Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Friday
Mar 12th
Home စာစောင် နှလုံးသားအိမ်မှ စာစုများ(၁၁)

နှလုံးသားအိမ်မှ စာစုများ(၁၁)

E-mail Print PDF

ပြည့်ဝသော ထာဝရ ပျော်ရွှင်မှု

ယော ၁၆း၂၂ ထို့နည်းတူ ယခုတွင် သင်တို့သည် ၀မ်းနည်းခြင်း ရှိကြသော်လည်း၊နောင်တဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံး ၀မ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှာ မတတ်နိုင်။

ကျမ်းမာသန်စွမ်းသော ကလေးမွေးပြီးသူ မိခင်တိုင်း၌ ၀မ်းမြောက်ခြင်း ကြီးမားလေသည်။ သားဖွားခြင်း၏ နာကျင်မှု ဝေဒနာ အားလုံး အတိတ်၌ ကျန်ရစ်တော့သည်။ သူမ၏ လက်မောင်းတွင် မှေးပြီး အိပ်ပျော်နေသော ရတနာလေး(အသက်တာ အသစ်)က ထိုဝေဒနာ အလုံးစုံကို ချေဖျက်သွားတော့သည်။

လူသားတိုင်း၏ အသက်တာ၌ နာကျင်မှု ဒုက္ခဝေဒနာများ ကိုယ်စီရှိလေသည်။ သို့သော် ယေရှု ခရစ်တော်က ၀မ်းမြောက်ခြင်း နှင့် အသက်တာသစ်ကို ယူဆောင်ခဲ့လေသည်။ ယေရှု ခရစ် ထံမှ ၀မ်းမြောက်ခြင်းသည် အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှာ မတတ်နိုင်သော ထာဝရ ၀မ်းမြောက်ခြင်း(း၂၂) နှင့် စုံလင်ပြည့်စုံသော ၀မ်းမြောက်ခြင်း(း၂၄) ဖြစ်လေသည်။ လောက၀မ်းမြောက်ခြင်းသည် လောက၏ ဖြစ်ပျက်နေမှုများပေါ်တွင် မှုတည်လေသည်။ သုခနှင့် တွေ့လျင် ၀မ်းမြောက်မည်။ ဒုက္ခနှင့် တွေ့လျင် သောက ရောက်မည်။ ခရစ်ယာန်တို့၏ ၀မ်းမြောက်ခြင်းသည် ဖြစ်ပျက်နေမှုများပေါ်တွင် မတည်နေ။ ခရစ်တော်သည် မည်သူဖြစ်ကြောင်း၊ ကျွန်ုပ်တို့အတွက် သူဘာပြုနေခဲ့ကြောင်း ပေါ်တွင် မူတည်လေသည်။ အခြေအနေတို့သည် အမြဲ ပြောင်းလဲနေသည်။ သို့သော် ယေရှုခရစ်သည် ဘယ်သောအခါမျှ ပြောင်းလဲခြင်း မရှိပေ။ (ဟေ ၁၃း၈)။ သူပေးသော ၀မ်းမြောက်ခြင်းသည် ထာဝရ ဖြစ်သည်။ မည်သည့် လူသား မည်သည့် အခြေအနေကမျှ ကျွန်ုပ်တို့ထံမှ မလုယူနိုင်ပေ။ ထိုပြည့်ဝသော ပျော်ရွှင်ဝမ်းမြောက်ခြင်းသည် သခင်ယေရှုခရစ်နှင့် ကျွန်ုပ်တို့ တစ်ဦးခြင်းတို့၏ မိဿဟာရ ပေါ်တွင်သာ မူတည်လေသည်။

မွေးလာသော ကလေးတိုင်းကို မိခင်တိုင်းက လက်ခံချင်မှ လက်ခံမှာ ဖြစ်သည်။ သေချာသည်မှာ မွေးလာသောကလေးကို လက်ခံသော မိခင်သည် ဝေဒနာသက်သာ၍ အပျော်ရွှင်ဆုံး လူသားဖြစ်လေသည်။ ထို့အတူ ယေရှု ခရစ်ကို မိမိကယ်တင်ပိုင်ရှင် အဖြစ် လက်ခံသော သူသည် ဤလောကတွင် ဒုက္ခအပေါင်းနှင့် ပြည့်နေလင့်ကစား အပျော်ရွှင်ဆုံး လူသားပင် ဖြစ်လေတော့သတည်း။

ပြည့်ဝပျော်ရွှင်သော လူသားတစ်ဦး ဖြစ်ပါစေ ဟု ဆန္ဒပြုရင်း

အမှုတော်မြတ်၌

စောသြဂတ်စတတ် 

 

 

 

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Wednesday, 27 January 2010 09:19 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 9 guests online

ဆန္ဒမဲလေး ပေးရအောင်(၁)

JBCS Blog
 

ကာတွန်းများ

ဆား

SARS and salt

စာရင်းဇယား

Content View Hits : 261057