Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Thursday
Mar 11th
Home စာစောင် နှလုံးသားအိမ်မှ စာစုများ(၁၂)

နှလုံးသားအိမ်မှ စာစုများ(၁၂)

E-mail Print PDF

ကျေးဇူးတော်ချီမွမ်းခြင်း သီချင်းသံ 

ထိုအခါ မောရှေနှင့် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား သီချင်းဆိုသော စကားဟူမူကား၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲ ခံတော်မူသည် ဖြစ်၍ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားဖြစ်တော်မူ၍ ထောပနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်ဖြစ်တော်မူ၍ ငါ ချီးမြှောက် ပါမည်။  ထွက် ၁၅၊ ၁-၂

ဂျူးလူမျိုးများ၏ ဒဏ္ဍရီလေးတစ်ခုတွင် ဖော်ပြထားသည်မှာ ကမ္ဘာဦးအစ၌ ဘုရားသခင်သည် ဖန်ဆင်းခြင်း အလုံးစုံ ပြီးပြည့်စုံသောအခါ သူ၏ကောင်းကင်တမန်အားလုံးကို ခေါ်၍ သူ၏ဖန်ဆင်းခြင်း အလုံးစုံအပေါ် မည်သို့ထင်မြင်ကြောင်း သုံးသပ်စေသောအခါ ကောင်းကင်တမန်တစ်ပါးက - ဖန်ဆင်းခြင်း အရှင်ကို ကျေးဇူးတော် ချီးမွမ်းသော အသံတစ်ခု လိုကြောင်း ဟူ၍ သုံးသပ်လေသည်။ထိုအချိန်မှစ၍ ဘုရားသခင်သည် သီချင်းကို ဖန်းဆင်းလေ၏။ ထိုသီချင်းသံများကို လေပြေလေညှင်းများ တိုက်ခိုက်သောအခါ၊ ငှက်ကလေးများ တွန်ကျူးသောအခါ၊ လူသားအဆက်ဆက်တို့၏ သီဆိုသော သီချင်းသံများမှ ကြားခဲ့ရလေသည်။ ထိုအချိန်မှစ၍ ပေါ်ပေါက်ခဲ့သော လူသားအဆက်ဆက် သီကျူးခဲ့သည့်  သီချင်းအားဖြင့် များစွာသော ၀ိညာဉ်တို့သည် ကောင်းချီး ခံစားခဲ့ရကြောင်း ဟူ၍ ဖော်ပြပါရှိလေသည်။

အထက်ဖော်ပြပါကျမ်းသည် ဣသရေလ လူမျိုးများ၏ အဲဂုတ္တု လူတို့အပေါ် အောင်မြင်မှုကို ဖော်ကျူးထားသော သီချင်းဖြစ်လေသည်။ ထိုသီချင်းသည် သူတို့အပေါ် ဘုရားရှင် ပြုခဲ့သော မေတ္တာ၊ ကွယ်ကာမှု နှင့် ကျွန်ဘ၀မှ လွတ်မြောက် ချမ်းသာ ပေးမှုကို ဖော်ဆောင်သော ကျေးဇူတော် ချီးမွမ်းသီချင်း ဖြစ်လေသည်။ ဘုရားသခင်သည် သူတို့၏ အစွမ်းသတ္တိ၊ သီဆိုရာ သီချင်း၊ သူတို့ကို ကယ်တင်ရာ ကယ်တင်ခြင်း ဖြစ်လေ၏။ သူတို့အတွက် အောင်နိုင်မှုကို ဘုရားရှင် ဆောင်ခဲ့လေသည်။

ဘုရားသခင်သည် ၀မ်းနည်း ပူဆွေးခြင်းကို သီချင်းအဖြစ် ပြောင်းလဲစေခဲ့လေသည်။ဆုတောင်းခြင်းကို ကျေးဇူးတော် ချီးမွမ်းခြင်း အဖြစ် ပြောင်းလဲစေသည်။ အဆက်မပြတ် ကျေးဇူးတော် ချီးမွမ်းခြင်းကို အဆက်မပြတ် အောင်ပွဲခံစေပါသည်။

ဘုရားရှင် - ကျေးဇူးတော် ချီမွမ်းခြင်း သီချင်းသည် ကျွန်ုပ် နှလုံး နှင့် လျှာ၏ အသီး ဖြစ်စေပါ။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်း၊ သီဆိုရာသီချင်း နှင့် ခွန်အားဖြစ်ပါသည်။

ဟာလေလုယာ အာမင်။

အမှုတော်မြတ်၌

စောသြဂတ်စတတ်

 

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Monday, 01 February 2010 19:55 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 6 guests online

ဆန္ဒမဲလေး ပေးရအောင်(၁)

JBCS Blog
 

စာရင်းဇယား

Content View Hits : 260768