ယခုခေတ်မှာတော့ အင်တာနက် ယူကျု၊ ဂူဂယ် စသဖြင့် ဗွီဒီယိုအတိုအထွာကလေးများ ခေတ်စားတဲ့အချိန်မှာ တဦးချင်း လုပ်ဆောင်မှုများကို အများလည်း အတူ အလွယ်တကူ ခံစားနိုင်ပါတယ်။ မြန်မာဓမ္မတေး လောကမှာတော့ ထုံးစံအတိုင်း လူငယ်များသီဆို၊တီးခတ် - ခေတ်ပေါ်ဓမ္မသီချင်းများစွာရှိပါတယ်။ ကောင်းကြပါတယ်။ အခုတင်ပြမဲ့ သီချင်း၂ပုဒ် - နေ့ရက်စဉ်တိုင်း အသက်မွေးလောက်သောအစာ (သက်မွန်) နဲ့ ကျေးဇူးတော် (ဆရာတော်ဇော်လတ်) တို့ရဲ့ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ သီချင်း တိုတောင်းပြက်သားပြီး မြန်မာခရစ်ယန်များရဲ့ နှလုံးသားကို ထိုးဖောက် ဝေငှနိုင်ပါတယ်။ YouTube မှာ သောင်းနဲ့ချီတဲ့ မြန်မာများ နားထောင်ကြပါတယ်။ ဖန်တီးတဲ့ အမ်စီအေ (ဘန်ကောက်) အသင်းတော် - ဆရာစိုင်းအေး ဖြစ်ပါတယ်။

(နေ့ရက်စဉ်တိုင်း အသက်မွေးလောက်သော အစာ..သည်
ကျွနိုပ်တို့အတွက် လုံလောက်ပေသည်။
နေ့ရက်စဉ်တိုင်း အသက်မွေးလောက်သော အစာသည်
ကိုယ်တော်ရှင်ချပေးမူပြီ)၂
(ထာဝရ ဘုရားရဲ့ ဘုန်းတော် စုံလင်သော ဂရုနာတော်ကို
ဂုဏ်တော် သီကျူးချီးမွမ်းပါမည်
ချီးမွမ်းမေတ္တာ ကိုယ်တော်ဘုရား ကျေးဇူးတော်ကို
ပြန်လည်ရေတွက် ချီးမွမ်းလိုသည်)၂
http://www.youtube.com/watch?v=G6FJnOT4IIw&feature=channel

(ကျေးဇူးတော် အစုံ ဂုဏ်တော် အနတ္တနဲ့ ပြည့်ဝစုံလင်ပါသော အရှင်
ကိုယ်တော်ရဲ့ ကျေးဇူးများကို စဉ်းစားရေတွက်ကြည့်ရာ
ချီးမွမ်းဘွယ်ရာ .. အသက်တာမှာ ခွန်အားဖြစ်ပေါ်လာ)၂
(ဘ၀ သံသရာ ... အခက်အခဲတွေလဲ ရှိမယ် / ၀န်လေးပင်ပန်းသောသူ
ပင်ပမ်းစိတ်နွမ်း .. ဖြစ်မှာပဲ / မြတ်ဘုရားထံမှ ဖိတ်ခေါ်နေ
ကိုယ်တော်ရဲ့ နှုတ်ကပတ်တရားများကို စဉ်းစားသတိရပါ
ကျေးဇူးတော်ဟာ အသက်တာမှာ ခွန်အားဖြစ်စေပါ) ၂
ဒီကမ္ဘာ လောကရဲ့ ငိုခြင်း၊ ရီခြင်း ဆိုတာလေ...
ပူလောင်ခြင်း အေးချမ်းသောသူ၊ အကောင်းအဆိုးတွေ
ယုံကြည်ခြင်း ခိုင်မာရေးအတွက် .. အလိုတော်အတိုင်းကိုသာ ..
ဝန်ခံကြဖို့..ဖြစ်ပေတယ်..
http://www.youtube.com/watch?v=9-687QbujQA&feature=related
ငယ်ရွယ်စဉ် တေးရေးသူအမည်မသိတဲ့ ညမွှေးပန်း သီချင်းကို အမှတ်ရသလို - ခံစားရကျေးဇူးတော် ဆာလံ ၂၃ မှီငြမ်း သီချင်းကိုလည်း မြန်မာအသင်းတော်များစွာ သီဆိုကြပါတယ်။ ပြန်လည်သတိရပါတယ်။ သီချင်းများ ရေးစပ်သူများကို (အမည်မသိသော်လည်း) ဘုရားသခင်..ကောင်းချီးမင်္ဂလာ..ပေးပါစေ။
ခံစားရ ဆုကျေးဇူးကောင်းကြီးမင်္ဂလာ
ရေတွက်လို့ ချီးမွှမ်းကာ သီဆိုမည်
အသက်မွေးလောက်သော အစာကို နေ့ရက်စဉ်တိုင်း
ပေးသနားတော် မူသောကြောင့်ကျေးဇူးတင်သည်
Cho: သာယာသောမြစ်နားသို့ လမ်းပြခဲ့ပြီ
စိမ်းလန်းသော အရပ်၌အိပ်စေမူပြီ
ဖျားယောင်းသွေးဆောင်မှုအပေါင်းမှ လွတ်မြောက်စေပြီ
ကျေးဇူးတော် ကာလ၏ နေ့ရက်များ

| < Prev | Next > |
|---|





