Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Wednesday
Mar 10th
Home ၀ိညာဉ်သစ် မဂ္ဂဇင်း ၀ိညာဉ်ရေးရာ ပညာမတောက်တခေါက်နှင့် ယုံကြည်ခြင်း

ပညာမတောက်တခေါက်နှင့် ယုံကြည်ခြင်း

E-mail Print PDF


ယုံကြည်ခြင်းအတွက် သက်သေခံချက်


   ကျွန်ုပ်သည် ထာဝရဘုရားကိုသိသော ယုံကြည်သူ ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့ပါသည်။ သို့သော်လည်း ခေတ်ပညာမတောက်တခေါက်တတ်ပြီး မိမိမြိုနေထိုင်ရာအနီးတွင်လည်း မိမိကို နားပေါက်အောင်ဟောပြောနိုင်သူမရှိပါ။ ပညာတတ် ကျောင်းဆရာတဦးကိုတော့ အရမ်းလေးစားခဲ့ပါသည်။ 

  သူ၏ သိပ္ပံပညာထူးချွန်မှုကို အားကျသည်။ ဓါတ်ပုံပညာ စတီရီယို၊ ဓါတ်ခွဲခန်း၊ သကြား၊ဆေးဝါးဖေါ်စပ်ခြင်း၊ အရက်ချက် ဓါတ်ခွဲခန်း၊ နာမည်ကြီး ဓါတုဗေဒ ကျောင်းဆရာ စသည့် လောကပညာများကို လေ့လာတပည့်ခံချင်သည်။ သူသင်ပြသော ကျူရှင်တွင် အခမဲ့ တက်ရောက်ခွင့်ရရှိပြီး သူသင်ပေးသော ၁၀တန်းစာမေးပွဲ၊ ဓါတုဗေဒ ဘာသာရပ် ဂုဏ်ထူးထွက်ခဲ့၍ တော်တော် နာမည်ရခဲ့ပါသည်။ အထက်မြန်မာပြည် မြို့ငယ်လေးမှ တဆင့် ရန်ကုန်တက္ကသိုလ်ကြီးတခုတွင် ပညာသင်ကြားခွင့်ရခဲ့ပါသည်။ မိမိမြို့တွင်  ထိုသူသည် ဘုရားကျောင်းတွင် အင်မတန်ကောင်းသော တရားဒေသနာများကို ဟောကြားခဲ့သော်လည်း လက်တွေ့တွင် ပုံသက်သေအားနည်းမှု (၀ိုင်၊ဘီယာ၊အရက် ချက်လုပ်၊သုံးဆောင်ခြင်း) ရှိခဲ့ပါသည်။ သို့သော် ယခု ပင်စင်ယူပြီးနောက် သား၊သမီး၊ ဖနီးတို့နှင့်ဝေလံစွာ မြန်မာပြည်အနှံ့ ဧ၀ံဂေလိလုပ်ငန်း (ယေရှုရုပ်ရှင်ပြခြင်း) လုပ်ဆောင်လျက်ရှိပါသည်။ နိုင်ငံခြားတွင် ယေရှုရုပ်ရှင်ပြရာတွင် လူများစိတ်မ၀င်စားသော်လည်း၊ မြန်မာပြည် မြို့ကြီး၊မြို့ငယ်၊ ကျေးရွာများတွင် ယေရှုရုပ်ရှင်ပြသောအခါ ကလေး၊လူငယ်၊လူကြီးများ တရုံးရုံးနှင့် အားပေးကြသည်ကို ကျေနပ်အမှုဆောင်နေသူဖြစ်သည်။  မယုံကြည်သူအချို့ အာဏာနှင့် တားမြစ်မှုကြောင့် အသက်အန္တရယ် အမှုအခင်းများဖြစ်ခဲ့သော်လည်း အမှုတော်ကို ကျွန်ုပ်၏ ငယ်ဆရာသည် ဆောင်ရွက်နေဆဲပင်ဖြစ်ပါသည်။ မိမိလေးစားသော ငယ်စဉ်က အိမ်နီးချင်း ဆရာတဦအကြောင်းဖြစ်ပါသည်။


    နောက်ဆုံးတွင် ကျွန်ုပ်သည် ရန်ကုန်တက္ကသိုလ်သို့ ခေတ်ပညာများကို သင်ကြားသောအခါ မြိုကြီးရောက် လောကပျော်ရွှင်စရာများ (ငွေကြေးမပါ) နောက်သို့ လိုက်ပြီး ပညာရေးလည်း မထူးချွန်တော့ပါ။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင် မြန်မာပြည်အခြေအနေက ပညာရေးထူးချွန်လဲ သင်္ဘောသား၊ စစ်ဗိုလ် ဘ၀ရောက်ခြင်းက လောက မျှော်လင့်ချက်တခုပင် မဟုတ်ပါလား။ ဆရာဝန်၊ အင်ဂျင်နီယာလည်း ထိုခေတ်တွင် လူလေးစားသော်လည်း ငွေဗလာ၊ ကွမ်းယာရောင်းသူလောက်ပင် ၀င်ငွေမကောင်းသော ပညာတတ်လူရာမ၀င်သည့် ခေတ်ဖြစ်ပါသည်။ (ယခုတော့ ပညာတတ်များ နိုင်ငံခြားတွင် အလုပ်အကိုင်အဆင်ပြေတတ်ပါသည်)။ နောက်ဆုံးတွင် ဘွဲ့ရပြီး အစိုးရ ပြန်တမ်းဝင်အရာရှိဖြစ်သွားသည်။ နိုင်ငံခြား ပညာသင်စောင့်စားပြီး ကားပါမစ် နှင့် တိုက်ဝယ်ပြီး လူလေးစားခံရရင် တော်ပြီဟူသော လောကရည်ရွယ်ချက်နှင့် မြန်မာပြည်မှာအလုပ်လုပ်ကိုင်ခဲ့ပါသည်။ နောက်ပိုင်း သူငယ်ချင်းများက စင်ကာပူတွင် အလုပ်လုပ်သည့် ခေတ်ဖြစ်လာသောကြောင့် ၁၉၉၀ တွင် စင်ကာပူသို့လာရောက်အလုပ်ရှာ၊ အလုပ်လုပ်ကိုင်ခဲ့သည်မှာ ယခု ၂၀၀၉ အထိဖြစ်ပါသည်။

   စင်ကာပူရောက်သောအခါ ရရာအလုပ်လုပ်ရင်း စင်ကာပူအစိုးရ ရှယ်ယာအများစုပိုင်သော အမေရိကန်နိုင်ငံ Nesdeq Listed MNC ကုမ္ပဏီကြီးတခုတွင် လုပ်ကိုင်ခွင့် ရသောအခါ မိမိထက် ပညာများစွာတတ်သော ဒေါက်တာများ၊ ဖဲလိုး၊ တီထွင်သူများ အပါအ၀င် လစာငွေ တလ ဒေါ်လာ သုည၅လုံးအထက် ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံရင်း မိမိကိုယ် ဟုတ်လှချည်ထင်ထားခဲ့မှုများ တဖြေးဖြေး လွင့်ပျောက်သွားခဲ့ပါသည်။ မြန်မာလူမျိုးများ ဘုရားကပြောလဲမပြောပဲနှင့် "ကြိုးစားရင် ဘုရားတောင်ဖြစ်တယ်" ဆိုသည့် ခံယူချက်လည်း လေထဲပျောက်သွားပြီး မိမိကိုယ်ကိုယ် ဖရီးသင့်ကားလိုလို၊ ဗုဒ္ဒတရားနောက်လိုက်လိုလို၊ ဘုရားစုံဝါဒလိုလို နှင့် ဗြိတိလျှ အတွေးအခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆဲကို အားကျခဲ့ခြင်းများလည်း ပျောက်ဆုံးသွားပါတော့သည်။ ဘာထရန်ရပ်ဆဲခမျာလည်း သူယောက်ထဲရှိစဉ် တောင်တွေးမြောက်တွေး တွေးရင်း သေမင်းကို တွေးမိသောအခါ မိမိသေလွန်ပြီးဘ၀ကို စဉ်းစားလျှင် အမှောင်ထုကြီးကိုပဲ မြင်ရကြောင်း ရေးသားထားခဲ့ပါသည်။ ယုံကြည်သူများအဖို့ မိမိတယောက်တည်း တောင်တွေးမြောက်တွေး သေလွန်ပြီးနောက်ကာလကို တွေးကြည့်ပါက တောက်ပသောအလင်းကိုမြင်ရပြီး ထာဝရအသက်အတွက် ပျော်ရွှင်ဝမ်းမြောက်ခြင်းကို ရလေ့ရှိပါသည်း


   မိတ်ဆွေ .. ကျွန်တော်တို့ဘ၀၏  တ၀က်ကျော်အချိန်မှာ တယောက်တည်း နေရပါသည်။ ဘေးပတ်ဝန်းကျင်မှာ အလုပ်အတူလုပ်သူများရှိသော်လည်း သင်နှင့်မိတ်သဟာရဖွဲ့ခြင်းမရှိပါ။ သင်တယောက်တည်း (အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ မိတ်ဆွေများကိစ္စ တွေးနေရပါသည်)။ သင့်ဘေးမှာ လူတယောက်မှမရှိသောအချိန် ဥပမာ အိပ်ချိန် ၈ နာရီ၊ အိမ်သာတက်၊ ရေချိုး၊ ခရီးသွား နေချိန်များတွင် သင်ဘာတွေ တွေးနေပါသလဲ။ တချို့ လေယာဉ်အတက်အဆင်း တွင် ပျက်ကျမှ တွေးကြောက်နေရသည်။ အမှောင်ကြီးထဲဖြစ်စေ၊ မိမိကို အလုပ်ခွင်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးများ၌ ၀ိုင်းတွယ်ခံနေရလျှင်၊ နောက်ဆုံး ဆေးရုံတွင် ပက်လက်ကလေး ဖြစ်နေစဉ်၊ အဆိုးဝါဆုံး ကင်ဆာရောဂါ၊ အိတ်အိုင်ဗွီရောဂါ ရပြီး သေမည့်နေ့ကို စောင့်နေရစဉ်တွင် သင်တယောက်တည်း ဘာတွေ တွေးနေမည်နည်း။

   ထိုသို့သော အထီံးကျန်ဘ၀ကို မခံဖူးသေးပါက လောက၊မိတ်ဆွေ၊ ပျော်စရာများတွင် ဆက်လက်နေနိုင်ပါသည်။ တနေ့သော် မိတ်ဆွေလည်း ထိုသို့ တယောက်တည်း နေရမည့်အချိန် ရောက်လာပါမည်။ အင်မတန် ကုသိုလ်ကံကေင်းသူ (ဗုဒ္ဓဘာသာ) နှင့် ဘုရားကောင်းကြီးရရှိသူ (ခရစ်ယန်) မိတ်ဆွေများမှာ သေလျှင်ပင် ခေါက်ကနဲ လဲသေသွားကြပါသည်။ ထိုသို့ သေသွားသူများ ရှားပါသည်။ တယောက်တည်း သေမင်း (သို့မဟုတ်) အထီးကျန်မှုနှင့်၊ ဒုက္ခကြီးများကို ရင်ဆိုင်ရာတွင် ကျွန်တော်တို့ လူ့ဗီဇ၊ အစွမ်းအစနှင့် တိုက်ပွဲကို မဆင်နိုင်တော့ပါ။ ခန္တာ၊စိတ် အင်အား အင်မတန်နည်းသွားချိန်တွင် ၀ိညာဉ်အားဖြင့် တိုက်ရတော့မည်ဖြစ်သည်။

   ထိုအချိန်တွင် ယုံကြည်ခြင်း ဆိုသောအချက်သည် ရှေ့တန်းရောက်လာပါသည်။

   ကွန်မြုနစ်၊ အရင်းရှင်၊ သိပ္ပံပညာ၊ ကချင်၊ကရင်၊ ဗမာ လူမျိုးရေး စသည့် ယုံကြည်ချက် ကြီးမားသူ တနည်းအားဖြင့် မျက်ကန်းသစ္ဆေမကြောက်သော ယုံကြည်ချက်ကြီးသူများလည်း သေမင်းကို ရဲရဲကြီးရင်ဆိုင်ရဲပါသည်။ စင်ကာပူတွင် ၂၀၀၇ က မျက်စိစွေလူသတ်သမားတဦးရှိပါသည်။ ကိုယ့်ရန်သူ မိသားစုကို ရက်စက်စွာ၊ သွေးအေးအေးနှင့် အိမ်ထဲဝင်ပစ်သတ်၊သတ်ဖျက်ပြီး ကြိုးစင်ပေါ် တွင်တက်စဉ်လည်း အများအမြင်တွင် ပြုံးပြုံး၊ကိုယ်လုပ်တာ ကိုယ်ခံပေါ့ စိတ်ထား၊ လွဲမှားသော ယုံကြည်သူများလည်း သေရမှာမကြောက်ပါ။

   ကျွန်ုပ်တို့ ထိုကဲ့သို့သော လွဲမှားသော ယုံကြည်မှုမျိုးကို တိုက်ခိုက်ရမည်ဖြစ်သည်။ လွဲမှားသောဘ ဘာသာရေးယုံကြည်သူများလည်း သေရမှာမကြောက်ကြပါ။ ထိုသူများကို ထာဝရဘုရား၊ သခင်ယေရှု၊ သန့်ရှင်းသောဝိညာဉ် အကြောင်း ပြောပြရာတွင် အလွန်အခက်ခဲဆုံးဖြစ်ပါသည်။ ကိုယ့်ယုံကြည်ချက်ကို တဖက်သတ်ပြောပြီး သူ့ယုံကြည်ချက်ကို နားမထောင်ချင်ပါက ထိုသူကို ယေရှုအကြောင်း ပြောပြလဲ၊ အားနာ၍သာ နားထောင်နေမည်။ မိမိက ပုံသက်သေကောင်း အနေနှင့် သူ့အကြောင်း၊ သူ့ခံစားချက်ကို နားထောင်ခြင်း ရှိမှ ဧ၀ံဂေလိလုပ်ရနိုင်မည် ဖြစ်သည်။ ပုံသက်သေကောင်းသော သင်းအုပ်ဆရာများမှာ သူတို့ မိုဘိုင်းဖုန်း တဂွမ်ဂွမ်ခေါ်ခြင်းကို  ညသန်းကောင်အချိန်အထိ နားထောင်ပေးရသည်။ 

   အထူးသဖြင့် ကျန်းမာရေး (အိပ်နိုင်၊စားနိုင်၊ သွားလာနိုင်) ကောင်းနေသော လူငယ်လူရွယ်များကို အလုပ်ခွင်များတွင် တွေ့ပါက သူတို့သည် ငွေရှိလျှင် ဘာမဆိုလုပ်လို့ရမည် ပြောကြသည်။ စင်ကာပူရှိ ဆိုင်ကြီးတခုတွင် Money Make Happiness ဟုရေးထားသည်။ အချို့လူကြီးများလည်း ကြီးမိုက်၊ အသက်ကြီးလည်း မြင်းပွဲ၊ ချဲထီ၊ 4D, Toto စသဖြင့် ငွေနောက်လိုက်နေတုန်းဖြစ်သည်ကိုလည်း တွေ့ရသည်။ လူသားဖြစ်သောကြောင့် သခင်ယေရှုက ခွင့်လွှတ်ပါသည်။ အထူးသဖြင့် အနာဂါတ်လူငယ်များကို ဘုရားအကြောင်း သိစေရန် မိဘများက ပုံသက်သေပြရန် အထူးလိုအပ်ပါသည်။ လူငယ်များသည် ဆန့်ကျင်ဖက်လိင်များနှင့်လည်း ဖက်ရမ်းနေထိုင်သော ခေတ်ဖြစ်လာသည်။ သို့သော် သူတို့မှာလည်း နှလုံးသားရေးရာ ရှိလာသည်။ လူငယ်တဦးပြောစကားက ငွေများများသုံး၍ မိန်းကလေးချစ်စကားဆိုပါက ငွေကိုကြိုက်သော Girl Frind ရီစားပဲရမည်ဖြစ်ကြောင်း။ အချစ်စစ်မှန်ကို ရရန်လိုကြောင်း၊ TRUE LOVE   ကိုမရပဲ Money Love ပဲရမည်ဖြစ်ကြောင်း၊ လောကတွင် TRUE LOVE သည် အရေးကြီးလှကြောင်း ဆွေးနွေးမိပါသည်။ ထိုအချိန်သည် သခင်ယေရှု၏ TRUE LOVE အကြောင်းကို ပြောပြရန် အချိန်ကောင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်ကတော့ သတ်ရန်လာသော ရန်သူကိုမပြောနှင့် အိမ်မှာတွေ့သော ပိုးဟပ်ကိုပင် သုတ်သင်ပစ်ခြင်သည်။ ကြည့်မရသူဆိုလျင် ဝေးဝေးရှောင်ခြင်သည်။ သခင်ယေရှုကတော့ ခွင့်လွတ်ပြီး၊ ချစ်ခြင်းကိုပင် ပေးပါသည်။ အံ့သြဘွယ်ရာ - ဘယ်လူမှမလုပ်နိုင်ပါ။ ဘုရားဖြစ်သောကြောင့် ဤမျှ ချစ်ခြင်းမေတ္တာကြီးမားလှခြင်းဖြစ်ပါသည် တကား။


    ယုံကြည်ခြင်းဆိုသည်မှာ တဖြေးဖြေးကြီးထွားလာသည်ဟုပြောသည်။ ကျွန်န်ုပ် ယုံကြည်မှုနည်းစဉ်ကာလက သူငယ်ချင်းများပြောသော Emptiness Meditation ကိုကြိုးစားလုပ်ဆောင်ကြည့်သော်လည်း မရပါ။ ဆရာသြဂတ်စတတ်ကို ခရစ်ယာန်များ စိတ်ငြိမ်အောင် ဘာလုပ်ကြပါသလဲ မေးရာ "ကျွန်တော် ဆုတောင်းတယ်" ဟုပြောပါသည်။ ဆုတောင်းခြင်းဖြင့် ယုံကြည်မှုခွန်အားယူခဲ့ရပါသည်။

   ယုံကြည်သူမိဘများမှာ မိမိကလေး ငယ်စဉ်မွေးစကပင် အသင်းတော်ထံ ဆပ်ကပ်ခြင်း၊ ဆန်းဒေးစကူး တပတ်တခါလေးကို ရအောင်ပို့ခြင်း၊ ဗတ္တိဇံမင်္ဂလာ ပေးခြင်း၊ ညစဉ်မိသားစု ကိုးကွယ်ဝတ်ပြုခြင်း များအတူလုပ်ပေးရန် မိဘများတာဝန်ရှိပါသည်။ အထူးသဖြင့် လောကအရာများရှေ့တန်းရောက်လာသော စင်ကာပူတွင် ညတိုင်းမိသားစုဆုံဖို့ ဆိုသည်မှာ အင်မတန်ခက်ခဲလာပါသည်။ လင်မယားပင် နေ့နှင့်ည မှားနေသော စုံတွဲများရှိနေပါသည်။ အမေရိကန်၊ သြစတြေးလျား တို့တွင် အလုပ်ချိန်နည်းပြီး သက်သာမလား ထင်မိသောကြောင့် သွားရောက်လေ့လာကြည့်ရာ စင်ကာပူထက်ပင် ပိုပြီး ရုပ်ဝတ္တု၊လောကအရာများနောက် လိုက်နေကြသည်။ ဟုတ်ပါသည်။ အလုပ်ချိန်ကတော့ နည်းသော်လည်း ဇိမ်ခံ၊ အိမ်ကြီး၊ ကားကြီး နှင့် အစားအသောက်များကြောင့် အမေရိကားခရီးစဉ်မှ ပြန်လာသော ဆရာ အာသာကိုလေး ပြောသကဲ့သို့ ၀ဖြိုး၊ချိနဲ့သော ဗာရှနွားမ ကဲ့သို့ ဖြစ်နေသူများစွာကို တွေ့ရကြောင်း တရားဟောသွားခဲ့ပါသည်။ လူငယ်များအတွက် တေးဂီတဖြင့် ထာဝရဘုရားကို ချီးမွမ်းခြင်းသည် အသင်းတော်လူကြီးများ သိသော်လည်း  မတ်တပ်ရပ်နေရသည်ကို လူကြီးများက ခန္တာအင်အားမတတ်နိုင်ပါ။ ထိုအချက်မှာ Generation Gap ပင်ဖြစ်ပါသည်။ စင်ကာပူရှိ နိုးကြားသောအသင်းတော်များသည် Generation Gap ကိုလက်ခံပြီး သီဆိုချီးမွမ်း၊ကခုန်ခြင်းဖြင့် ဘုရားသခင်ကို ဒါဝိပ်မင်းကြီးကဲ့သို့ ချီမွမ်းပါသည်။

  နောက်ဆုံးအနေဖြင့်  ထာဝရဘုရားကို ယုံကြည်ခြင်းမှာ မိမိအသက်တာအတွက် ယခုဘ၀၊ နောင်ဘ၀ပါ စိတ်ချမ်းသာမှု၊ အလင်းကို ရရှိသောကြာင့် ကျွန်ုပ်သည် ထာဝရဘုရားကို ကိုးစားပါသည်။ ယုံကြည်ပါသည်။

  မိတ်ဆွေလည်း ထိုသို့သော ယုံကြည်ချက်မျိုး ရပြီးလောက်ပြီဟု မျှော်လင့်ပါသည်။ "မရသေးလျှင် သို့မဟုတ် ရပြီးလျှင်လည်း"  အနီးအနားရှိသော ဘုရားကျောင်းတခုသို့ ဖုန်းဆက်မေးမြန်းပြီး၊ တပါတ်တခါ သွားရောက်နားထောင်ပါ။ အချိန်မရှိပါက တရားခွေမှာပြီး (သို့) ဒေါင်းလုပ်ပြီး  MP3, iPod, iPhone ဖြင့် ရံဖန်ရံခါ နားထောင်ကြည့်ပါ။  ကြားနာခြင်းသည် ယုံကြည်ခြင်း၏ အစဖြစ်သလို ကယ်တင်ခြင်းစိတ်ချရန်လည်း ကြားနာနေဖို့ လိုအပ်ပါသည်။

  ဖတ်ရှုသူများအတွက် ကောင်းချီးမင်္ဂလာ ဆက်လက်ရရှိပါစေ။

  ဇော်အောင် (မုံရွာ) 

 

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Tuesday, 18 August 2009 19:56 )  

နေ့စဉ်ခွန်အား

မတ်ဆွေညီအစ်ကို မောင်နှမများခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တနေချင်းဆီ ရိုက်နှိပ်တင်ဆက်လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 36 guests online

ဆန္ဒမဲလေး ပေးရအောင်(၂)

ဝိညာဉ်သစ် မဂ္ဂဇင်း
 

ကာတွန်းများ

Swine flu ၀က်တုပ်ကွေး

ိိိ်

သူငယ်ချင်းတို့.......ကြက်တွေမှာ ကြက်တုပ်ကွေး ရောဂါရှိတယ်၊ နွားတွေမှာ နွားရူး ရောဂါရှိတယ်၊

ဒီမှာ-ငါပြောမယ်..... ငါတို့ကို ကျေးဇူးတော် ချီးမွမ်းခြင်း(Thanks Giving)တွေ မှာ တော်တော်များများ ဆက်ပြီး အသုံးချ နေမယ် ဆိုရင် ငါတို့မှာ ကိုယ်ပိုင်ရောဂါ ရှိဖို့ လိုနေပြီကွ!!!!

စာရင်းဇယား

Content View Hits : 259913