အပြစ်အကြောင်း
သင်ခန်းစာ (၃) ဘုရားနှင့်လူ အဆက်ပြတ်စေသော အရာသည် အပြစ် ဖြစ်ကြောင်းသိရကြပြီ။ ထိုအပြစ်ကို ဖယ်ရှားနိုင်မှသာလျှင် ဘုရားသခင်ကို နံဝိညာဉ်နှင့် ကိုးကွယ်နိင်မှာဖြစ်ကြောင်း သိရပြီ။ ထိုအပြစ်ကို ဖယ်ရှားနိင်ရန် အပြစ်အကြောင်းကို ပဌမဦးစွာ သိဘို့ လိုသည်၊ လူနာကို ကုဘို့ရောဂါကို အရင်ရှာ
သကဲ့သို့ လူ၏အပြစ်ကို ဘုရားသခင်၏ အမြင်အတိုင်း အရင်သိဘို့ လိုပါသည်။
အပြစ်နှစ်မျိုး
ဘုရားအမြင်၌ အပြစ်နှစ်မျိုး ရှိသည်။ ၄င်းတို့ မှာမွေးရာပါအပြစ် နှင့်ကျူး လွန်သောအပြစ် တို့ ဖြစ်သည်။
မွေးရာပါအပြစ်
မွေးရာပါအပြစ်သည် ကိုယ်တိုင်ကျူးလွန်သောအပြစ် မဟုတ်။ မွေးဘွားစဉ်က ပါလာသော အပြစ် ဖြစ်သည်။ ဆာလံကျမ်း၌-အကျွန်ပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိပါ၏။ အမိဝမ်းထဲမှ သန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။- ဟုဆိုထားသည် (ဆာ၊၅၁း၅)။
ဖြစ်ပေါ်လာပုံ
မွေးရာပါ အပြစ်သည် လူအားလုံး၏ တဦးတည်းသော ဘခင် အာဒံအားဖြင့် ဖြစ်သည်။ အာဒံသည် ဘုရားသခင်က ဖန်ဆင်းစက ကိုယ်ခန္ဓာစိတ် ဝိညာဉ် အကောင်း ပကတိရှိခဲ့ သည် (က ၁း၃ဝ။ အာဒံကိုသူ၏ မိန်းမ ဧဝနှင့်အတူ ဧဒင် ဥယျာဉ်၌ ထားခဲ့သည်(က၂း၁၅)။ ထိုဥယျာဉ်၌ရှိသော သစ်သီးအားလုံး စားခွင့် ရှိသော်လည်း ဥယျာဉ်အလယ်၌ရှိသော ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကိုကား ဘုရားသခင်က စားခွင့်မပြု (က၊၂း၁ရ)၊။ သို့ သော် အာဒံနှင့် ဧဝတို့ သည် ဘုရားသခင်၏ စကားကို နားမထောင်ဘဲ စာတန်၏ လှည့်ဖျားမှုကို နားထောင် သောကြောင့် ထိုအသီးကို စားခဲ့ကြသည် (က၊၃း၆-ရ)။
ထိုသို့  လူလင်မယားတို့ သည် ဘုရားစကား နားမထောင်သောကြောင့် ဘုရားသခင်က အပြစ်သားဟု သတ်မှတ်လိုက်သည် (ရော၊၅း၁၉)။ ပညတ်တော်ကို လွန်ကျူးခြင်းသည် အပြစ်ဖြစ်သည် (၁ယော ၃း၎)။ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏ တခုတည်းသော ပညတ်တော်ကို လွန်ကျူးသောကြောင့် အပြစ်သား ဖြစ်သွားကြသည်။ အာဒံသည် လူအပေါ်မှာ ပြစ်မှားသည် မဟုတ်။ လူသိတတ်သော အပြစ်များဖြစ်သည့် လူသတ်ခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်းများ ကျူးလွန်သည် မဟုတ်၊ ဘုရား၏ စကားကို နားမထောင်ခြင်း ဖြစ်သည်။ ထိုအပြစ်သည် အပြစ် အားလုံး၏ မူလအမြစ် ဖြစ်သည်။
အမွေဆိုး
အာဒံနှင့် ဧဝတို့သည် သားစဉ်မြေးဆက်များထံ အပြစ်တည်းဟူသော အမွေးဆိုးကို ပေးအပ်ခဲ့သည်။ အာဒံနှင့် ဧဝတို့ မှ မွေးဖွားလာသော လူသားတိုင်းသည် သူတို့ ကဲ့သို့ အပြစ် သား များဖြစ်ကြသည်။ ထိုသို့ မွေးဘွားစဉ်က ပါလာသော အပြစ်ကို မွေးရာပါ အပြစ်ဟု ခေါ်သည်။ လူအချို့ တို့ သည်မွေးရာပါ အပြစ်ရှိကြောင်းကို မယုံကြည် လက်မခံကြ။ ကိုယ်တိုင် အပြစ် ကျူးလွန်သောကြောင့် အပြစ်သား ဖြစ်သည်ဟု ယူဆကြသည်။ သို့သော် အောက်ပါ ကျမ်းချက်များကို ကြည့်ခြင်းအားဖြင့် မွေးရာပါ အပြစ် ရှိကြောင်း ထင်ရှားသည်။
တစ်ယောက်သောသူအားဖြင့်
ကျမ်းစာက - အပြစ်တရားသည် တစ်ယောက်သောသူ အားဖြင့် ဤလောကသို့ ဝင်၍ အပြစ်တရား အားဖြင့် သေခြင်းတရား ဝင်သည်နှင့် အညီ လူအပေါင်းတို့ သည် အပြစ်ရှိသောကြောင့် သေခြင်းသို့  ရောက်ရကြ၏ ဟုဆိုသည် (ရောမ ၅း၁၂)။
ကျမ်းစာက အပြစ်တရားသည် ဤလောကသို့ တစ်ယောက်အားဖြင့် ဝင်သည် ဟုဆိုသည်။ လူအများအားဖြင့် ဝင်သည် မဟုတ်၊ တယောက်သောသူ အာဒံအားဖြင့်ဝင်သည်။ ထို အပြစ်ကြောင့် သေခြင်းတရားဝင်သည် ဟုဆိုပြန်သည်။ ထို ကြောင့် သေတတ်သော သူတိုင်းက အပြစ်ရှိသည်။ သေခြင်းသည် မမွေးသေးခင် မိခင်၏ဝမ်းထဲမှ စတင်ဖြစ်ပေါ်နိင်သည်။ လူကြီးဖြစ်မှ၊ အပြစ် ကျူးလွန်မှသာ သေနိုင်သည် မဟုတ်။ သို့ ဖြစ်၍ အပြစ်ကြောင့် သေခြင်းတရား ဝင်သည်ဟု ဆိုရာ တွင် ကျူးလွန်သော အပြစ်ကို ဆိုလိုသည် မဟုတ်၊ မွေးရာပါအပြစ်ကို ဆိုလိုခြင်းဖြစ်ကြောင်း ထင်ရှားသည်။
နားမထောင်သောအားဖြင့်
ကျမ်းစာက- တယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်သို့ ရောက်သည့်နည်းတူ တယောက်သော သူ၏ နားထောင်သောအားဖြင့် လူများတို့ သည် ဖြောင့်မတ်ရာသို့  ရောက်ရ ကြ၏ - ဟုဆိုသည် (ရော ၅း၁၉)။
ပဌမ တယောက်သောသူသည် အာဒံဖြစ်သည်။ အာဒံသည် ဘုရားစကား ကို နားမထောင်သောအားဖြင့် လူများတို့ သည် အပြစ်သို့ ရောက်သည်ဟု ဆိုသည်။ ထို့ ကြောင့်မိတ်ဆွေကိုယ်တိုင် အပြစ်ကျူးလွန်သောကြောင့် အပြစ်သား ဖြစ်သည်မဟုတ်။ မွေးရာပါ အပြစ်ကြောင့် အပြစ်သား ဖြစ်သည်။
မသန့် ရှင်းသောသူ
တဖန်ကျမ်းစာက- မသန့် ရှင်းသောအရာထဲက သန့် ရှင်းသော အရာကို အဘယ်သူထုတ်ဖေါ် နိင်သနည်း။အဘယ်သူ မျှမထုတ်ဖေါ် နိင်ပါ- ဟုဆိုထားသည် (ယောဘ ၁၄း၎)။ လူသည် ဘုရားသခင်ရှေ့ မှာ သန့်ရှင်းခြင်းမရှိ (ဟေရှာ ၆၄း၎)။ မိဘတိုင်း၌ အပြစ်ရှိကြသည်။ ထို့ ကြောင့် အပြစ်ရှိသော မိဘသည် သန့်ရှင်းသော သားသမီးကို မမွေးဘွားနိင်ပါ။ အပြစ်ရှိသော မိဘသည် အပြစ်သားများကိုသာ မွေးဘွားနိင်သည်။
မသန့် ရှင်းနိင်
လူသည် အဘယ်သို့ သောသူဖြစ်၍ သန့် ရှင်းနိင်သနည်း။ လူမိန်းမ ဖွားသော သူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ်နိင်သနည်း- (ယောဘ ၁၅း၁၄)။ ဤကျမ်းပိုဒ်က လူမိန်းမမှ ဖွားမြင်သောသူတိုင်းသည် မသန့်ရှင်း မဖြောင့်မတ်ဟု ဆိုထားသည် လောက၌ မိန်းမထဲမှ မမွေးဖွားသောသူ တယောက်မျှ မရှိ။ ထို့ ကြောင့် မိန်းမဖွားသောသူ ကျွန်ပ်နှင့်မိတ်ဆွေလည်း မသန့် ရှင်း။
အမိဝမ်းထဲမှ
ကျမ်းစာက - အကျွန်ပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၊ အမိ ဝမ်းထဲမှာပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏- ဟုဆိုသည် (ဆာလံ၊၅၁း၅)။
ဤဆာလံကိုရေးသော ဒါဝိဒ်မင်းကြီးသည် မွေးစကပင် အပြစ်ပါကြောင်း၊ အမိဝမ်းတွင်းမှာပင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ ထိုသို့ အပြစ် မျိုးစေ့သည် မွေးစကပင် ပါသောကြောင့် ကြီးလာသောအခါ အလိုအလျောက် အပြစ် လုပ်တတ် ကြသည်။ မိခင်၏ ဝမ်းထဲမှ ဒုစရိုက်အပြစ် မလုပ်နိင်ပါ။ ထိုကြောင့် ထိုအပြစ်သည် မွေးရာပါ အပြစ်ဖြစ်သည်။ လူတိုင်း မွေးရာပါ အပြစ်ကြောင့် အပြစ်သား ဖြစ်ရသည်။ ဒုစရိုက်အပြစ်ကြောင့် အပြစ်သား ဖြစ်ရသည်မဟုတ်။ အပြစ်သား အရင်ဖြစ်သော ကြောင့် အပြစ် လုပ်ရသည်။
ရိုင်းသောသဘော
မတရားသောသူသည် အမိဝမ်းထဲမှစ၍ ရိုင်းသော သဘောရှိကြ သည်။ မွေးကတည်းက လမ်းလွဲ၍ မုသာစကားကို ပြောတတ်ကြ၏ (ဆာလံ၊၅၈း၃)။
ရိုင်းသော သဘောသည် မွေးရာပါဖြစ်သည်။ လမ်းလွဲခြင်းနှင့် မုသာ ပြောခြင်းသည်လည်း မွေးရာပါဖြစ်သည်။ လူတိုင်း ရိုင်းသော သဘောရကြသည်။ မုသာ မပြောတတ်သောသူ၊ မပြောဖူးသောသူလည်း မရှိချေ။ ထို့ ကြောင့် လူသည် မွေးရာပါ အပြစ်ရှိကြောင်း ထင်ရှားသည်။
ဘုရားအပေါ်ပြစ်မှား
မွေးရာပါအပြစ်သည် အာဒံကြောင့်ဖြစ်သည်၊ မွေးရာပါ အပြစ်သည် လူလူချင်းအပေါ် ပြစ်မှားသော အပြစ် မဟုတ်။ ဘုရားအပေါ် ပြစ်မှားသော အပြစ်ဖြစ်သည်။ အာဒံသည် ဘုရားအပေါ် ပြစ်မှားခဲ့သည်။ အာဒံသားသမီး တိုင်းလည်း အာဒံမှတဆင့် ဘုရားအပေါ် ပြစ်မှားခဲ့ ကြပြီ။
အပြစ်၏အခသေခြင်း
ကျမ်းစာက အပြစ်၏ အခကား သေခြင်းပေတည်း- ဟုပါရှိသည် (ရော ၆း၂၃)။ တဖန် -အပြစ်တရားအားဖြင့် သေခြင်းတရား ဝင်သည်-ဟု ဆိုပြန်သည် (ရော၊၅း၁၂)။ ထို့ ကြောင့် သေနိင်သော သူတိုင်းက အပြစ်ရှိသည်၊ အပြစ်၏ အခကား သေခြင်းဟု ဆိုသောကြောင့် သေခြင်းအကြောင်းကို သိထားဘို့ လို သည်။
သေခြင်းသုံးမျိုး
သေခြင်း သုံးမျိုးရှိသည်။ ခန္ဓာကိုယ် သေခြင်း။ ဝိညာဉ်ပိုင်းဆိုင်ရာ သေခြင်းနှင့် ထာဝရ (သို့ ) ဒုတိယ သေခြင်းတို့ ဖြစ်သည်။ ထိုသုံးမျိုးစလုံးသည် ခွဲခွါခြင်းကို ဆိုလိုသည်။
ကိုယ်ခန္ဓာသေခြင်း
ကိုယ်ခန္ဓာ သေခြင်းသည် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲခွါခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာထဲမှ စိတ်ဝိညာဉ် ထွက်သွားသောအခါ ကျန်ရစ်သော ကိုယ်ခန္ဓာကို လူသေ ဟုခေါ်သည်။ တရားစရပ်မှူး၏သမီး သေသောအခါ သခင်ယေရှုက သူမ၏ စိတ်ဝိညာဉ်ကို ပြန်လာစေခြင်းအားဖြင့် အသက်ပြန်ရှင် လာသည်။ (လု ၈း၅၃-၅၅)။
ကိုယ်ခန္ဓာ သေသောအခါ ယုံကြည်သူ၏ စိတ် ဝိညာဉ်သည် ကောင်းကင် ဘုံသို့ တက်၍ မယုံကြည်သူ၏ စိတ်ဝိညာဉ်မူကား ငရဲသို့ ရောက်သွားသည် (လု ၁၆း၂၂-၂၃)။ ကိုယ်ခန္ဓာမူကား မြေမှုန့် မှဖြစ်သောကြောင့် မြေမှုန့် သို့  ပြန်သွားသည် (က ၃း၁၉)။ ကိုယ်ခန္ဓာ သေခြင်းသည် သားမယား၊ မိဘ၊ ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးမိတ်ဆွေများနှင့် ခွဲခွါသောကြောင့် ဝမ်းနည်းရသည်။
ဝိညာဉ်ပိုင်းသေခြင်း
ဝိညာဉ်သည် မသေနိင်ချေ။ သေနိင်လျှင် ငရဲထဲ၌ ဝေဒနာခံစရာ အကြောင်း မရှိ။ ဘုရားသခင်နှင့် အဆက်ပြတ်ခြင်း ကို ဝိညာဉ်ပိုင်း သေခြင်းဟု ခေါ်သည်။ အာဒံသည် ဘုရားစကား နားမထောင်သောကြောင့် ဘုရားနှင့် ခွဲခွါရသည်။ ဘုရားသခင်က အာဒံအား ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကိုမစားရ၊ စားသောနေ့ တွင် သေရမည် ဟုဆိုသည် (က ၊၂း၂ရ)။ အာဒံသည် ထိုအသီးကို စားသောနေ့ တွင် ဘုရားနှင့်ခွဲခွါ၍ ဘုရားအမြင်က သေသွားသည်။ သူ၏ ကိုယ်ခန္ဓာ သေသော်လည်း ဘုရားသခင်နှင့် ခွဲခွါခြင်းသည် သေခြင်းဖြစ်သည်။ အာဒံသည် ဝိညာဉ်ပိုင်းသေပြီးမှ သားသမီး ရသောကြောင့် သူ၏ သားသမီး တိုင်းသည် ဝိညာဉ်ပိုင်း သေပြီးသားနှင့် မွေးဘွားကြသည်။ မိတ်ဆွေနှင့် ကျွန်တော်လည်း အာဒံမှ ဆင်းသက် မွေးဘွားသောကြောင့် ဝိညာဉ်ပိုင်း သေပြီး သားနှင့် မွေးဘွား ကြသည်။ ထိုကြောင့် ကိုယ်ခန္ဓာသေလျှင် ငရဲသို့  သွားဘို့ရန် မွေးဘွားကြသည်။
ဒုတိယသေခြင်း (သို့ ) ထာဝရသေခြင်း
ဒုတိယသေ ခြင်း (သို့ ) ထာဝရသေခြင်းသည် ကိုယ်ခန္ဓာ၌ အသက်ရှင် စဉ် ကယ်တင်ခြင်းသို့ မရောက်၊ ဝိညာဉ် အသက် မရှင် ထာဝရ အသက် မရှိသော ကြောင့် ကိုယ်ခန္ဓာသေသောအခါ ဝိညာဉ်သည်ထာဝရ မီးအိုင်ထဲသို့ ဆင်းသွား ခြင်းကို ဆိုလိုသည်။ ကျမ်းစာ၌- ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကို ကိုးကွယ် သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့ မူကား ဒုတိယ သေခြင်း တည်းဟူ သော ကန့် နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့ အဘို့ ကိုရကြ လိမ့်မည်- ဟု ဆိုထားသည် (ဗျာ၊ ၂၁း၈)။
သင်ခန်းစာ (၄)မေးခွန်းများ
၁။ အပြစ် ဘယ်နှစ်မျိုး ရှိသနည်း။ ဖေါ်ပြပါ -------------
၂။ မွေးရာပါအပြစ်သည် မည်သူအားဖြင့် ဖြစ်သနည်း။---------------
၃။ မွေးရာပါအပြစ်သည် ------------အပေါ် ပြစ်မှားခြင်း ဖြစ်သည်။
၎။ ရော ၅း၁၉ အာဒံ၏ အပြစ်သည် မည်သည့်အရာ ဖြစ်သနည်း။------------
၅။ မသန့် ရှင်းသော အရာထဲမှ သန့် ရှင်းသောအရာ ထုတ်ဖေါ်နိုင်သလော။------
၆။ လူသည် မည်သည့်အချိန်မှ စ၍ အပြစ်ရှိသနည်း။-------------
ရ။ လမ်းလွဲခြင်းနှင့် မုသာပြောခြင်းသည် မည်သည့်အရွယ်မှစသနည်း။----------
၈။ အပြစ်၏ အခကား-------------ခြင်းပေတည်း။
၉။ သေခြင်းသုံးမျိုးကိုဖေါ်ပြပါ။
(က)--------------------
(ခ)--------------------
(ဂ)--------------------
၁ဝ။ဝိညာဉ်ပိုင်း သေခြင်းသည် --------------နှင့်ခွဲခွါခြင်း ဖြစ်သည်။

| < Prev | Next > |
|---|





