ ရှိမှာမဟုတ်ဘူးလို့ သူထင်တာပေါ့။ ဒီလိုပုံစံမျိုးကတော့ ဘယ်သူမှ သူ့ကို ကြိုက်မယ်လို့ သူမထင်ဘူးပေါ့၊ တနေ့ကျတော့ သူ့ကို လာပြောတယ်  .. Pastor ..တဲ့...  I will go for holidays တဲ့။  ဟောလီးဒေးသွားမယ်တဲ့ .. ဘယ်သူနဲ့သွားမလဲ .. တစ်ယောက်တည်းပဲလား .. ဆိုတော့ ... မဟုတ်ဘူးတဲ့။ ကျွန်မ ယောင်္ကျား ..  ဟာ .. သူလန့်သွားတယ်။ ကျွန်မယောင်္ကျားဆိုတော့ ဘယ်သူများလဲပေါ့ .. သူ ဒါလောက် ယောင်္ကျားက သူ့လိုပဲပေါ့ .. ပုံစံက ရုပ် .. ခပ်ကြမ်းကြမ်းပေါ့၊  Who is your husband ? .. ဆရာကလည်း စိတ်ဝင်စားတော့ .. စပ်စုလာတယ်။ ဒါနဲ့ ယောင်္ကျားက ဘယ်မှာလဲ .. ဆိုတော့ သူက ပြလိုက်တယ်။  သူ . မျက်လုံးကို မယုံနိုင်ဘူး .. သူ့ .. ကောင်တာတစ်ခုမှာပေါ့နော် .. သူသဘောပေါက်တယ်ပေါ့။ လက်ကိုဆွဲပြီး လာခဲ့ .. ခေါ်သွားတော့ သူလဲ ကန့်လန့်၊ကန့်လန့် နဲ့ ပါသွားတယ်။ ဒါ .. ငါ့ယောင်္ကျား .. တဲ့ ..။ အဲ .. သူက ကြွားတာပေါ့နော်။ ယောင်္ကျားက တော်တော်ချောတယ်။ သူက အဲဒီကောင်တာမှာ ပိုက်ဆံပဲ ကိုင်ခိုင်းတယ်။ ဘာမှမခိုင်းဘူး၊ သူက ကွယ်ကာထားတာ။  ..  နင်ကို ဘယ်သူမှ မထိစေရဘူး။ .. ဒါနဲ့  .. သြော် .. ဘုရားသခင်ဆိုတာ လုပ်တတ်တယ်နော်။ ဒီအမျိုးသမီးကို ယောင်္ကျားက ယူနိုင်အောင်တော့ သူမှာ ကြီးမားတဲ့ မေတ္တာတော့ ရှိမှာပဲနော်။ သူ ဘယ်လိုများ ကွယ်ကာပြီးတော့၊ ပြုစုပြီးတော့၊ ကျွေးမွေးထားသလဲ ဆိုတော့ .. ဒီယောင်္ကျား ရုပ်ချောချောနဲ့ သူ့ကို တခါတည်း ဟောလီးဒေးသွားတော့မယ်။

   ဒီကနေ့ လေးအာရဲ့ အသက်တာက နော်၊  ပြည့်စုံတဲ့  .. ငါ့ယောင်္ကျားက ချောမှ၊ ငါ့မိန်မက ချောမှ၊  .. ဒါတွေမဟုတ်ဘူးနော်။ ဘုရားသခင်က .. ဘုရားသခင်နဲ့ ပတ်သက်ရင် အကုန်လုံး ပြေလည်စေရမယ်နော်။ ဒီကနေ့ လေးအာက သူ့ရဲ့ Problem ကို ဘုရား.. ကိုပဲ ဖေါ်ပြတယ်။ ဘုရား.. ပဲ ဆက်သွယ်တဲ့အခါ နောက်ဆုံး သူ .. ချစ်ခြင်းခံရတယ်။ ကျမ်းချက်ထဲမှာကြည့်လိုက်ရင် ကျွန်တော်တို့ အမှတ်တမဲ့ဆိုတော့ မတွေ့ရဘူးနော်။ ဒီ က္ကုသရေလ လူမျိုးမှာ ချစ်တယ်ဆိုတာက ဘယ်လို ဖေါ်ပြသလဲ။ နောက်ဆုံးသေတဲအခါမှာ ယာကုပ်က မှာသွားတယ်။ ရစ်ချယ်ကို သူ့အနားမှာ မြုတ်တယ်လို့ လုံးဝ မပါဘူးနော်။ အင်မတန်ချစ်တဲ့သူကိုလည်း အရိုးကို သူ့ဆီမှာလာမြုတ်လို့ သူပြောမှာပဲ။ ဒါပေမဲ့ .. သူ့ဇနီးသည် လေးအာကိုတော့ သူမှာသွားတယ်နော်။ ကျွန်တော် လျှောက်ပြောတယ် မထင်ပါနဲ့ ..  ကျမ်းချက်လေးနဲ့ပေါ့နော်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၄၉မှာ ဖတ်ကြည့်ပါ။ ဘုရားရှင်က တကယ်ပဲ .. မုန်းတဲ့ ဘ၀ကနေ ချစ်တဲ့ဘ၀ကို ပို့တဲ့ ဘုရားရှင်ဖြစ်တယ်။ ကျွန်တော်တို့ အိမ်ထောင်များမှာ ဒီကနေ့ လေအာကဲ့သို့ ဘုရားကို ဖက်တွယ်ပါ။  ကမ္ဘာဦး ၄၉ .. အခန်းငယ် ၃၁မှာ 
There they buried Abraham and Sarah his wife;  အာဗြာဟံနဲ့ စာရာကို ဒီနေရာမှာ မြုတ်ထားတယ်။ there they buried Isaac and Rebekah his wife; ဒီကနေ့ အိုင်းဇက်လဲ သူအင်မတန်ချစ်တဲ့ ဇနီး ရေဘက်ကာကို ဒီမှာ မြုတ်ထားတယ်။ ပြီးရင်  and there I buried Leah. လေးအာကို သူအနားမှာ မြုတ်ထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ မေတ္တာလိုချင်သော လူတိုင်း .. ဒီကနေ့ ဘုရားသခင်ကို ဖက်တွယ်ပါ။ ကျွန်တော်တို့ အိမ်ထောင်သာယာဖို့ ကျွန်တော်တို့က အများအားဖြင့် အဲဒီလိုမလာဘူးနော်။ အော် .. နင်က မောင်ဂျပ်ကော့ (Jacob)..   ကိုဂျစ်ကော့ .. ကျွန်မကို ဒီလိုလုပ်လို့ကတော့ ကျွန်မက မခံဘူး။  နင်ကဒီလိုဆိုရင် .. ငါက ဒီလိုပေါ့ .. ငါရှာပြမယ်။  ဒါမျိုးလာတာနော် ..။ (ရယ်သံ)   ဒါပေမဲ့ ဘုရားသခင်အိမ်ထောင်ဟာ အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ မာနတွေမထားဘူး နော်၊ ဘုရားသခင် ပေါင်းစည်းထားပြီး ကျွန်တော်တို့၊ ကျွန်မတို့ဟာ ဒီကနေ့ .. ဒီအိမ်ထောင်ကို ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သူသာတယ်၊ ကိုယ်သာတယ် မဟုတ်ဘူး၊ ကျွန်တော်တို့အိမ်ထောင်ကို သာယာဖို့ အရေးကြီးတယ်နော်။ ကျွန်မ နစ်နာတဲ့အခါ  .. ကျွန်မ နစ်နာပြီ.. ကျွန်မယောင်္ကျားက...  ပြန်နားလိုက်ပါ။

   ဒီကနေ့ အင်မတန်ကျော်ကြားတဲ့ ဆရာတစ်ပါးက .. သူ သက်သေခံတယ်နော်၊ တကယ်တော့ သူ .. ကျွန်တော် ဆရာမဖြစ်ခင် အချိန်မှာ ခရစ်ယာန်တောင် မဟုတ်ပါဘူး.. တဲ့။ ကျွန်တော်ဟာ ကျွန်တော့ရဲ့ ဇနီးသည်ကို အရမ်းပဲ ဒုက္ခပေးပါတယ်။ ကျွန်တော့ရဲ့ ဇနီးသည်ဟာ ဘုရားကို အင်မတန်ချစ်တယ်။ ဘုရားကိုပဲ ဖက်တွယ်တယ်။ ညတိုင်း Bible Study သွားတယ်။ သူသွားတဲ့အချိန်မှာ အမြဲတမ်းပဲ ဆူပူနေတယ်။ ဘာသွား အချိန်ဖြုန်းတာလဲ .. ဘာညာ .. တချိန်လုံးပြောတယ်။ ပြီးတော့ မှာထားတယ် .. နင် ၉နာရီတိတိပြန်လာ .. မပြန်လာရင် ငါအိမ်တံခါးပိတ်ထားမယ်။ နင် .. အပြင်မှာအိပ်၊ ဒါလောက် အမေရိကန်မှာ ချမ်းတာနော်... အဲဒါနဲ့ တခါ Bible Study က ကြာသွားတယ်။ ဟာ .. နောက်ကျသွားတယ်။ ပိတ်ထားတယ်။ မနက်အထိ သူ အပြင်မှာပဲ ထိုင်နေရတယ်။ အေးအေးချမ်းချမ်းပဲ။ စောင့်နေတယ်။ မနက်၆နာရီမှာ တံခါးလာဖွင့်ပေးတယ်။ ဖွင့်လိုက်တဲ့အခါ သူဝင်လာတယ်။ သူမအိပ်ရဘူးနော် .. ဒါပေမဲ့ ခါတိုင်းလိုပဲ Breakfast တွေလုပ်၊ ယောင်္ကျားကို ပုံမှန်အတိုင်းပဲ .. သူ အဲဒီလိုပဲ တကယ့်ကို မေတ္တာပြတာ။ ဘုရားခွန်အားနဲ့ပဲ .. ဒီလို နှစ်ပေါင်းများစွာနေလာတာ သူ့ယောင်္ကျားက .. မင်းကို ဒါလောက်ထိအောင်မှာ ငါ  .. နှိပ်စက်တာပေါ့နော် .. ဆိုးဝါးတာကို နင်ဘယ်လိုလဲ ... ဆိုတော့    ..... သြော် .. ငါ့မှာ ..  တဲ့၊ ဘုရားသခင်ဆီက ခွန်အားနဲ့ ဘုရားမေတ္တာနဲ့  ရှင့်ကို ပြန်ဆက်ဆံတာပါ ..တဲ့။  အဲဒီကစပြီး တနည်းအားဖြင့်ဆိုရင် သူ နားလည်သွားပြီးတော့ ခရစ်ယာန်ဖြစ်လာပါတယ်။ ဒီကနေ့ အင်မတန် ကျော်ကြားတဲ့ ဆရာကြီး ဖြစ်လာပါတယ်။  ဒီအတွက် ....  အိမ်ထောင်ရှင်မများ အမျိုးသားများ ဘယ်လိုပဲလာလာ  ဒီနှလုံးသာမျိုးနဲ့ ဘုရားကို ဖက်တွယ်ပြီးတော့ ကျွန်တော်တို့ အိမ်ထောင်ကို ဆက်လက်ပြီး ချီတက်ဖို့ လိုအပ်ပါတယ်။


   နောက်ဆုံး တစ်ချက်ကလေးပဲ .. Obedience  .. နားထောင်ခြင်း၊  ဘုရားသခင်ပြောရင် နားထောင်ရမယ်။ ဘုရားရှင်ခိုင်းရင်  .. ဒီလိုလုပ်ပါ၊ ကျွန်တော်တို့ ဟောရှေ အခန်းကြီး၃၊ အခန်းငယ် ၁ မှာပေါ့နော် .. ပရောဖက် ဟောရှေကို ဘုရားရှင်က ခိုင်းပါတယ်။
Go yet, love a woman beloved of her friend, yet an adulteress,  ... တဲ့။ တနည်းအားဖြင့်ဆိုရင် ဘုရားသခင်က သူ့ကို ခိုင်းနေတယ်။ အခြားယောင်္ကျားကို ချစ်တဲ့ မိန်းမတစ်ယောက်  ဘယ်သူ သွားယူမှာလဲ၊ စဉ်းစားရင် impossible..  ဒီအမျိုးသမီးဟာ အခြားယောင်္ကျားနဲ့ ဖေါက်ပြန်တဲ့လူ .. ဘုရားသခင်က သွားယူခိုင်းတယ်။   ဟာ ... လူတိုင်းက သွားပြီပေါ့။ ဒီ ပရောဖက်ကြီးကတော့ ပေါက်နေပြီ .. ပေါ့။  လူတွေ ဒီလိုပြောကြတယ်။ ဘယ်လူက လက်ခံမလဲ၊ ..ဒါ.. ဘုရားခိုင်းတယ်။  .. သူ .. နားထောင်တယ်။   ကြည့်တော့လည်း .. ဒီအမျိုးသမီးက အကျင့်စာရိတ္တ မကောင်းဘူး၊ ... ဘုရားသခင်ကလည်း သူ့ကို ဖေါ်ပြတယ်။ အကျင့်စာရိတ္တ မကောင်းဘူး၊ အခြားယောင်္ကျားနဲ့လည်း ဖေါက်ပြန်တဲ့   အမျိုးသမီးကို သွားယူပါ။ ဟာ.... ဘုရားသခင်ရယ်။ ရက်စက်လိုက်တာ .. နော် ... လို့ ပြောမယ်နော်။  ဒါပေမဲ့ ဟောရှေ မပြောပါဘူး၊ နားထောင်တယ် ..။ သူလုပ်ခြင်းက ဘုရားသခင် ဘာဖေါ်ပြချင်သလဲ ...  ကျွန်တော်တို့  လူတွေဟာ အမျိုးသမီးလိုပဲ ဖြစ်နေတယ်။  ဘုရားက ဘယ်လောက်ပဲ မေတ္တာပြပြ ကျွန်တော်တို့ မိုက်မဲတယ်။ ဒါပေမဲ့  .. ဟောရှေ အသက်တာကို ဘုရားက ဘာပြချင်သလဲ၊  က္ကုသရေလတွေကို ဘာပြချင်သလဲ .. ဆိုတော့   ဒီကနေ့ မင်းတို့ ဟောရှေကဲ့သို့ ဖြစ်နေတယ်။ မင်းတို့ဖြစ်နေတာ အမျိုးသမီးလို ဖေါက်ပြန်တယ်၊ အကျင့်မကောင်းဘူး၊ ယောင်္ကျားတကာနဲ့လည်း သွားအိပ်တယ်။ သို့ပေမဲ့ ငါ .. ဘုရားသခင်ဟာ မင်းတို့ကို ကောင်းကြီးပေးမယ်။  မင်း .. ဘယ်လောက်ပဲ ဖေါက်ပြန်ပါစေ .. နောင်တရဖို့ပဲ ငါမျှော်လင့်တယ်။   သူ့ရဲ့ သားသမီးတွေ မွေးလာတယ်နော်။  ကျမ်းစာက ပြောချက်အရဆိုရင် ဟောရှေရဲ့ ခလေးမှ ဟုတ်ချင်မှ ဟုတ်မယ်။  ဒါပေမဲ့ ဘုရားသခင်ကပြောတယ် ဒီခလေးတွေအားလုံးကို ဘုရားသခင်က ကောင်းကြီးပေးမယ်။  ဒီထက် ကောင်းမြက်တဲ့ ဘုရားရှင်က ဆိုးဝါးတဲ့ အခြေအနေအားလုံးကို ဘုရားသခင်က ပိုင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ နားထောင်ခြင်းနဲ့ သွားဖို့ပဲ။ အဓိကတော့ ကျွန်တော်တို့  ဟောရှေရဲ့ အသက်တာကို ဘုရားသခင်ရဲ့ မေတ္တာနဲ့ နှိုင်းယှဉ်ခြင်းဖြစ်ပါတယ်။

   ကျွန်တော်တို့ ဒီ ဖေါက်ပြန်တတ်တဲ့ အမျိုးသမီးရဲ့ အသက်တာကို ဒီကနေ့ ကျွန်တော်တို့တတွေ ဘုရားစကား နားမထောင်ပဲနဲ့  အထူးသဖြင့် ဖေါက်ပြန်တတ်တဲ့ နှလုံးသားတွေကို ဘုရားဖေါ်ပြခြင်းဖြစ်ပါတယ်။ သို့သော်လည်း ဘုရားရှင်က ကျွန်တော်တို့ အိမ်ထောင်ကို ကောင်းကြီးပေးတဲ့ဘုရားရှင်ဖြစ်တယ်။ ကျွန်တော်တို့ မွေးလာတဲ့ ခလေးတွေအားလုံး ဘယ်လိုအနေအထားပဲဖြစ်စေ ဘုရားက ကောင်းကြီးပေးတဲ့ ဘုရားရှင်။ ဒီမှာလည်း ကျွန်တော်တို့ အားလုံးက ဒီလိုပါပဲ။  တကယ်တမ်း ဆက်ကပ်တဲ့ အဖိုးတွေ၊ အဖွားတွေ၊ မိဘတွေဆို တကယ်ပဲ သား၊သမီးတွေကို ဘယ်လောက်အထိ ခံစားရသလဲ။ သူတို့ ပြန်မြင်တယ်။ ဒီကနေ့ ဒီလိုဖြစ်တဲ့အခြေအနေမျိုးနော် .. ဖေါက်ပြန်တဲ့ အမျိုးသမီးရဲ့ သားသမီးတွေလည်း ဘုရားက ကောင်းကြီးပေးရင်၊ ဒီကနေ့ .. သစ္စာရှိတဲ့ မိဘများရဲ့ သားသမီးတွေဆိုရင် ဘုရားသခင်က ဘယ်လောက်အထိများ ဘုရားကောင်ကြီး ပေးခံစားရမလဲ...။


   ကျွန်တော် သြစတြေးလျှားမှာ တွေ့ရတဲ့ လူငယ်တစ်ဦး၊ ကျွန်တော့ကို လေဆိပ်ပို့ရင်းနဲ့ပေါ့နော် ကျွန်တော်   သူ့ဟာ တော်တော်အဆင့်မြင့်တယ်ပေါ့နော်၊ ကျွန်တော်တို့ ဗမာပြည်ကလာတာ ၁၀နှစ်သားလောက်က ရောက်တယ်။ အခု အသက်ကတော့ ၃၀ လောက်ပေါ့။  သူက ကားမောင်းရင်းနဲ့ ကားမှာ ရေဒီယိုတွေ အကုန်လုံးပါတာပေါ့နော်။  Communicate လုပ်တဲ့ ပစ္စည်းတွေ အကုန်ပါတယ်။  သူ့ကို မေးတဲ့လူက တကယ့် အော်စီ၊ သြစတြေလျန်းတွေက တကယ့်ကိုပေါ့နော် .. သူတို့ရဲ့ အီလက်ထရွန်းနစ် ကုမ္မဏီက ကျွန်တော်တို့မှာ အခက်အခဲရှိတယ်။ ကူညီပါဦး ဆိုတော့   ကျွန်တော်နားထောင်တယ်။ သူက ကားမောင်းရင်းနဲ့ Instruct ပေးတာ၊ မင်း .. ဒါကိုလုပ်၊  ဟာ .. အဲဒါမရဘူး၊ မရရင် ဒီဟာလုပ် ၊ နောက်ပြီးရင် မင်း Try ကြည့်၊ ပြီးရင် ငါ့ကို ပြန်မေး ...  ဒါနဲ့ ကျွန်တော် .. နည်းနည်းစိတ်ဝင်စားတာပေါ့၊  ဒါနဲ့ .. မင်း၊ သားက ဘာလုပ်သလဲ .. မေးတော့  ကျွန်တော်က  .. Technical Expert  ဖြစ်ပါတယ် ..တဲ့။  သူတို့က အဆောက်အဦးဆောက်တဲ့အခါမှာ အီလက်ထရွန်းနစ်နဲ့ ပတ်သက်ပြီးတော့  Problem ရှိတိုင်း ကျွန်တော့ကို မေးရပါတယ် ..တဲ့။    ..   ဒီကုမ္မဏီမှာ ကျွန်တော့်ကို Expert လို့ ထားထားပါတယ် .. တဲ့။ ဒါနဲ့ ကျွန်တော် အံသြသွားတယ်။ Expert ဆိုတော့ နည်းနည်းနှောနှော မဟုတ်ဘူးနော် ...၊    ကျွန်တော် ဒီ Blessing ကို ဘယ်လိုခံစားရပါသလဲ .. လို့ စဉ်းစားတော့ ...ကျွန်တော့အမေလည်း ဒါလောက်မဟုတ်ဘူး၊ အဖေလည်း ဒါလောက်မဟုတ်ဘူး... ဒါပေမဲ့ ... ကျွန်တော့် နှစ်ဖက်စလုံး အဖိုးက ဘုရားသခင်က တကယ်ချစ်တယ်..တဲ့။ ကျွန်တော့ရဲ့ အဖိုး .. ဟိုးဖက်အဖိုး .. ကလည်း ဘုရားသခင်ကို ဆက်ကပ်တယ် ..တဲ့။ ကျွန်တော်လည်း ဒီကောင်းကြီးကို ခံစားရတယ် ..တဲ့။  

   ဒီအတွက် နော် ... ကျွန်တော်တို့ကို ဘုရားက ကောင်းကြီးပေးတဲ့ ဘုရားဖြစ်တယ်။ အိမ်ထောင်တွေမှာ ကျွန်တော်တို့ လုပ်တဲ့အရာက ဘယ်တော့မှ ပျောက်မသွားဘူး။ ကျွန်တော့် သားသမီး၊ ကျွန်တော့ မြေးတွေ ...another generation က ကျွန်တော်တို့အပေါ် အများကြီး ကြည့်တယ်။ ဘုရားရဲ့ ဂရုဏာဟာ အိမ်ထောင်တွေပေါ်မှာ တည်ပါတယ်။

   ဒါကြောင့်  ဒီကနေ့ ..... ဒီ (၃)ချက်နဲ့ အိမ်ထောင်တွေကို  ဆက်လက်ပြီး ပျိုးထောင်ပြီး သကာလ အောင်မြင်ကြပါ။ 

   ပထမအချက် .. ဘုရားသခင် မေတ္တာနဲ့ ပြည့်ဝသော မိခင်များ၊ ဖခင်များ ဖြစ်ပါစေ။ ဒုတိယ အချက် .... တကယ်ပဲ လေးအာကဲ့သို့သော ခက်ခဲတဲ့အချိန်မျိုးမှာ ဘုရားကို ဖက်တွယ်တဲ့ .. မိခင်များဖြစ်ပါစေ၊ ဖခင်များဖြစ်ပါစေ။   နောက်ဆုံးတစ်ချက်  .. . ဘုရားသခင် ခိုင်းရင် .. နားထောင်ပါ။  ဘုရားရှင်က သိတယ်။ ဒီအိမ်ထောင်ကို ဘယ်တော့မှ ပစ်မထားဘူး၊  သားတွေ၊ သမီးတွေ၊ မြေးတွေ အထိ.. ကောင်းကြီးပေးတဲ့ ဘုရားသခင်ဖြစ်တယ်။ Any Situation ... ကျွန်တော်တို့ အိမ်ထောင်ဟာ ဘယ်တော့မှ ဆုံးရှုံးခြင်း မရောက်ဘူး၊  ဘုရားရှင် လက်ထဲမှာရှိရင် သူက အကုန်လုံး ကျွန်တော်တို့ကို ဦးဆောင်နိုင်ပါတယ်  ... ဆိုတဲ့အကြောင်း .... ဒီနေ့ .. ခရစ်ယာန်အိမ်ထောင်ရက်သတ္တပါတ်မှာ .. အားလုံး ဘုရားရှင် နှုတ်ကပါတ်တော်အားဖြင့် ကောင်းကြီးခံစားရပါစေ။

  ကျေးဇူးတင်ပါတယ်။....
ဆရာဂျက်ဖရီ (29-Nov-2009 , Sunday Sermon)

 

အယ်ဒီတာမှတ်ချက်။  
    ဆရာဂျက်ဖရီသည် ၁၉၉၀ တွင် စင်ကာပူသို့ ဆရာသြဂတ်စတတ်၊ ဆရာထူး၊ ဆရာကနေဒီတို့နှင့်အတူ Music အဖွဲ့ ၇ယောက်ခန့်ရောက်ရှိလာခဲ့ပြီး .. ယခု ယုဒဿန်အသင်းတော်သို့ အောက်ထပ် ထိုင်ခုံငယ်များဖြင့် စတင် ၀တ်ပြုကိုးကွယ်ခဲ့ကြပါသည်။ ၁၉၉၀ မတိုင်မီက ဆရာဂျက်ဖရီနှင့် Music အဖွဲ့  မြန်မာပြည်တခွင် သွားရောက်ခဲ့ပါသည်။ အသင်းတော်များကို မျိုးစေ့ချခဲ့ပါသည်။  ယုံကြည်ခြင်းဖြင့်  ဆရာဂျက်ဖရီ ဦးဆောင်သော Music မစ်ရှင်များတွင် စင်ကာပူယုဒဿန် သင်းအုပ် ဆရာစောသြဂတ်စတ်လည်း အတူပါဝင်ခရီးစဉ်များစွာ မြန်မာပြည်အနှံ ခရီးထွက်ခဲ့သူဖြစ်သည်။ ၁၉၈၉ နောက်ပိုင်းတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ နိုင်ငံများတွင် Music Mission ဖြင့် အသင်းတော်များကို မျိုးစေ စတင်ချခဲ့ရာမှာ သြစတြေးလျားနိုင်ငံ Perth တွင် အခြေချခဲ့သည်။ သြစတြေးလျား သာမက အမေရိကန်နိုင်ငံရှိ မြန်မာအသင်းတော်များတိုင် အမှုတော်ထမ်းဆောင်သော ဧ၀ံဂေလိဆရာကြီးဖြစ်ပါသည်။

   ယခု ယုဒဿန်အသင်းတော်တွင် ပါဝင်ဆပ်ကပ် တရားဒေသနာဟောကြားရာတွင် သူ၏မိသားစုနှင့်အတူ ဦးစွာသက်သေခံ မိတ်ဆက်စကားများ ပြောခဲ့ပါသည်။
   လွန်ခဲ့သော နှစ်ပေါင်းများစွာက ချင်းမိုင်၊ ထိုင်းနိုင်ငံတွင် ဧ၀ံဂေလိလုပ်ဆောင်ခဲ့သော နေရာများတွင် အသင်းတော်များ တိုးပွားနေသည်ကို ၁၅နှစ်အကြာတွင် သွားရောက်မိတ်သဟာရပြုခဲ့ပါသည်။ မိသားစု ဇနီးသည်နှင့် သား၊သမီးများ ခရီးကြမ်း .. တောတောင်များ၊ ချောင်းများကို ကျော်လွား မောင်းနှင်ခေါ်ဆောင်သွားသောပြီး၊ အလွန်ခေါင်သော နေရာများသို့ ကျေးဇူးတော်နှင့် ဆရာကြီးရိုင်ဒယ် အားဖြင့် ရောက်ရှိခဲ့ပြီး .. ကျေးဇူးတော်ကြောင့် ဖျားနာ၊အသက်အန္တရယ်များမှ ကွယ်ကာပြီး ပြန်လည်ရောက်ရှိခဲ့ကြောင်း ... ဇနီး နှင့် သမီးတို့က သက်သေခံခဲ့ကြပါသည်။ ဘိန်းစိုက်ပျိုးသော နေရာတွင် ကော်ဖီအစားထိုးစိုက်ပျိုးပြီး ..ကလေးများအားစာသင်ကျောင်းဖြင့် Bean of Mission အမှုဆောင်နေသော ဆရာ. ဧ၀ံဂေလိလုပ်ဆောင်သော ဆရာသမီးနှင့်ဖခင် .. ဇနီး၊သားတို့ မိသားစု သီဆိုချီးမွမ်း ခဲ့ပါသည်။

The End...
Video Sermon to view - http://www.jbcs.org.sg/ezine/index.php/television

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Sunday, 06 December 2009 23:10 )  

နေ့စဉ်ခွန်အား

မတ်ဆွေညီအစ်ကို မောင်နှမများခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တနေချင်းဆီ ရိုက်နှိပ်တင်ဆက်လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 35 guests online

ဆန္ဒမဲလေး ပေးရအောင်(၂)

ဝိညာဉ်သစ် မဂ္ဂဇင်း
 

ကာတွန်းများ

စက်ဝိုင်း သံသရာ

စာရင်းဇယား

Content View Hits : 259910