Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Friday
Mar 12th

Agape & Fanny from America

E-mail Print PDF

 God is Working

    ကျမ်းစာမှာရေးထားပါတယ်။  “မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။ ကယ်တင်တော်မူခြင်းတရားကို တစ်နေ့ထက် တစ်နေ့ညွှန်ကြားကြလော့။ ဘုန်းတော်ကို တပါးအမျိုးသားတို့၌၄င်း၊ အံ့ဘွယ်သောအမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၄င်း ဘော်ပြကြလော့။ ထာဝရဘုရားသည် ကြီးမြတ်၍၊ အလွန်ချီးမွမ်းဘွယ်ဖြစ်တော် မူ၏။ ဘုရားတကာ တို့ထက် ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏။ ၅ရာ ၁၆း ၂၃-၂၅

  လူငယ်အများစုဟာ ။ တေးဂီတ၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်း တွေမှာ ပါရမီ ကောင်းကြပါတယ်။ ထာဝရဘုရားက မောရှေရဲ့ တောင်ဝှေးတော်ကို အလွန်အားကြီးတဲ့ လက်နက်အဖြစ် ပင်လယ်ကြီးကို ၂ပိုင်းခွဲစေခဲ့ပါတယ်။ ရှင်ပေါလုရဲ့ လက်သုံးပုဝါကို လူနာများ နားမကျန်းသူများကို ပျောက်ကင်း၊ချမ်းသာစေခဲ့ပါတယ်။ သခင်ယေရှုက သူငယ်လေးရဲ့ သေးငယ်တဲ့ စားစရာကို ထောင်နဲ့ချီတဲ့ ဆာလောင်နေတဲ့သူ့ နောက်ကို လိုက်နေသူများကို ကျွေးမွေးခဲ့ပါတယ်။ ဒီလိုပါပဲ .. ထာဝရဘုရားဟာ ယုံကြည်သူများစွာက တေးဂီတအားဖြင့်ု အသုံးချရာမှ  စိတ်လေလွင့်နေသော သား၊သမီး များစွာကို ပြောင်းလဲစေပါတယ်။

   ကျွန်တော်ဟာ ယုံကြည်ခြင်းအားဖြင့် ဂီတပညာအားဖြင့် အသင်းတော်မှာ  ဘုရားအမှုတော်ကို ထမ်းဆောင်နေတဲ့ ပါရမီရှင် လူငယ်များစွာကို အမြဲတမ်း ကျေးဇူးတင်ပါတယ်။ ထာဝရဘုရားဟာ အသင်းတော်တိုင်းကိုလည်း ဂီတပညာရှင်များ ပေးအပ်ထားတယ်လို့ ယုံကြည်ပါတယ်။ ကိုးကွယ်ဝတ်ပြု ခြင်း နဲ့ ဘာသာရေး အခမ်းအနားတွေ ပိုပြီးအသက်ဝင်လာတာ သူတို့တစ်တွေရဲ့ တေးဂီတအားဖြင့် ဖြစ်ပြီး ဂီတဟာ လူ့စိတ်နှလုံးသားကို သာယာမြုးကြွ စေပါတယ်။ 
  

   Fanny Crosby ရဲ့ ဓမ္မသီချင်းများမှာ သူတစ်ဦးတည်းအတွက် ကိုယ်ပိုင် စပ်ဆိုထားတဲ့  ဒေသနာကျမ်း ၁၂း၆  နဲ့  ဗျာဒိတ်ကျမ်း ၂၂း၎-၅ တို့ကို ပေါင်းစပ်ထားတဲ့ ဓမ္မသီချင်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အခြားသူများကို မပြသပဲ ထားခဲ့ပါတယ်။ ပါမေက္ခ ကက်နက် အိုစဘက် ဆိုသူက ဘယ်လိုနည်းနဲ့ လူအများကို ဖွင့်ပြခဲ့တဲ့အကြောင်းကို အောက်ပါအတိုင်း ပြန်ပြောပြခဲ့ပါတယ်။ 

   တစ်နေ့ မက်ဆာချူးချက်ပြည်နယ်က ကျမ်းစာကွန်ဖရင့်တခုမှာ Miss Fanny Crosby ကို  Dwight L. Moody ဆိုသူက သက်သေခံဖို့ရာ မေးခွန်းတခု မေးပါတယ်။ သူမရဲ့ အသက်တာမှာ ယုံကြည်မှု အတွက်ဘယ်လို တည်ဆောက်ပါသလဲ တဲ့.. မေးခွန်းကို ဖြေဆိုဖို့ ပထမတော့ ချီတုံချတုံ ဖြစ်ခဲ့ပါသေးတယ်။ ပြီးမှ ငြိမ်သက်စွာ ထပြီးတော့ ပြောပါတယ်။ “ကျွန်မ ရေးထားပြီး ပုံနှိပ်ဖေါ်ပြခြင်း မရှိသေးတဲ့ ဓမ္မသီချင်းတပုဒ် ရှိပါတယ်။ ကျွန်မရဲ့ ၀ိညာဉ်ကဗျာ လို့ အမည် မှဲ့ထားပါတယ်။ ရံဖန်ရံခါ  ဒုက္ခဆင်းရဲ ခံစားရချိန်များမှာ ကျွန်မ နှလုံးသားကို နှစ်သိမ့်အားပေးဖို့ရာ  ဒီဓမ္မသီချင်းကို ထပ်ခါထပ်ခါ ဆိုပါတယ်။   သူမဟာ သီဆိုချီးမွမ်းပြတဲ့အချိန်မှာ လူများစွာ မျက်ရည် ကျခဲ့ရပါတယ်။   
“Someday the silver cord will break, and I no more as now shall sing; but O the joy when I shall wake within the palace of the King! And I shall see Him face to face, and tell the story—saved by grace!” အသက်၂၅နှစ် အရွယ်မှာပဲ သခင်ယေရှုရဲ့ မျက်နှာကို သူမ ပထမဆုံး မြင်ရလိမ့်မယ်ဆိုတာကို သဘောပေါက်သိရှိခဲ့ရပါတယ်။
 

   Frances Jane "Fanny" Crosby (1820-1915) ဟာ အမေရိကန် ဓမ္မသီချင်းရေးသူ နဲ့ ကဗျာ ဆရာမ ဖြစ်ပါတယ်။ သူမ အသက်တာမှာ အပုဒ်ရေ ရှစ်ထောင်ကျော် ရေးသားခဲ့ပါတယ်။ မျက်စိ မမြင်တဲ့ Fanny Crosby ကို ဓမ္မဆရာတဦးက သနားဂရုနာနဲ့  “သခင်က မျက်စိအလင်းကို မပေးခဲ့ပေမဲ့ - အခြားကျေးဇူးတော်များကို သူမ အပေါ် သက်ရောက်စေခဲ့တယ်”  လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီအခါ သူမ လျှင်မြန်စွာ ပြန်ပြော လိုက်တာကတော့   “ကျွန်မ မွေးစအချိန်မှာ ဘာအလိုချင်ဆုံးလဲလို့ အသနားခံခွင့်ရရင် မျက်စိမမြင်ဘဲ မွေးဖွားရှင်သန်ခြင်းကိုပဲ ကျွန်မ လိုချင်ပါတယ်” ။  အံ့အားသင့်သွားတဲ့ ဓမ္မဆရာက “ဘာကြောင့်လဲ” လို့ ပြန်မေးတော့   “ဘာကြောင့်လဲဆိုတော့ ကျွန်မ ကောင်းကင်ဘုံ ရောက်ချိန်မှာ ပထမဆုံး မြင်ရမဲ့ မျက်နှာက ကျွန်မရဲ့ ကယ်တင်ရှင် ဖြစ်လို့ပါ”  လို့ ဖြေလိုက်ပါတယ်။    

 Fanny ၏ ဓမ္မသီချင်းအချို့
   ဘုရားမြတ်သခင်အား ဘုန်းကြီးစေသတည်း  ၆၆
   ကယ်တင်ရှင် လွန်မသွားပါနှင့်  ၂၀၂
   ခေါ်တော်မူသံကို ကျွန်ုပ်ကြားရပြီ  ၁၇၁
   ကယ်တင်ရှင် ငါ့ကိုလမ်းပြသည် .. ၂၅၄

Author:
Rev. Latt Yishey
 ဆရာတော် ဦးလတ်ယေရှဲ Pastor Blog မှ English ဘာသာမှ မြန်မာပြန်ဆိုထားပါသည်။
First Baptist Burmese Church, San Francisco

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Friday, 20 November 2009 17:49 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 19 guests online

ဆန္ဒမဲလေး ပေးရအောင်(၂)

ဝိညာဉ်သစ် မဂ္ဂဇင်း
 

ကာတွန်းများ

မျက်နှာပူလို့ 

စာရင်းဇယား

Content View Hits : 261195