
14-May-2009 Woodlands Cell Group - Worship Team
အသင်းတော် ၀ိညာဉ်အင်အား ကြီးထွားခြင်းနှင့် Cell Groups
ယုဒသန်နှစ်ခြင်းအသင်းတော် (စင်ကာပူ) ကြော်ငြာစရာများကို အပတ်စဉ် အတွင်းရေးမှုးမှ၎င်း၊ သင်းအုပ်ဆရာ၏ ဆုတောင်းပဌနာတော်အားဖြင့်၎င်း တင်ပြလေ့ရှိပါသည်။
၂၀၀၉ အတွက် အဓိက ဆုတောင်းချက်များဖြင့် Cell Groups တနည်းအားဖြင့် အိမ်ထောင်စည်းဝေးများ စင်ကာပူတ၀ှမ်းတွင် ဧပြီ၊မေလမှ စတင်လုပ်ဆောင်နိုင်ခဲ့ပါသည်။ ယခင်လုပ်နေကျ ဆုတောင်း၊၀တ်ပြုပွဲများလည်း ဆက်လက်လုပ်ဆောင်လျှက် အိမ်နီးစပ်ရာ ယုံကြည်သူများ Week Days ညအချိန်တွင် ဆရာသြဂတ်စတတ် နှင့် ဆရာမျိုးသူ တို့မှ ဦးဆောင် အစပျိုးကြပါသည်။
Cell Groups များပြု ပုံမှန်ပြုလုပ်ပေးခြင်းအကျိုးကျေးဇူးများစွာအနက်
၁။ ယုံကြည်သူများ အထူးသဖြင့် တနင်္ဂနွေဘုရားကျောင်း လာချင်လျက်မလာနိုင်သူများ ကိုကွယ်ဝတ်ပြုနိုင်ခြင်း။
၂။ ယုဒသန်အသင်းတော် တနင်္ဂနွေဘုရားရှိခိုးရာတွင် အချိန်သိပ်မရသောကြောင့် သက်သေခံခြင်း၊ အထူးဆုတောင်းပေးခြင်း၊ မိတ်သဟာရပြုခြင်း၊ ကျမ်းစာ အပြန်အလှန်ဆွေးနွေးခြင်းများ မလုပ်နိုင်သော်လည်း Cell Group ၀တ်ပြုကိုးကွယ်ခြင်းတွင် လူဦးရေနည်းနည်းဖြင့် ရင်းနှီးစွာအတူလုပ်ဆောင်နိုင်ပါသည်။
၃။ မိမိအိမ်နီးနားခြင်းများလည်း ခရစ်တော်၏ နာမတော်အောက်တွင် အတူး ၀တ်ပြုကိုးကွယ်ရင်း ယုံကြည်သူအချင်းချင်း လိုအပ်သော၊အကူညီ၊ အကြံဥာဏ်များကို ရရှိနိုင်ခြင်း .. စသဖြင့် ကောင်းကြီးမင်္ဂလာများစွာရနိုင်ပါသည်။
အိမ်ရှင်အတွက် ကျွေးမွေးခြင်း ၀န်ထုတ်ဝန်ပိုး မဖြစ်စေရန်အတွက် မြန်မာပီပီ၊ ရေနွေးကြမ်း၊ ကော်ဖီ၊ ချိုချင်လောက်သာ ဧည့်ခံရန်လည်း တိုက်တွန်းပါသည်။ ခန္တာအင်အားအတွက်ထက် ၀ိညာဉ်ခွန်အားကို အဓိကထားရန်ဖြစ်ပါသည်။
ပြီးခဲ့သော မေလ Cell Group များမှာ
Bedok
၅-မေလ-၂၀၀၉ ည ၇း၃၀ (Every 1st Tuesday)
Blk 35, #16-425, Bedok South Ave 2, Tel: 9661 6835
ကိုဆိုင်မွန်နှင့် မိသားစုအိမ် (ဦးဆောင်သူ - ကိုဆိုင်မွန် နှင့် ကိုထိုက်ထိုက်)
Bukit Panjang
၁၂-မေလ-၂၀၀၉ ည ၇း၃၀ (Every 2nd Tuesday)
Blk 535, #04-814, Bukit Panjang Ring Road (Sanja LRT Station), Tel 6400 8179
ကိုညီဝင်းနိုင် နှင့် နော်သဲသဲ မိသားစု နေအိမ် (ဦးဆောင်သူ - နောဂျုနီးတာ နှင့် စောခရစ်စတိုဖာ)
Woodlands
၁၄-မေလ-၂၀၀၉ ည ၇း၃၀ (Every 2nd Thursday)
Blk 668A, #10-24, Woodlands Drive 75 (Admirity MRT)
ကိုဝဏ္ဍကျော်၊ ကိုဥက္ကာမင်းလွင်၊ မသုမာလာ မိသားစု နေအိမ် (ဦးဆောင်သူ - ဆရာမ လားထူး နှင့် ကိုမင်းအောင်သက်လွင်)
Taman Jurong
၂၆-မေလ-၂၀၀၉ ည ၇း၃၀ (Every 4th Tuesday)
Tah Ching Road, (Near Lake Side MRT Satation), Tel 6264 1858
ဦးဆွပ်ဒိုထောင် နှင့် ဒေါ်အေးအေးလွင် မိသားစု နေအိမ် (ဦးဆောင်သူ - ဦးဆွတ်ဒိုထောင် နှင့် ကိုဇော်ကြီး)
Boon Lay
၂၉-မေလ-၂၀၀၉ ည ၇း၃၀ (Every Last Friday)
Blk 208, #03-167, Boon Lay Place, Tel; 6261 6305
စောကပေါထူး နှင့် မပုလဲ မိသားစု နေအိမ် (ဦးဆောင်သူ - ဒေါ်ခင်ခင်ညွန့် နှင့် ...)
နောက်လ (ဇွန်လ) တွင် ပြုလုပ်ရန်ရှိသော Cell Group ၀တ်ပြုကိုးကွယ်မည့် နေအိမ်များမှာ
Bedok
၂ - ဇွန်လ-၂၀၀၉ ည ၇း၃၀ (Every 1st Tuesday)
Bedok South Ave 2, Tel 2003 7415
ကိုနေ၀င်းထူး နှင့် မ၀င်းဝင်းဟန် မိသားစု နေအိမ်
ကိုဆိုင်မွန်နှင့် မိသားစုအိမ် (ဦးဆောင်သူ - ကိုဆိုင်မွန် နှင့် ကိုထိုက်ထိုက်)
Bukit Panjang
၉-ဇွန်လ-၂၀၀၉ ည ၇း၃၀ (Every 2nd Tuesday)
Blk 175, #11-51, Bukit Panjang Plaza , Tel 6400 8179
ကိုအောင်သူ နှင့် နောဂျူနီးတာ မိသားစု နေအိမ် (ဦးဆောင်သူ - နောဂျုနီးတာ နှင့် စောခရစ်စတိုဖာ)
Admirity / Woodlands
၉-ဇွန်လ-၂၀၀၉ ည ၇း၃၀ (Every 2nd Thursday)
Blk 668A, #10-24, Woodlands Drive 75 (Admirity MRT)
စောဝေနေထူး နှင့် ဆရာမ လားထူး မိသားစု နေအိမ် (ဦးဆောင်သူ - ဆရာမ လားထူး နှင့် ကိုမင်းအောင်သက်လွင်)
Hougang
၁၆-ဇွန်လ-၂၀၀၉ ည ၇း၃၀ (Every 3rd Tuesday)
Hougang St 51, Tel: 6386 4876
ကိုမင်းဇေယျာထွန်း နှင့် မကေသီ မိသားစု နေအိမ် (ဦးဆောင်သူ - ......)
Taman Jurong
၂၆-ဇွန်လ-၂၀၀၉ ည ၇း၃၀ (Every 4th Tuesday)
Blk 321, 304-78, Tah Ching Road, Near Lakeside Station), Tel: 6264 1858
ဦးဆွပ်ဒိုထောင် နှင့် ဒေါ်အေးအေးလွင် မိသားစု နေအိမ် (ဦးဆောင်သူ - ဦးဆွတ်ဒိုထောင် နှင့် ကိုဇော်ကြီး)
Boon Lay
၂၉-မေလ-၂၀၀၉ ည ၇း၃၀ (Every Last Friday)
Blk 208, #03-167, Boon Lay Place, Tel; 6261 6305
စောကပေါထူး နှင့် မပုလဲ မိသားစု နေအိမ် (ဦးဆောင်သူ - ဒေါ်ခင်ခင်ညွန့် နှင့် ...)
အသင်းတော်၏ ကြော်ငြာခြင်းအချို့
၁။ ဇွန်လ ၁၃၊ ၁၄ စနေ၊တနင်္ဂနွေ ၂ည (ည၇နာရီ) ၆လတကြိမ် စင်ကာပူမှ မြန်မာအသင်းတော်များ စုပေါင်းလုပ်ဆောင်သော ချီမွမ်းခြင်းပွဲတော် သီဆိုချီးမွမ်းခြင်းနှင့် ကိုးကွယ်ဝတ်ပြုခြင်း Cornerstone Church 11 East Coast Road, The Odeon-Katong, Singapore ရှိပါသည်။ မြန်မာပြည်မှ ဆရာဂွဲ့ထူး လာရောက် သင်ကြားဦးဆောင်ပေးမည်ဖြစ်ပါသည်။
၂။ ဇွန်လ ၇ရက် တနင်္ဂနွေ မနက်ပိုင်းတွင် East Coast ပင်လယ်ကမ်းခြေတွင် အသင်းတော် နှစ်ခြင်းမင်္ဂလာပေးပွဲရှိပါသည်။
၃။ ဇွန်လ ၁၄ရက် တနင်္ဂနွေ တွင် ဆရာကြီးယုဒသန်အထိမ်းအမှတ် ယုဒသန်နေ့ တိုင်းရင်းသားအသင်းတော်များကို ဖိတ်ခေါ်ပြီး သီဆိုချီးမွမ်းခြင်း အစီအစဉ်ရှိပါသည်။
၎။ အပါတ်စဉ် ကျမ်းစာဆွေးနွေးခြင်းနှင့် အသင်းတော် အိမ်ထောင်ကိုးကွယ်ဝတ်ပြုခြင်းကို စနေနေ့တိုင်း ည ၇း၃၀ တွင် ပြုလုပ်ပါသည်။ ၃၀-မေလ-၂၀၀၉ တွင် ဆရာအောင်နိုင် နှင် မိသားစုအိမ် Blk 669A, #02-86 Jurong West St 64 Tel: 6794 8113 တွင်ပြုလုပ်ခဲ့ပါသည်။ ဆရာမျိုးသူမှ ဦးဆောင်ပြီး ကျမ်းစာပို့ချပြီး သင်းအုပ်နှင့်အသင်းသားများက အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
၅။ ယုဒသန်မြန်မာနှစ်ခြင်းအသင်းတော်မှ ပထမဆုံးတာဝန်အပြည့်အ၀ယူပြီး မြန်မာနိုင်ငံမှ "၀" လူမျိုး ဆရာမ စန်စန်း ကို ၃ နှစ် မာစတာပရိုဂရမ် ပြီးဆုံးကာ Graduation အခန်းအနားကို စင်ကာပူနှစ်ခြင်းအဖွဲ့ချုပ် ကျမ်းစာသင်ကျောင်း Baptist Theological Seminary မှ M.Div မေလတွင် ကိုပေးအပ်ခဲ့ပါသည်။ လာရှိုးမြို့မှ "၀" ကျမ်းစာကျောင်းအုပ် ဆရာကျော်နိုင်ဝင်း လာရောက်တက်ရောက်နိုင်ခဲ့ပြီး ယုဒသန်အသင်းတော် "၀" ကျမ်းစာသင်တန်း ဆရာအိုင်နပ် နှင့် ဆရာမ စန်းစန်းတို့အတွက် ကျေးဇူးတင်စကားပြောကြားရင်း ၂၄-မေလ-၂၀၀၉ တနင်္ဂနွေ ၀တ်ပြုပွဲတွင် တရားရေအေးတိုက်ကြွေးသွားခဲ့ပါသည်။
၆။ အသင်းတော်၏ အဆောင်အဦးတွင် ပုံမှန်ဝိညာဉ်ရေးရာ လုပ်ဆောင်ချက်များမှာ ဗုဒ္ဓဟူးညတိုင်း လူငယ်များ သီဆိုချီးမွမ်းခြင်း၊ အသင်းတော် Pastor နှင့် အတူ ဆုတောင်းခြင်း။ သောင်္ကြာညတိုင်း တနင်္ဂနွေဝတ်ပြုပွဲအတွက် ကွာရာ လေ့ကျင့်ခြင်း၊ စနေညတိုင်း ကျမ်းစာလေ့လာခြင်း နှင့် ဗုဒ္ဓဟူးနေတွင် အသင်းအဆောက်အဦအတွက် သတိရဆုတောင်းခြင်းများဖြစ်ပါသည်။
အသင်းတော်သို့ ဆက်သွယ်ရန်။ သင်းအုပ်ဆရာ ၉၈၄၂ ၁၃၂၃။ ဆရာမျိုးသူ ၉၀၀၆၈၉၁၂။ ဥက္ကဌ ၉၀၆၀ ၀၈၃၄။ အတွင်းရေးမှုး ၉၃၆၂ ၈၄၈၆ Website: http://jbcs.org.sg Web Publishing: http://jbcs.org.sg/rbc
The End...
1-June-2009

written by Nunu Poe, January 13, 2010
| < Prev | Next > |
|---|





