Judson Baptist Church Singapore

ဝိညာဉ်တော်ဆင်းသက်ကြွလာ အသင်းတော်ရှင်သန်စေပါ။

Saturday
Mar 13th
Home စာစောင် ဆာလံ ၁၅၀ ချီးမွမ်းခြင်း

ဆာလံ ၁၅၀ ချီးမွမ်းခြင်း

E-mail Print PDF

ချီးမွမ်းခြင်း - တီးမှုတ်၊ကခုန်၊သီဆိုကျူးဧခြင်း

  စင်ကာပူတွင် အသင်းတော်ကြီး ၃ခု Mega Church ရှိပါသည်။ နိုးကြားထကြွသောအသင်းတော်သည် လူငယ်အင်အားကို အထူးအားပေးသောကြောင့် ထိုအသင်းတော်ကြီးများသည် လူပေါင်း သောင်းနှင့်ချီသော ၀တ်ပြုကိုးကွယ်ခြင်းများ အပတ်စဉ် တနင်္ဂနွေနေ့တွင် ၃ကြိမ်ခန့် ၀တ်ပြုကိုးကွယ်ကြပါသည်။ စင်ကာပူ SINGLISH စကားပြောသူများအတွက် English Worship အဓိကထားသော်လည်း အခြား တရုပ်၊ ဖိလစ်ပင်း၊ အင်ဒိုနီးရှား အစီအစဉ်များလည်း ရှိပါသည်။

   New Creation Church (Suntec City), FCBC Faith Community Baptist Church and City Harvest Church (Singapore Expo) ဒီ အသင်းတော်၃ခုကတော့ လူပေါင်းသောင်းနဲ့ချီပြီး စင်ကာပူမှာ ကျော်ကြားတဲ့အပြင် ကမ္ဘာအနှံ့ စင်ကာပူမှတဆင့် ရောက်သွားတဲ့ အသင်းသားများရဲ့ နိုးကြားမှုကြောင့် နိုင်ငံတကာမှာလည်း လူသိများပါတယ်။ အထူးသဖြင့် Pastor Prince (New Creation Church) ရဲ့ တရားဒေသနာများကို အမေရိကားက Gospel Channel မှာ အပတ်စဉ် TV လွှင့်ထုတ်ပေးတာ တွေ့ရပါတယ်။ အမေရိကားမှာလည်း နိုးကြားတဲ့ အသင်းတော်များစွာရှိပေမဲ့ ကိုးရီးယားအသင်းတော်များကတော့ လက်ရှိအနိုးကြားဆုံးလို့ ပြောရပါမယ်။

   ဘုရားသခင်က အသင်းတော်ကို ကြီးရမယ်၊ ငယ်ရမယ်၊ လူ၁၀၀ထက်မပိုစေနဲ့၊ လူသောင်းနဲ့ချီရမယ် ... ကျမ်းစာမှာမရေးထားပါဘူး။ လူတွေက မြင်ရသောအရာကို ဦးစားပေးတတ်တဲ့ ဗီဇသဘောကြောင့် မိမိကိုယ်ကိုယ် ကြီးမားစေချင်တဲ့သဘောရှိပါတယ်။ ဒါပေမဲ့ ဒီအသင်းတော်ကြီးတွေမှာ ဘုရားကို နံပါတ်၁ ဖြစ်နေတဲ့ သီဆိုချီးမွှမ်းခြင်းကို ဖေါ်ပြချင်လို့ ဒီစာတိုလေးကို ရေးရခြင်းဖြစ်ပါတယ်။

   သီဆို၊ကခုန်၊တီးမှုတ် ချီးမွှမ်းခြင်းကို ဓမ္မဟောင်း အထူးသဖြင့် ဒါဝိပ်မင်းကြီးခေတ် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်ကတည်းက ကျမ်းစာမှာရေးသားထားပါတယ်။ ဆာလံကျမ်းကိုလည်း ဆာလံ ၁၊  လူဆိုး၊မတရား၊မထီမဲ့မြင်လူများနဲ့ ဝေးအောင်နေခြင်းကို စတင်ရေးသားထားပြီး ...  ဆာလံ ၁၅၀၊ သီဆို၊တီးမှုတ်၊ကခုန် ချီးမွှမ်းခြင်းနဲ့ အဆုံးသတ် ရေးထားပါတယ်။

ဆာလံကျမ်း ၁၅ဝ         ၁သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့၊၊ ဘုန်းတော်ထင်ရှားသော ကောင်းကင်မျက်နှာ ကြက်ပေါ်မှာ ချီးမွမ်းကြလော့၊၊ ၂ထူးဆန်းသော တန်ခိုးတော်များကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလော့၊၊ အလွန် တရာ ကြီးမြတ်တော်မူခြင်းရှိသည်အတိုင်း၊ ချီးမွမ်းကြလော့၊၊ ၃တံပိုးမှုတ်ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့၊၊ တယောနှင့်စောင်းကိုတီးလျက် ချီးမွမ်းကြလော့၊၊ ၄ပတ်သာတီးလျက်၊ ကခုန်လျက် နှင့် ချီးမွမ်းကြလော့၊၊ ကြိုးနှင့်ပြည့်စုံ သော တုရိယာကို တီးလျက် နှဲခရာကို မှုတ်လျက် ချီးမွမ်းကြလော့၊ ၅အသံကျယ်သော သံလွင်ကို တီးလျက် ချီးမွမ်း ကြလော့၊၊ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့၊၊ ၆အသက်ရှိသောသူအပေါင်း တို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ ၊၊ ဟာလေလုယ၊၊

ဒါဝိဒ်မင်းကြီးနှင့် ရှင်အာသပ်အစရှိသော ပရောဖက်များတို့သည် စီရင်ရေးထားသော

ဆာလံကျမ်းပြီး၏

   စင်ကာပူက အသင်းတော်များ စုပေါင်းပြီး သီဆိုချီးမွှမ်းခြင်း Festival of Praise F.O.B ကို လွန်ခဲ့သော ၃နှစ်ကစတင်ပြီး ၆လတကြိမ်း ကိုးစား၊ဆုတောင်း လုပ်ဆောင်ခဲ့တာ လူငယ်များက အဓိက အခန်းမှာ ပါဝင် သီဆို၊တီးမှုတ်၊ကခုန် ကြပါတယ်။ လူကြီးများက စပျစ်နွယ်၊သံလွင်ပင်များကဲ့သို့ ၀န်းရံ ပံ့ပိုး ပါဝင်အားပေး၊ နားဆင်ရင်း ၀တ်ပြုကိုးကွယ်ခဲ့ကြပါတယ်။  ကျေးဇူးတော် သက်သက်ပင်ဖြစ်ပါတယ်။
 
    အသင်းတော်မှာ လူငယ်များ သီဆို၊တီးမှုတ်၊ကခုန် ချီးမွမ်းကြတာကို အပတ်စဉ်ပြုလုပ်ခြင်းဟာ ၂၁ရာစု အသင်းတော် နိုးကြားခြင်းရဲ့ အဓိကလုပ်ငန်းဖြစ်နေပါပြီ။ လူငယ်များ အသင်းတော်နဲ့ ဝေးရာကို ပြေးချင်စိတ် ပေါက်နေတဲ့ ၂၁ရာစု အလွန်လျှင်မြန်တိုးတက်နေတဲ့ (Materialized Age) ကွန်ပြုတာ၊ အင်တာနက် ခေတ်ကြီးမှာ သီဆိုချီးမွမ်း၊ကခုန်ခြင်းနဲ့ပဲ လူငယ်များနဲ့ ငယ်ရွယ်သူများကို ဘုရားသခင်ရဲ့ ကြီးမြတ်ခြင်း၊ ကောင်းမြတ်ခြင်း၊ အံ့သြဘွယ်ရများ၊ ဖန်ဆင်းခြင်းများကို ပြောပြခြင်းဟာ မလွဲမရှောင်သာ လုပ်ငန်းတခုဖြစ်လာပါတယ်။ စင်ကာပူ ယုဒဿန်အသင်းတော် လူငယ်များရဲ့ လစဉ်ပထမအပတ် စနေညတိုင်း ၇နာရီခွဲမှာ သီဆိုချီးမွှမ်းခြင်း ဦးဆောင် ချက်ပြုတ်ကြွေးမွေး၊တီးမှုတ်၊ကခုန်၊သီဆို၊ တရားဒေသနာဟောကြား၊ ပါဝင်ဆင်နွှဲသူများကို အထူးလေးစားပါတယ်။ လူငယ်များ ကြိုက်တဲ့ Retreat ရက်ရှည် Camping များလည်း လုပ်ဆောင်ရင်း ချီမွမ်းခြင်း သီဆို၊တီးမှုတ်၊ ကခုန်ခြင်းအားဖြင့် ဆည်းကပ်နေတဲ့ လူငယ်များကို အားပေး၊ဂုဏ်ပြုပါတယ်။


   ဆာလံ ၁၅၀  ချီးမွမ်းခြင်းအားဖြင့် အသင်းတော်များ ဘုန်းတော် ထင်ရှားပါစေ။

The End....
Ref:  Singapore 2009 Festival of Praise video 
http://www.youtube.com/watch?v=5wXXKQIZIoo
 

JavaScript is disabled!
To display this content, you need a JavaScript capable browser.

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy
Last Updated ( Monday, 14 September 2009 19:42 )  

နေ့စဉ်ခွန်အား

မိတ်ဆွေ ညီအစ်ကို မောင်နှမများ ခင်ဗျား။

မတ်လ ၁၀ ရက်မှစ၍ နေ့စဉ်ခွန်အားကို ရရှိပါသဖြင့်

တစ်နေ့ ချင်းဆီ ရိုက်နှိပ် တင်ဆက် လိုက်ပါသည်။

မကြာမှီ တစ်လလုံးစာ ရရှိမည် ဖြစ်ပါကြောင်း။

JBCS Media Group

JBCS Weekly Sermons MP3 player

Myanmar Gospel Songs MP3 Player

Live Support

LiveZilla Live Help

ဖတ်စရာများ

 

ကျွန် တော် နှင့် ကို ထူး ဆန်း

တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သိ...

 

မိုး ပေါ် မှာ ကြယ် တ လုံး

ဒီ ဇင် ဘာ လ ရောက် လာ ပြန် ပြီ ပေါ့။ လှ ပ လွန်း တဲ့ ခ ရစ် စ မတ် သစ် ပင် တွေ ကို စ ...

 

အမေရိကန်မှ ချင်းလူမျိုးများ (တူဆာ၊ ဆန်ဖရန်စစ္စကို) Chin Nationality in USA

    http://www.chincommunity.org/    ...

Online ရှိနေသူများ

We have 18 guests online

ဆန္ဒမဲလေး ပေးရအောင်(၁)

JBCS Blog
 

ကာတွန်းများ

အပေး နဲ့ အယူ

စာရင်းဇယား

Content View Hits : 261457